Thursday, August 10, 2017

ကျားမ တန်းတူညီမျှမှု အခွန်ခေါင်းစဉ်နဲ့ gender tax အမျိုးသားတွေကို ကောက်တဲ့ ဩစတြေးလျ စားသောက်ဆိုင်

ဩစတြေးလျနိုင်ငံက သက်သတ်လွတ် အစားအသောက်များ ရောင်းချရာ စားသောက်ဆိုင်တစ်ဆိုင်ဟာ အမျိုးသားဖောက်သည်တွေကို ကျသင့်ငွေရဲ့ ၁၈ ရာခိုင်နှုန်း ထပ်ကောက်ပါတယ်။ ကျား၊ မ တန်းတူညီမျှမှုအခွန် gender tax ခေါင်းစဉ်နဲ့ဖြစ်ပါတယ်။ အမျိုးသားများက အမျိုးသမီးများထက် လုပ်ခလစာ ပိုရ နေတဲ့အတွက် အဲဒီလိုကောက်ရတာလို့ ဆိုပါတယ်။ မဲလ်ဘုန်းမြို့က Handsome Her ဆိုတဲ့ ကဖီးဆိုင်ဟာ ဒီမူဝါဒအသစ်ကို Facebook ပေါ်ကို တင်ခဲ့ပါတယ်။ လူမှုကွန်ရက် မီဒီယာမှာ ငြင်းခုံမှုတွေ ဖြစ်နေပါတယ်။ ဩစတြေးလျမှာ လူတွေ မေ့လျော့နေတဲ့ အမျိုးသမီး၊ အမျိုးသား လုပ်ခလစာ ကွာဟမှုကို ပြန်ပြီး ထောက်ပြသလို ဖြစ်ပါတယ်လို့ အဆိုပါစားသောက်ဆိုင်က ထုတ်ပြန်ထားပါတယ်။ အမျိုးသားတွေကို ထပ်တိုးကောက်တဲ့ အခွန် ၁၈ ရာခိုင်နှုန်းက ရတဲ့ဝင်ငွေကို အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို လှူတာ ဖြစ်ပါသတဲ့။ “ဖြစ်စေချင်တာကတော့ လူတွေ အသိပညာ ရပြီး၊ ကျား၊ မ တန်းတူညီမျှမှု ကွာဟချက်အကြောင်းကို ဆွေးနွေးမှုဖြစ်စေချင်တာပါပဲ”လို့ ဆိုင်မန်နေဂျာ ဘယ်လီ အန်ဂီယန်က ပြောကြားပါတယ်။ The Voice

No comments:

Post a Comment