Friday, August 11, 2017

စံချိန်တင်ကြေးဖြင့် ဂျူဗင်တပ်မှ လီမီနာကို ဆောက်သမ်တန် အသင်း ခေါ်ယူ

ဆောက်သမ်တန်အသင်းသည် ဂျူဗင်တပ်မှ ဂါဘွန်ကွင်းလယ်ကစား သမားလီမီနာကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက် ကြောင်း ကြေညာခဲ့သည်။ လီမီနာသည် ၂ဝ၁၅ တွင် မာဆေးမှ ဂျူဗင် တပ်သို့ ပြောင်းခဲ့ပြီးနောက် စီးရီးအေတွင် ၁၅ ပွဲသာကစားခွင့်ရခဲ့ပြီး ဆောက်သမ် တန်သို့ ပြောင်းခဲ့ခြင်းဖြစ်သည်။ သတင်းများအရ လီမီနာ၏ပြောင်း ရွှေ့ကြေးမှာ ကနဦးတွင် ယူရို ၁၇ သန်းရှိမည်ဖြစ်ပြီး ဆုကြေးနှင့်ပွဲ ထွက်ခွင့်အချက်များအရ ယူရိုသန်း ၂ဝ အထိရှိလာမည်ဟုသိရှိရသည်။ေ ဆာက်သမ်တန်သည် နည်း ပြသစ် ပယ်လီဂရီနိုလက်ထက်တွင် ပိုလန်ယူ-၂၁နောက်ခံလူ ဘက်နာရက်ကိုခေါ်ယူထားပြီးဖြစ်ရာ လီမီနာမှာ ဒုတိယမြောက်ခေါ်ယူခဲ့သော ကစားသမားသစ်ဖြစ်လာခဲ့သည်။ ဆောက်သမ်တန် ဒု-ဥက္ကဋ္ဌ လက်စ်ရိဒ်က အရည်အသွေးရှိသော ကစားသမားတစ်ဦးကို စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့ခြင်းမှာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ် ကြောင်းဆိုခဲ့သည်။ KKW

No comments:

Post a Comment