Sunday, August 13, 2017

UPDJC ဒုဥက္ကဋ္ဌနေရာ အစားထိုးမည့် ကေအင်န်ယူအစီအစဉ်ကို PPST ဆိုင်းငံ့

 ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုဥက္ကဋ္ဌ ပဒိုစောကွယ် ထူးဝင်းနေရာတွင် ကိုယ်စားလှယ် အစားထိုးမည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၏ အစီအ စဉ်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်း အဝေးက ဆိုင်းငံ့ရန် ဆုံးဖြတ် ကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူး ကြီး ခွန်ဥက္ကာက ပြောသည်။ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဥက္ကဋ္ဌအဖြစ်တာ ၀န်ယူပြီး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ရှစ်ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်တစ်ဦးစီ ပါဝင်ဖွဲ့ စည်းထားသည့် PPST အစည်း အဝေးကို သြဂုတ် ၉ နှင့် ၁၀ ရက် တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည်။



‘‘အားလုံးက အခု လက်ရှိပါ နေတဲ့ KNU ထဲက ပဒိုစောကွယ် ထူးဝင်းကိုပဲ အလုပ်လုပ်ရတာ အ ဆင်ပြေတယ်လို့ မြင်နေရတော့ သူ့နေရာမှာ လောလောဆယ် အစားထိုးမယ်ဆိုရင် လုပ်ဖော် ကိုင်ဖက်တွေက သိပ်စိတ်မ ကောင်းကြတဲ့ သဘောမျိုးတွေ့ရ တယ်။ ဒါကြောင့် အဲဒီဟာကို ဒီ အတိုင်းပဲ ဆက်လက်ထားရှိမယ် လို့ ဆုံးဖြတ်တာဖြစ်ပါတယ်’’ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော ကြားသည်။

ပဒိုစောကွယ်ထူးဝင်းသည် ယခင်က KNU အထွေထွေအ တွင်းရေးမှူးဖြစ်သော်လည်း KNU ၏(၁၆)ကြိမ်မြောက်ညီလာခံတွင် KNU ဒုဥက္ကဋ္ဌအဖြစ် အ ရွေးချယ်ခံခဲ့ရသည်။ KNU အဖွဲ့ တွင်း တာဝန်ပေးအပ်မှုများအရ ပဒိုစောကွယ်ထူးဝင်းနေရာ၌ လက်ရှိအထွေထွေအတွင်းရေး မှူး ပဒိုစောတာဒိုမှူး ပြောင်းလဲ တာဝန်ပေးအပ်ရန် စီစဉ်ခြင်းဖြစ် သည်။

ပဒိုစောကွယ်ထူးဝင်းသည် NCA လက်မှတ်ထိုးရှစ်ဖွဲ့၏ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အ လုပ်အဖွဲ့ အဖွဲ့ခေါင်းဆောင်အ ဖြစ်လည်း တာဝန်ယူထားသူဖြစ် သည်။

ယခင် NCA စာချုပ်ရရှိရေး အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အ စည်းများ ဆွေးနွေးစဉ်ကလည်း တိုင်းရင်းသားအဖွဲ့အစည်းများ၏ NCCT ဒုတိယအဖွဲ့ခေါင်းဆောင် တာဝန်ယူခဲ့သူဖြစ်သည်။

အကယ်၍ ပဒိုစောကွယ်ထူး ၀င်းနေရာတွင် ပဒိုစောတာဒိုမှူး ကို ပြောင်းလဲတာဝန်ပေးပါက UPDJC တိုင်းရင်းသားလက်နက် ကိုင် အစုအဖွဲ့ဒုဥက္ကဋ္ဌ တာဝန်နှင့် NCA လက်မှတ်ထိုး ရှစ်ဖွဲ့က ဖွဲ့ စည်းထားသည့် အလုပ်အဖွဲ့ ခေါင်းဆောင် တာဝန်များ ပြန် လည်ရွေးချယ်ရမည်ဖြစ်ကြောင်း တိုင်းရင်းသားအဖွဲ့ ကိုယ်စား လှယ်အချို့က ပြောကြားသည်။ အောင်ဇော်ထွန်း

No comments:

Post a Comment