Friday, August 11, 2017

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခြိမ်းခြောက်ခံရသည့် ဖြစ်စဉ်များ ရှိနေကြောင်း ကိုမင်းကိုနိုင် ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတားအဆီး များအပြင် ခြိမ်းခြောက်ခံရသည့်ဖြစ်စဉ်များ ရှိနေရကြောင်း (၂၉)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအခမ်းအနားတွင် ကိုမင်းကိုနိုင်က ပြောဆိုလိုက်သည်။ ထို့အပြင် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး၏ ရလဒ်အနေဖြင့် ဒီမိုကရေစီ ခရီးလမ်းသို့ လျှောက်လှမ်းစပြုနေသော်လည်း ရာခိုင်နှုန်းအပြည့် ရောက်ရှိသေးခြင်းမရှိ ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ''အခြေခံဥပဒေပြင်ဆင်ရေးလို့ ပြောလိုက်တာနဲ့ ခြိမ်းခြောက်မှုတွေ၊ အတားအဆီး တွေ ကျွန်တော်တို့ တွေ့ရလိမ့်မယ်။ အခြေခံဥပဒေ ဘာလို့ပြင်ရမလဲဆိုတော့ ဒီမိုကရေစီ အပြည့်မရလို့။ ဒါတွေကို ပြောလိုက်တာနဲ့ ဘာဖြစ်လာလဲဆိုတော့ နေ့ခင်းကြောင်တောင် မြို့လယ်ကောင်မှာတောင် သေနတ်နဲ့ပစ် ခြိမ်းခြောက်တာမျိုး၊ ဟိုနားက ဒီနားက လက်နက်အားကိုးနဲ့ ခြိမ်းခြောက်တာကို တွေ့ရပါလိမ့်မယ်''ဟု ကိုမင်းကိုနိုင်က ပြော သည်။
ယင်းအပြင် တိုင်းရင်းသားညီညွတ် ရေးလုပ်ငန်းစဉ်များသာမက တရားဥပဒေ စိုးမိုးရေးလုပ်ငန်းစဉ်များကိုလည်း ဆောင် ရွက်ရမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းစစ် များ ရပ်တန့်နိုင်မှသာလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း ပြောသည်။ ငြိမ်းချမ်း ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှသာလျှင် ဒီမိုကရေစီပန်းတိုင် ဆီသို့ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။


''လက်နက်ကိုင်ပြီးတော့ တစ်နည်းနည်းနဲ့ပဲဖြစ်ဖြစ်၊ ယူနီဖောင်း ဝတ်ဝတ် မဝတ်ဝတ် ဘယ်အင်္ကျီ ဘယ်အဝတ်အစားနဲ့ပဲဖြစ်ဖြစ် လက်နက်နဲ့တော့ မခြိမ်းခြောက်ပါနဲ့။ ကျွန်တော် တို့ပြည်သူတွေ လမ်းပေါ်မှာ ပေးခဲ့တဲ့ စတေးခဲ့တဲ့ သက်သေပြခဲ့တဲ့ သွေးတွေ မခြောက် သေးဘူးဆိုတာ ပြောချင်ပါတယ်''ဟု ကိုမင်းကိုနိုင်က ဆက်လက်ပြောဆိုခဲ့သည်။ (၂၉)နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယသာသနာ့ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ခြင်းသည်။

No comments:

Post a Comment