Friday, August 11, 2017

Project Show and Public Presentation ပွဲ

ပြည်နည်းပညာတက္ကသိုလ် IT ဌာနမှ ကျောင်းသား၊ ကျောင်းသူများ၏ နည်းပညာနှင့်ပတ်သက်၍ တီထွင်ဖန်းတီမှု ၁၂ မျိုးအား ရှင်းလင်းပြသနေသည့် Project Show and Public Presentation ပွဲကို ယနေ့နံနက်ပိုင်းက ပြည်နည်းပညာတက္ကသိုလ် စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ “ အဓိကလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျောင်းသူကျောင်းသားတွေ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်မှုတခုကို အများပြည်သူရှေ့မှာ ရဲရဲဝင့်ဝင့် ချပြနိုင်အောင်၊ ချပြတတ်အောင် ရည်ရွယ်ပြီးလုပ်တာပဲဖြစ်ပါတယ်။ ကလေးတွေရဲ့ ဖန်တီးနိုင်မှုစွမ်းရည်တွေ မိမိကိုယ်ကို မိမိယုံကြည်မှုတွေ စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်ပြီးတော့မှ တီထွင်နိုင်မှုတွေ မြင့်မားလာနိုင်ဖို့အတွက် ရည်ရွယ်ပြီးပြုလုပ်ခဲ့တာပါ” ဟု ပြည်နည်းပညာတက္ကသိုလ် IT ဋ္ဌာနမှူး ဒေါက်တာဒေါ်နီနီထွန်းက ပြောသည်။

ပြည်နည်းပညာတက္ကသိုလ် IT ဋ္ဌာန B. tech နှင့် BE ဘွဲ့ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ ၄၁ ဦး၏ တီထွင်ဖန်တီးမှုများဖြစ်သော အလိုအလျောက် မီးငြိမ်းသတ်သည့်စက်၊ ပြည်မြို့ ရှေးဟောင်းဇုန်အကြောင်း လေ့လာနိုင်ရန် Website များအကြောင်း၊ လုံခြုံရေးအကြောင်း၊ အကွာအဝေးညွှန်တိုင်းတာညွန်ပြသည့် ( Arduino LCD Display)၊ အာရုံခံစနစ်ဖြင့် အလိုအလျောက် ရှောင်တိမ်းသွားလာနိုင်သည့် စက်ရုပ်၊ အလိုအလျောက် လေအေးပေးစက် (Automatic Cooler)နှင့် ပြည်နည်းပညာတက္ကသိုလ် ကျောင်းလမ်းညွှန် ဖုန်း Application များ အပါအဝင် တီထွင်ဖန်တီးမှု ၁၂ မျိုးကို လာရောက်လေ့လာသူများအား ရှင်းလင်းပြသခဲ့သည်။

No comments:

Post a Comment