Wednesday, August 9, 2017

ကျပ်ညပ်နေသည့် ဘတ်စ်ကားများမှ H1N1 ကူးစက်မည်ကို စိုးရိမ်ကြောင်း ကျန်းမာရေးဝန်ကြီးပြော

ခရီးသည်များကျပ်ညပ်နေသည့် ဘတ်စ်ကားများကို ရာသီတုပ်ကွေး(H1N1)ရောဂါ ကူးစက်မှုအတွက် စိုးရိမ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။ ‘‘ဒီဘတ်စ်ကားကို အစိုးရိမ်ဆုံးပဲ။ ကျန်တာတွေက လုပ်လို့ရတယ်။ ဘတ်စ်ကားက ပြည့်ကျပ်ညပ်နေတာလေ’’ ဟု ၀န်ကြီးက ပြောသည်။ သြဂုတ် ၇ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လာရောက်သော ၀န်ကြီးအား(H1N1) အခြေအနေကို မီဒီယာ များက မေးမြန်းရာအထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ ကျန်တာတွေက လုပ်လို့ရတယ်။ ဘတ်စ်ကားများတွင် လူ့အပြည့်မတင်သင့်ဘဲ ထိုင်ခုံရှိသလောက်သာ တင်သင့်ကြောင်း ၀န်ကြီးက အကြံပြုသည်။



‘‘ဒီလိုဖြစ်ဖို့ ကျွန်တော်က အခွင့်အာဏာတော့မရှိဘူး။ ဖြစ်သင့်တာက ဘတ်စ်ကားပေါ်မှာ ထိုင်ခုံရှိသလောက်ပဲ စီးသင့်တယ်။ အလယ်တစ်လျှောက်မှာ အပြည့်သွားရင်တော့ အန္တရာယ်များတာပေါ့’’ဟု ၎င်းကပြော သည်။ ရန်ကုန်မြို့ YBS ဘတ်စ်ကားများတွင် ယာဉ်လိုင်း ၉၀ ကျော်ရှိကာ ဘတ်စ်ကားစီးရေလေး ထောင်ခန့်ဖြင့် နေ့စဉ်ပြေးဆွဲ ပေးနေသည်။ ဘတ်စ်ကားအသုံး ပြုစီးနင်းသူခရီးသည် နှစ်သန်း ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။ ဘတ်စ်ကားတစ်စီးလျှင် ပျမ်းမျှခရီးသည် ၅၀ ဦးခန့်လိုက်ပါ စီးနင်းလေ့ရှိပြီး ရုံးတက်၊ ရုံးဆင်း ချိန်များတွင် ခရီးသည် ပို၍များပြားလေ့ရှိကြောင်း ဘတ်စ်ကားစီးခရီး သည်များက ဆိုသည်။ ထို့အပြင်ရန်ကုန်မြို့ပတ်ရထားကို နေ့စဉ်လိုက်ပါစီးနင်းသည့် ခရီးသည် ရှစ်သောင်းကျော်ရှိကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထား သည်။

လက်ရှိတွင် H1N1 ကို ထိန်းချုပ်နိုင်သည့် အနေအထားတွင်ရှိသော်လည်း သေဆုံးရသည့် အကြောင်းရင်းများကို အသေးစိတ်ပြန်လည်လေ့လာနေကြောင်း ဒေါက်တာမြင့်ထွေးက ပြောသည်။

‘‘အကြမ်းအားဖြင့်တွက်ရင် အခြေအနေက သိပ်မဆိုးပါဘူး။ သို့သော် အခြေအနေမဆိုးဘူးဆို ပြီး အိပ်နေလို့မရဘူး’’ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ရာသီတုပ်ကွေးရောဂါအတွက် အဆင့်သတ်မှတ်၍ မရသေးဘဲ အရေးကြီးအခြေအနေအဖြစ်ကြေညာရန် မလိုအပ်သေးကြောင်း ၎င်းကပြောသည်။

‘‘ဖြစ်ရိုးဖြစ်စဉ်ထက် နည်း နည်းပိုတဲ့အဆင့်ပဲ ရှိသေးတယ်။ အဆင့်သတ်မှတ်လို့ မရသေးဘူး’’ ဟု ဒေါက်တာမြင့်ထွေးကပြောသည်။ ၀န်ကြီးချုပ်များကအစ ပြည်နယ်အစိုးရများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စာသင်ကျောင်းမှ တာဝန်ရှိသူများ ရာဦတုပ်ကွေးရော ဂါ(H1N1)နှင့်ပတ်သက်၍ သတိရှိလာပြီး ပြည်သူများက ကျန်းမာရေးအသိဉာဏ်တိုးတက်လာသဖြင့် ၎င်းအနေဖြင့် အားရကျေနပ်မှုရှိကြောင်း ဒေါက်တာမြင့်ထွေးက ပြောသည်။

ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၇ ရက်အထိ ရာသီတုပ်ကွေး (H1N1) သံသယလူနာ ၃၅၆ ဦး၊ ဆေးရုံတက်ကုသမှုခံယူသော ရောဂါပိုးတွေ့လူနာ ၁၃၆ ဦး၊ သေဆုံးသူ ၁၅ ဦးခန့်ရှိပြီဖြစ်သည်။ ရဲနိုင်၊ ၀ဏ္ဏအောင်

No comments:

Post a Comment