Friday, August 11, 2017

ဟိုင်းကြီးကျွန်းမြို့နယ်​တွင် ​ဝေလငါး အ​သေတကောင် ​​တွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းက ဇီးချိုင်ရွာ ငွေတောင်ကမ်းခြေမှာ သြဂုတ် ၁၁ ရက် မနက်က ဝေလငါးအသေတကောင်ကို ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။ ငါးသေကြီးရဲ့ ဦးခေါင်းပိုင်းနဲ့ ကိုယ်ထည်ပိုင်းက သီးခြားစီဖြစ်နေပြီး ဦးခေါင်းပိုင်းအရိုးတွေက လူတရပ်နီးပါးလောက်ရှိကာ ကိုယ်ပိုင်းကတော့ ပေ ၂၀ လောက် ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

No comments:

Post a Comment