Friday, August 11, 2017

YBS ဘတ်စ်ကားများတွင် ကတ်စနစ်ပြောင်းလဲနိုင်ရေး လုပ်ဆောင်

YBS ဘတ်စ်ကားများတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေမှု အသုံးပြုရန် အတွက် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကတ်စနစ် သုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ပထမအဆင့် အဆိုပြုလွှာတင်ဒါကို သြဂုတ် ၉ ရက်က ခေါ်ယူ လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။ အဆိုပါ တင်ဒါအဆိုပြုလွှာ (ပထမအဆင့်)ကို သြဂုတ် ၉ ရက်တွင် စတင်ရောင်းချခဲ့ပြီး ယင်းအဆိုပြုလွှာများကို သြဂုတ်လ ၂၅ ရက်နေ့မှစ၍ စက်တင်ဘာ ၁၆ ရက်နေ့အထိ တင်ဒါလက်ခံမှုများ ပြုလုပ်မည်ဖြစ်ပြီး အသေးစိတ် ရှင်းလင်းခြင်း အစီအစဉ်ကို သြဂုတ်လ ၁၅ ရက်နေ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ကတ်စနစ်ဖြင့် ငွေပေးချေမှု အတွက် Cards Issuing လုပ်ငန်း၊ Cards Acquiring လုပ်ငန်းနှင့် Cards Top up Agent လုပ်ငန်းများကို လုပ်ကိုင် လိုသော နိုင်ငံသားပိုင် ပြည်တွင်းကုမ္ပဏီများ (သို့မဟုတ်) မြန်မာနိုင်ငံ သားများနှင့် နိုင်ငံခြား ဖက်စပ်ကုမ္ပဏီများ တင်ဒါတင်သွင်းနိုင်ကြောင်း လည်း သိရသည်။ The Ladies News

No comments:

Post a Comment