Wednesday, August 9, 2017

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရခိုင်အမျိုးသားပါတီခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရခိုင်အမျိုးသားပါတီ (အေအန်ပီ) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ခေါင်းဆောင်တဲ့ အဖွဲ့ဝင်တွေ ဒီကနေ့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ထိုသို့တွေ့ဆုံရာမှာ ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ရေး ကိစ္စရပ်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ေ တွ့ဆုံပွဲကို ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိတွေ တက်ရောက်ခဲ့ပြီး အေအန်ပီပါတီ ဗဟိုအလုပ်မှုဆောင် ဦးဘရှိန်၊ ဦးဦးလှစော၊ ဦးအောင်ကျော်ဇံ၊ ဦးဖေသန်း၊ ဦးခင်မောင်လတ်နဲ့ ဦးဝေစိန်မောင်တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment