Friday, August 11, 2017

ငလျင်ဒဏ်ခံခဲ့ရသည့် စီချွမ်ပြည်နယ်တွင် မိုးကြီး မြေပြိုမှုကြောင့် လူ ၂၃ ဦး သေဆုံး

အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တဲ့ စီချွမ်ပြည်နယ်က လီယန်ရှန်နယ်မှာ သြဂုတ် ၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုခဲ့တာကြောင့် လူ ၂၃ ဦး သေဆုံးသွားပါတယ်။ြေ မပြိုမှုကြောင့် လူ ၂  ဦး ပျောက်ဆုံးနေပြီး လူနေအိမ် ၇၁ လုံး ပျက်စီးသွားတယ်လို့လည်း တရုတ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ စီချွမ်ပြည်နယ်မှာရှိတဲ့ တခြားနေရာတခုမှာ ဇွန်လက မြေပြိုမှုဖြစ်ခဲ့ပြီး လူ ၁၀ သေဆုံးကာ ၇၀ ကော်ျ ပျောက်ဆုံးလျက်ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ နွေရာသီကာလမှာ မုန်တိုင်းတွေ အဖြစ်များလေ့ရှိပြီး အရှေ့ပိုင်းနဲ့ တောင်ပိုင်း ကမ်းရိုးတန်းဒေသတွေမှာ တိုင်ဖွန်းမုန်တိုင်း၊ မိုးကြိုးမုန်တိုင်းဒဏ်ကို ခံရလေ့ရှိပါတယ်။

No comments:

Post a Comment