Friday, August 11, 2017

ရှစ်လေးလုံး နှစ်(၃၀)ပြည့် အခမ်းအနားမတိုင်မီ ရှစ်လေးလုံးပြတိုက် ဆောက်လုပ်မည်

ရှစ်လေးလုံးသမိုင်း ပြတိုက်ကြီးကို နှစ်သုံးဆယ်နေ့ အောက်မေ့ဖွယ်အခမ်းအနား မ ကျင်းပမီ စတင်ဆောက်လုပ်မည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောသည်။ ရှစ်လေးလုံး အရေးတော်ပုံ (၂၉)နှစ်မြောက်ဖြစ်သည့် သြဂုတ် ၈ ရက်တွင် ကျင်းပသည့် ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေး ခေတ္တရပ်နားချိန်၌ မီဒီယာ များအား ပြောကြားခဲ့သည်။ ‘‘အဲဒီလိုဆောက်ပြီးတဲ့အခါ မှာ ပြတိုက်ပုံစံ ခင်းဖို့၊ ကျင်းဖို့၊ အဆောင်အယောင်အခင်းအ ကျင်းတွေ ပြုဖို့ကိစ္စတွေကို ၀န် ကြီးဌာနက ပံ့ပိုးပေးဖို့ မူအားဖြင့် တော့ ဆွေးနွေးသဘောတူပြီး သားဖြစ်ပါတယ်’’ဟု ၎င်းက ပြော သည်။




ထို့အပြင် ရှစ်လေးလုံးသမိုင်း ပြတိုက်ကြီး တည်ဆောက်ရေး ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင် စုဝန်ကြီး သူရဦးအောင်ကို အပါ အ၀င် ရှစ်လေးလုံးဖြစ်မြောက်ရေး ကော်မတီ (ယာယီ)အဖွဲ့သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း မြင့်နှင့်တွေ့ဆုံပြီး တင်ပြဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနအနေဖြင့် ရှစ်လေး လုံးသမိုင်းပြတိုက်ကြီး တည် ဆောက်ဖွင့်လှစ်နိုင်ရန် အဆိုမူ ကြမ်းရေးပြီး ပြည်သူ့လွှတ်တော် သို့ တင်ပြခဲ့ပြီးဖြစ်သဖြင့် ပြည်သူ့ လွှတ်တော်က ခွင့်ပြုချက်ရရှိသည် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တာဝန် ရှိသူများက ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းအ ကောင်အထည်ဖော်ဆောင်ရွက် သင့်သည်ဟု အကြံပြုကြောင်း သြဂုတ် ၃ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။

ထို့အပြင် သြဂုတ် ၇ ရက်က ရှစ်လေးလုံးပြတိုက်ဖြစ်မြောက် ရေးကော်မတီ (ယာယီ)နှင့် ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို တို့ အလွတ်သဘောတွေ့ဆုံခဲ့ကြ ပြီး ပြတိုက်ဖြစ်ပေါ်လာရေးကိစ္စ နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ သည်။

ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ)ကို လက်ရှိတွင် ရန်ကုန် မြို့ရှိ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးဘေး၌ ယာယီဖွင့်လှစ်ထားသည်။

အဆိုပါ ပြတိုက်သည် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းတွင် တည်ရှိပြီး ရှစ်လေးလုံးအရေးတော်ပုံကာလ အတွင်း ဖြန့်ဝေခဲ့သော သတင်း မှတ်တမ်းများ၊ ဓာတ်ပုံမှတ်တမ်း များနှင့် ရုပ်သံမှတ်တမ်းများကို လေ့လာနိုင်ကြောင်း ယင်းကော်မ တီမှ သိရသည်။ ယာယီပြတိုက်ကို တနင်္လာနေ့မှအပ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့် လှစ်ထားသည်။ ဝဏ္ဏအောင်ရဲနိုင်

No comments:

Post a Comment