Wednesday, August 9, 2017

တုပ်ကွေးရောဂါကာကွယ်ရန် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ခေတ္တပိတ်ထား

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေး H1N1 ရောဂါ၊ ကြက်ငှက်တုပ်ကွေး H5N1ရောဂါနဲ့၊ H3N2 တုပ်ကွေးရောဂါတွေ ကူးစက်ပျံ့နှံ့မှုမရှိအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့   ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို  ယာယီပိတ်ထားပါတယ်။ ရန်ကုန် တိရစ္ဆာန်ရုံမှာ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အတူ အစားအစာတွေကို စနစ်တကျ ကျွေးမွေးပြုစုနေကြောင်း၊ အခုဖြစ်ပွားနေတဲ့ H1N1, H3N2 နဲ့ H5N1 ရောဂါပိုးတွေ လူနဲ့ တိရစ္ဆာန် အပြန်အလှန် မကူးစက်စေဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခေတ္တပိတ်ထားတာကြောင့် တားမြစ်ဧရိယာအတွင်း ကြည့်ရှုသွားလာတာတွေ မလုပ်ဖို့ တိရစ္ဆာန်ဥယျာဉ်က မေတ္တာရပ်ခံထားပါတယ်။ – စိုးမိုးအောင်

No comments:

Post a Comment