Saturday, August 12, 2017

လားရှိုးတွင် ဘုရားကျောင်း ခေါင်းလောင်းထိုးတံအဖြစ် အသုံးပြုနေသော ဗုံးသီးဟောင်းပေါက်ကွဲ၍ တစ်ဦးဒဏ်ရာရ

လားရှိုးမြို့နယ် ခါးသျှိ အထက်ရွာ ဘုရားကျောင်းတွင် ခေါင်းလောင်းထိုးတံအဖြစ် အသုံးပြုနေသော ဗုံးသီးဟောင်းပေါက်ကွဲကာ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့၍ ဆေးရုံသို့ တက်ရောက်ကုသနေသည်။ေ နာင်မွန်ကျေးရွာအုပ်စု ခါး သျှိရွာရှိ ခရစ်ယာန်ဘုရားကျောင်း တွင် သြဂုတ် ၁၁ ရက် နံနက်က အထက်ပါပေါက်ကွဲမှု ဖြစ်ခဲ့ ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြော ကြားသည်။ ရဲမှူးကြီး အောင်မြတ်မိုးက ‘‘ဘုရားကျောင်းက ခေါင်းလောင်း ကို ကျေးရွာသားတွေက အလှည့် ကျ ခေါင်းလောင်းထိုးရတာပေါ့။ အဲဒီမှာ ခေါင်းလောင်းထိုးတဲ့အတံ က ရှည်နေလို့ဆိုပြီး ဖြတ်စက်နဲ့ ဖြတ်တော့ အပူလွန်ကဲပြီးပေါက် ကွဲတာ’’ဟု ဖြစ်ပွားခဲ့သော အခြေ အနေကို ရှင်းပြသည်။



ဒဏ်ရာရသူသည် အသက် (၃၅)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ခြေထောက်နှင့် ပေါင်တွင် ယမ်းစ ထိမှန်ခဲ့၍ လားရှိုး ပြည်သူ့ဆေးရုံ၌ ကုသနေကြောင်း သတင်းရရှိ သည်။ တိုက်ပွဲများဖြစ်ပွားခဲ့သော ရှမ်းနှင့် ကချင်ပြည်နယ်တွင် ဘုရားကျောင်းအများစု၌ ဗုံးသီးဟောင်းများကို ခေါင်းလောင်းနှင့် ခေါင်းလောင်းထိုးတံအဖြစ် အသုံးပြုမှုများသည်။ ယင်းဗုံးသီး ဟောင်းများကို မီးနှင့်အပူပေး ခြင်း၊ ထုရိုက်ခြင်းများ မပြုလုပ်သင့်ကြောင်း ရှမ်းပြည်နယ်တွင် တာဝန်ကျနေသော တပ်မတော် အရာရှိတစ်ဦးက အကြံပြုသည်။  အောင်သစ်လွင်

No comments:

Post a Comment