Friday, August 11, 2017

ယူ-၂၂အသင်းမ​လေးရှားသို့ထွက်​ခွာ မြန်​မာအသင်းပွဲစဉ်များကို MRTV မှ တိုက်ရိုက်ပြမည်

မ​လေးရှားနိုင်​ငံတွင်​ကျင်းပသွားမည့်​ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်းစ်​)တွင်​ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ မြန်​မာ့လက်​​ရွေးစင်​ယူ-၂၂အသင်းသည်​ သြဂုတ်​လ ၁၁ရက်​နံနက်​ပိုင်းက မ​လေးရှားနိုင်​ငံသို့ထွက်​ခွာခဲ့ပြီး မြန်​မာအသင်းကစားမည့်​ပွဲစဉ်​များကို MRTVမှ တိုက်​ရိုက်​ထုတ်​လွင့်​ပြသွားမည်​ဖြစ်​သည်​။ ဆီးဂိမ်းစ်​ပြိုင်​ပွဲတွင်​ မြန်​မာအသင်းသည်​ အုပ်စု(က)၌ အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းအသင်းတို့နှင့်​အတူ ကျ​ရောက်​​နေပြီး အုပ်စု(ခ)တွင်လက်​ရှိချန်​ပီယံ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တီမောနှင့် ဖိလစ်ပိုင်အသင်းတို့ ပါဝင်​​နေသည်။


မြန်မာအသင်း ကစားမည့် ဆီးဂိမ်းစ်​ အုပ်စုပွဲစဉ်အချိန်​များ
--------------------------------------------------------------------
၁၄-၈-၂၀၁၇ မြန်မာ - စင်ကာပူ (၂း၃၀)
၁၆-၈-၂၀၁၇ မြန်မာ - လာအို (၇း၁၅)
၁၈-၈-၂၀၁၇ ဘရူနိုင်း - မြန်မာ (၂း၃၀)
၂၁-၈-၂၀၁၇ မလေးရှား - မြန်မာ (၇း၁၅)
(အထက်ဖော်ပြပါ ပွဲချိန်များသည် မြန်မာစံတော်ချိန်ဖြစ်​သည်။)

No comments:

Post a Comment