Saturday, August 12, 2017

မောင်တောတွင် မိုးကောင်း၍ စပါးပျိုးချိန်ဆိုင်းငံ့

 မောင်တောဒေသ တွင် စပါးပျိုးစိုက်ချိန် မိုးကောင်း နေသဖြင့် လယ်ကွင်းများတွင် ရေလျှံကာပျိုးစိုက်မရဖြစ်နေကြောင်း တောင်သူများထံမှ သိရသည်။ ဇူလိုင် နောက်ဆုံးပတ်နှင့် သြဂုတ်လဆန်းပိုင်းသည် တောင် သူများ စပါးစတင်စိုက်ပျိုးချိန်ဖြစ် ပြီး မောင်တောမြို့နယ်တွင် မိုး သည်းထန်စွာ ရွာသွန်းနေ၍ ပျိုးစိုက်ခြင်းကို ဆိုင်းငံ့ထားရကြောင်း ငွေတောင်ကျေးရွာမှ တောင်သူ ဦးရွှေမောင်က ဆိုသည်။ ‘‘ပျိုးစိုက်ချိန်မှာ မိုးများရင် လယ်ကွင်းတွေမှာ ရေလျှံပြီးတော့ စပါးစိုက်ရတာ အခက်အခဲဖြစ်ပါ တယ်။ အဲဒါကြောင့် လောလော ဆယ် ရာသီဥတု အခြေအနေကို ကြည့်ပြီး ပျိုးစိုက်တာကို ရပ်ထား ပါတယ်။ မိုးစဲပြီး လယ်ကွင်းမှာ ရေတွေခန်းမှ စိုက်ရပါမယ်’’ ဟု အောင်သာယာကျေးရွာမှ တောင် သူကိုကျော်စိုးမိုးက ပြောသည်။



အကြမ်းဖက် သတ်ဖြတ်ခံရမှု မကြာခဏ ဖြစ်ပွားနေသည့် မောင်တောမြို့နယ်တွင် ယခုနှစ် မိုးစပါးဧက ခုနစ်သောင်းလေး ထောင်ကျော် စိုက်ပျိုးရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လျာထားပြီး တိုင်းရင်းသား ကျေးရွာများ၌ လယ်လုပ်သားရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း တောင်သူများ က ပြောသည်။

 ‘‘အခြေအနေ အမျိုးမျိုး ကြောင့် စပါးစိုက်တာ နောက်ကျ သလို စပါးရိတ်သိမ်းချိန်လည်း နောက်ကျနိုင်ပါတယ်’’ ဟု  ဦးရွှေ မောင်က ပြောသည်။

မောင်တောမြို့နယ်တွင် ပြီး ခဲ့သည့်နှစ် မိုးစပါးရိတ်သိမ်းချိန်၌ လယ်လုပ်သားရှားပါးမှု ကြုံတွေ့ ခဲ့ရသည်။ မောင်ကံ

No comments:

Post a Comment