Friday, August 11, 2017

ပျက်ကျ Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများ ထပ်မံတွေ့ရှိ

ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိသေးသည့် လေယာဉ်အစိတ် အပိုင်းများအား ထပ်မံရှာဖွေတွေ့ရှိစေရေး တပ်မတော်(ရေ)မှ  စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများပူးပေါင်းပြီး ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိစဉ် ဆိုနာ စနစ်ဖြင့် ရှာဖွေရရှိသည့်ပုံရိပ်များအပေါ်မူတည်၍ လေယာဉ် အမြီးပိုင်းရှာဖွေတွေ့ရှိခဲ့သည့် နေရာအနီးတစ်ဝိုက်၌ေ ဒသခံငါးဖမ်းစက်လှေနှစ်စင်းက ငါးဖမ်းပိုက်များဖြင့်  တရွတ်ဆွဲရှာဖွေရာ ယနေ့ညနေပိုင်းတွင် လေယာဉ် ကိုယ်ထည်အစိတ်အပိုင်းများအား ထပ်မံရှာဖွေဆယ်ယူ ရရှိခဲ့ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment