Friday, August 11, 2017

ဆက်ကြေးကောက်ခံလာသော KIA အကြမ်းဖက်သောင်းကျန်းသူ နှစ်ဦးအား ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသောတပ်မတော်စစ်ကြောင်းသည် သြဂုတ်  ၉ ရက် နံနက် ၁၀ နာရီခန့်တွင် မန်ပန်ရွာ၏အရှေ့မြောက်ဘက်  မီတာ ၂၀၀၀ ခန့်အကွာသို့အရောက်၌ မန်ပန်ရွာမှ တောင်ယာများ သို့သွားသည့် တောလမ်းအတိုင်း အမည်မသိ အမျိုးသားနှစ်ဦး မောင်းနှင်လာသော CANDA-125 အမျိုးအစားမော်တော် ဆိုင်ကယ်တစ်စီးအား မသင်္ကာသဖြင့်စစ်ဆေးရန် ရပ်တန့်စေ ခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ နောက်ကြောင်းသို့မောင်းနှင်ထွက်ြေ ပးသွားသဖြင့် လက်နက်ငယ်များဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့သည်။ြ ဖစ်စဉ်တွင် KIA အကြမ်းဖက်သောင်းကျန်းသူ အလောင်းနှစ်လောင်း နှင့်အတူ မြန်မာငွေကျပ်သိန်း ၇၀၊ ၄ လက်မခန့်ပယင်းကျောက် နှစ်ချောင်း၊ ရွေးစေ့အရွယ် ရွှေခြောက်လုံး၊ဟန်းဆက်တစ်လုံး၊ ကချင်ဘာသာဖြင့်ရေးသားထားသော စာရွက်စာတမ်းများ၊  လမ်းလျှောက်စကားပြောစက်တစ်လုံး၊ KIA အကြမ်းဖက်ေ သာင်းကျန်းသူအဖွဲ့ ဦးထုပ်တစ်လုံး၊ KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ယူနီဖောင်းတစ်စုံတို့အား သိမ်းဆည်း ရမိခဲ့ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment