Friday, August 11, 2017

YBS ကားသစ်ယာဉ်မောင်းနေရာအတွက် အမျိုးသမီးများ ပိုမိုလျှောက်ထားရန်ဖိတ်ခေါ်

 YBS ဘတ်စ်ကားသစ် များမောင်းနှင်ရန် အမျိုးသမီးများ ပိုမိုလျှောက်ထားရန် ရန်ကုန် တိုင်းဒေသကြီးသယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့(YRTA)အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဖိတ် ခေါ်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရနှင့် ပုဂ္ဂလိကကုမ္ပဏီတို့က တင် သွင်းထားသော ဘတ်စ်ကားအ သစ်များ မောင်းနှင်ရန် ယာဉ်မောင်းလိုအပ်ချက် မြင့်မားနေခြင်းကြောင့် အမျိုးသားများသာမက အမျိုးသမီးများလည်း လျှောက်ထားနိုင်ကြောင်း YRTA က ကြေညာထားသည်။ ‘‘အမျိုးသမီးတစ်ဦးကတော့ ဟိုရက်ပိုင်းက လာလျှောက်သွား တာရှိတယ်။ ယာဉ်မောင်းက တော်တော်များများလိုနေတာဆိုတော့ ထပ်လာကြဖို့ မျှော်လင့်ပါတယ်။ အမျိုးသမီးတွေက ပိုပြီးစိတ်ရှည် တတ်ကြတော့ အမျိုးသမီးယာဉ် မောင်းတွေ များများလိုတယ်’’ဟု ဒေါက်တာမောင်အောင်က ပြော ကြားသည်။



 အဆိုပါ ဘတ်စ်ကားမောင်း နှင်ရန် အမျိုးသမီးများပါ ခေါ် ယူလျက်ရှိသော်လည်း စိတ်ဝင် စားမှုနည်းပါးနေသေးကြောင်း ၎င်းက ပြောသည်။

ယာဉ်မောင်းအဖြစ် လာ ရောက်လျှောက်ထားသည့် အမျိုး သမီးကို အရည်အချင်းစစ်ဆေး ခြင်းနှင့်လိုအပ်သည့် ယာဉ်မောင်း သင်တန်းများပေးရန် ရှိနေသေး ကြောင်း ဒေါက်တာမောင်အောင် က ဆိုသည်။

သို့သော် ယင်းအမျိုးသမီး ယာဉ်မောင်းများနှင့် ပတ်သက် ၍ ကိုယ်ရေးအချက်အလက်အ သေးစိတ်ကိုမူ ထုတ်ဖော်ပြော ကြားခြင်းမရှိပေ။

လက်ရှိအချိန်တွင် YBS စနစ်၌ ထည့်သွင်းပြေးဆွဲရန် ပြည်ပမှဝယ်ယူထားသည့် ဘတ်စ်ကား သစ်အစီးရေ နှစ်ထောင့်ခြောက် ရာကျော်ရှိပြီး စီးရေ ငါးရာခန့် သည် လိုအပ်သည့် ယာဉ်လိုင်းများ တွင် အစားထိုးဝင်ရောက်ပြေးဆွဲ နေကြောင်း သတင်းရရှိသည်။

ကျန်ဘတ်စ်ကားအသစ်များ ကို မောင်းနှင်ရန် ယာဉ်မောင်းအ ခက်အခဲရှိနေခြင်းကြောင့် ယာဉ် မောင်းလိုအပ်ချက်ပြည့်မီရန် ‘ခ’ လိုင်စင်ရှိ ယာဉ်မောင်းများကို YRTA က ဘတ်စ်ကားမောင်းနှင်မှုသင်တန်းပေး၍ အလုပ်ခန့်ထားပေးနိုင်ရန် စီစဉ်နေကြောင်း ဒေါက်တာမောင်အောင်က ဆိုသည်။

YBS ဘတ်စ်ကားစနစ်တွင် Power Eleven ကုမ္ပဏီက ပြေးဆွဲနေသည့် (၂၁)ယာဉ်လိုင်း၌ အမျိုး သမီးယာဉ်မောင်းတစ်ဦးသာ လုပ် ကိုင်လျက်ရှိနေ ယခုလျှောက်ထား သည့်အမျိုးသမီးသည် ဘတ်စ် ကားမောင်းခွင့်ရမည်ဆိုပါက ဒုတိယမြောက်ဘတ်စ်ကားယာဉ် မောင်းအမျိုးသမီးဖြစ်လာမည် ဖြစ်သည်။ မိုးမင်း

No comments:

Post a Comment