Friday, August 11, 2017

သထုံ၌ နေထိုင်ခဲ့သူတစ်ဦးထံမှ ရာသီတုပ်ကွေး A (H1N1) ရောဂါတွေ့ရှိ

မွန်ပြည်နယ်သထုံမြို့နယ်အတွင်းနေထိုင်ခဲ့သူတစ်ဦးထံမှ ရာသီတုပ်ကွေး A (H1N1) pdm 09 positive စတင်တွေ့ရှိခဲ့ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နေကြောင်း သြဂုတ် ၁၀ ရက် နံနက်က မရမ်းကုန်ကျေးရွာ၊ ရွှေမာလာဘုရားဝင်းအတွင်း ပြုလုပ်သည့် ရောဂါကာကွယ်ခြင်းနှင့် ဖြစ်ပွားမှုထိန်းချုပ်ခြင်း အသိပညာပေးဆွေးနွေးပွဲမှ သိရကြောင်း မြန်မာ့အလင်းသတင်းစာက ဖော်ပြထားသည်။ သထုံခရိုင်အတွင်း လက်ရှိအချိန်အထိ ကျိုက်ထိုမြို့နယ်တွင်တစ်ဦး၊ သထုံမြို့နယ်တွင်တစ်ဦး စုစုပေါင်း နှစ်ဦး ရာသီတုပ်ကွေးရောဂါ A(H1N1) pdm 09 positive ဖြစ်ပွားနေပြီး ဖြစ်ပွားနေသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရာသီတုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်း ၅၁၀ ဦးအနက် H1N1 ပိုးတွေ့လူနာ ၁၉၄ ဦးရှိပြီး ယနေ့အထိ သေဆုံးသူ ၂၀ ရှိပြီဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment