Wednesday, January 11, 2017

ဇနီး နှင့် ရင်သွေးငယ် ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားသော ဖခင်တစ်ဦး

ဒိန်းမတ်နိုင်ငံJutland ကျွန်းဆွယ်ရှိ Ulstrup မြို့ နေ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် ၄င်း၏ ဇနီး နှင့် ရင်သွေးငယ် ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းအရင်းအမြစ်ကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ဇန်နဝါရီလ ၁ဝ ရက်တွင် ရေးသားဖော်ပြသည်။ ၄င်းတို့ နေထိုင်ရာ လိပ်စာ၌ သံသယဖြစ်ဖွယ် အခြေအနေကို ရဲတပ်ဖွဲ့ က သတင်းပေးပို့ မှု လက်ခံရရှိခဲ့ပြီးနောက် သေဆုံးသူ မိသားစုဝင် ၆ ဦး၏ ရုပ်အလောင်းများကို ဇန်နဝါရီလ ၉ ရက်မွန်းလွဲပိုင်းတွင် ရှာဖွေတွေ့ ရှိခဲ့ကြောင်း Ritzau ဒိန်းမတ် သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက်တွင် အခင်းဖြစ်စဉ်မှာ မိသားစုတွင်း သတ်ဖြတ်မှုဖြစ်ကြောင်း ၊ အသတ်ခံရသူများမှာ အသက် ၄၂ နှစ်အရွယ် ဇနီးသည် ၊ အသက် ၃ နှစ် နှင့် ၁၁ နှစ်အရွယ် သားယောင်္ကျား ၂ ဦး နှင့် အသက် ၆ နှစ် နှင့် ၁၆ နှစ် အရွယ် သမီးမိန်းကလေး ၂ ဦးတို့ ပါဝင်ကြောင်း နှင့် သတ်ဖြတ်သူမှာ ကလေးတို့ ၏ ဖခင်ဖြစ်ကြောင်း သိရသည်။

မောင်တော ကာကွယ်ဆေးထိုးရေး သတင်းမှားဖြန့်ချိမှုကြောင့် အခက်ခဲကြုံတွေ့

မောင်တောမြို့နယ်ထဲက ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းတွေကို သတင်းမှားဖြန့်ချိပြီး ဆန့်ကျင်မှုတွေရှိနေတဲ့အတွက် ရောဂါကာကွယ်ရေး စီမံချက်တွေအောင်မြင်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ မောင်တောမြို့နယ် ဆရာဝန်ကြီးက ပြောပါတယ်။ေ မာင်တောမြို့နယ်ထဲမှာ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းတွေနဲ့ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတာတွေ လုပ်ဆောင်နေပေမယ့် သတင်းမှားဖြန့်ချိတာနဲ့ ဆန့်ကျင်ပြောဆိုမှုတွေကြောင့် ကာကွယ်ဆေးတိုက်ကျွေးသူ အလွန်နည်းပါးနေပြီး ကျန်းမာရေး ဌာနရဲ့ ရောဂါကာကွယ်ရေး စီမံချက်တွေ အောင်မြင်ဖို့ အခက်အခဲတွေနဲ့ တွေ့နေရတာပါ။ေ မာင်တောမြို့နယ် ဆရာဝန်ကြီး ဒေါက်တာကျော်မောင်မောင်သိန်းက “ကျနော့်ဝန်ထမ်းတွေ ကျန်းမာရေးမှူးဦးဆောင်ပြီးတော့ ကျနော်တို့ ပိုလီယိုကာကွယ်ဆေးကို တိုက်နေကြပါတယ်။ သို့သော်လည်း ထင်သလောက်မအောင်မြင်ဘူး။ ဘာကြောင့်လဲဆိုတော့ တမန်းသားမှာ ရှိတဲ့ Rumour (ကောလာဟလ) ကြောင့် အခက်အခဲမျိုးစုံကြုံရပါတယ်။ RHC တော်တော်များများမှာလည်း ကျန်းမာရေးဝန်ထမ်းတွေက သက်ဆိုင်တဲ့ ဘင်္ဂါလီရွာတွေကိုသွားပြီး လုပ်တယ်။ ဒါပေမယ့် သူတို့က လက်မခံဘူး ဖြစ်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တရုတ်ဘက်ထွက်ပြေးသည့် ကချင်စစ်ပြေးဒုက္ခသည်များ ပြန်မောင်းထုတ်ခံရ

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် နားဂျန်ဒေသဘက်မှာ မနေ့က မြန်မာတပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒုက္ခသည်စခန်းကနေ တရုတ်ပြည်ဘက် ထွက်ပြေးတဲ့ ဒုက္ခသည်တွေဟာ တရုတ်ဘက်က နှင်ထုတ်တာခံရတယ်လို့ ကချင်ဒုက္ခသည်ကူညီရေးအဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့လက ဇိုင်းအောင်ဒုက္ခသည်စခန်းအနီး လက်နက်ကြီးတွေကျလို့ လူပေါင်း ၂၆၀၀ ကျော် အဲဒီစခန်းကနေ စွန့်ခွာခဲ့ပြီး ၂ မိုင်လောက်ဝေးတဲ့ နားဂျန်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။ မနေ့ကတော့ နားဂျန်းဘက်မှာ တိုက်ပွဲတွေထပ်ဖြစ်လို့ တရုတ်ဘက်ထွက်ပြေးဖို့ ကြိုးစားခဲ့တာလို့ ကချင်ဒုက္ခ သည်အရေး ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးဂွန်ရှာအောင်က ပြောပါတယ်။


စစ်ဘေးသင့်ဒုက္ခသည် တသိန်းကျော်ကို ကူညီဖို့ ကချင်လူမှုအဖွဲ့တွေ တောင်းဆို

ကချင်ပြည်နယ် အစိုးရအနေနဲ့ ကချင်ပြည်နယ်တွင်းက စစ်ဘေးသင့်ဒုက္ခသည် တသိန်းကျော်ကို လျစ်လျူ မရူ့ဘဲ ကူညီဖို့ ကချင်လူမူအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

နမ့်​ဆန်​တွင်ပစ်ခတ်မှုဖြစ်ပွား၊ အထက ကျောင်းဆောင် လက်​နက်​ကျည်ဆန်ထိမှန်

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နဲ့ အနီးတ၀ိုက်မှာ မြန်မာတပ်မတော်နဲ့  တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) တို့  မနေ့က ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ လက်နက်ပစ်ခတ်သံတွေကို မနေ့ည ၇ နာရီ၊ ၉ နာရီ၊ ၁၂ နာရီနဲ့ ဒီကနေ့ မနက်တကြိမ် ကြားရတယ်၊ ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်မှာလည်း  နမ့်ဆန်မြို့ရဲ့ ဇယန်း နတလကျောင်း အနောက်ကုန်းဘက်မှာ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ပစ်ခတ်မှုတွေကြောင့် မြို့နယ်ထွေ/အုပ်ရုံးရိပ်သာဆောင်အမိုး၊ အ.ထ.က ၂ စာသင်ကျောင်းဆောင်နဲ့ ဇယန်းပန်လော့ကျေးရွာ အောင်ဘရားသားစ် စက်ရုံလည်း လက်နက်ကျည်ဆန်တချို့ ထိမှန်ခဲ့ပါတယ်။

လွတ်မြောက်နေသည့် မိကျောင်းကြီးကြောင့် ထိုင်းဒေသခံများ ထိတ်လန့်

ထိုင်းနိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် လွတ်မြောက်သွားခဲ့တဲ့ မိကျောင်းကြီး တကောင်ကြောင့် ဒေသခံတွေဟာ ထိတ်လန့်နေကြရပါတယ်။ အဲဒီမိကျောင်းဟာ ရှားပါးမိကျောင်းအမတကောင်ဖြစ်ပြီး သူ့ရဲ့အမည်ကိုတော့ နာဒီယာလို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဇန်နဝါရီ ၁၀ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီမိကျောင်းရဲ့ အရှည်ဟာ ၅ မီတာရှိပြီး လွတ်မြောက်နေတယ်လို့ သက်ဆိုင်ရာက အတည်ပြုအပြီးမှာ ဒေသခံတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်လာနေခဲ့တာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ဗဟိုထောင်သာလတ် မိကျောင်းထိန်းသိမ်းရေးစခန်းမှ အဆိုပါမိကျောင်းကြီး လွတ်မြောက်နေခဲ့တာကို အစပိုင်းက ဖုံးကွယ်ထားခဲ့ပြီး ၄ ရက်မြောက်အကြာမှာတော့ အတည်ပြုပြောလိုက်တာပါ။ သူတို့အနေနဲ့ ဒေသခံတွေကို အထိတ်တလန့် မဖြစ်စေချင်တဲ့အတွက် ခုလိုလုပ်ခဲ့ရတာလို့ ပြောပါတယ်။ ဒါပေမယ့် သူတို့က ဒေသခံတွေကို မိကျောင်းကြီးကိုတွေ့ရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မသတ်ကြဖို့နဲ့ သူတို့အနေနဲ့ ရှားပါးမျိုးစိတ်ဖြစ်တာမို့ ပြန်လည်ဖမ်းမိနိုင်ဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။ လက်ရှိမှာတော့ နာဒီယာနဲ့အတူ ၂ ပေအရှည်ရှိတဲ့ မိကျောင်း ၂ ကောင်လည်း ပျောက်ဆုံးနေခဲ့ပါတယ်။

ရေဖြူမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီနှင့် ကေအန်ယူတပ်အကြား ပစ်ခတ်မှုဖြစ်

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်တို့အကြား ဒီကနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ေ ရဖြူမြို့နယ်အတွင်းက မွန်ပြည်သစ်ပါတီတပ်ထိန်းချုပ်နယ်မြေအတွင် ကေအန်ယူ တပ်မဟာ ၄ က တပ်က လာရောက်ပစ်ခတ်ခဲ့တာလို့ ရေးမြို့နယ် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတာဝန်ခံ နိုင်ရော့ချမ်းက ပြောပါတယ်။ “မနက် ၆ နာရီလောက်က သဲချောင်း တောထဲမှာဖြစ်တာ။ အဲဒီနေရာ ကျနော်တို့စခန်းကို သူတို့ လာပစ်တာ။” အဆိုပါ တိုက်ပွဲဖြစ်တဲ့နေရာဟာ မွန်ပြည်သစ်ပါတီ အမှတ် ၂ တပ်ရင်း အခြေချတဲ့နေရာဖြစ်သလို ကေအန်ယူ တပ်မဟာ ၄ တပ်ရင်း ၁၀ ခွဲ (၃) လှုပ်ရှားတဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၁၆ခုနှစ်အတွင်း ဗီယက်နမ်၌ ဆိုင်ကယ်အသုံးပြုမှု ၃.၁သန်းကျော်ရှိခဲ့

၂၀၁၆ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ ဈေးကွက်၌ ဆိုင်ကယ်ဝယ်ယူမှုအရေအတွက်သည် ၃.၁သန်းကျော်ရှိလာပြီး ယခင်နှစ်ထက် ၉.၅ရာခိုင်နှုန်းတိုးတက်လာကြောင်း ဗီယက်နမ်နိုင်ငံ ဆိုင်ကယ်ထုတ်လုပ်သူများအသင်း (VAMM) က ဇန်နဝါရီ ၁၁ရက် တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၁၆ခုနှစ် ပထမခြောက်လအတွင်း ဗီယက်နမ်ဆိုင်ကယ်ဝယ်ယူသူများသည် ဆိုင်ကယ်အစီး ၁.၄၄၄သန်း ကျော်ဝယ်ယူခဲ့ပြီး ဇူလိုင်လမှ ဒီဇင်ဘာလအထိ ဆိုင်ကယ်ဝယ်ယူမှု အရေအတွက်သည် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၁.၆၇၆သန်းရှိလာကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံတွင် မော်တော်ကားများထက် ဆိုင်ကယ်ဝယ်ယူမှု နည်းပါးလာခြင်းနှင့် ပတ်သက်၍ ပညာရှင်များက ဗီယက်နမ်နိုင်ငံအတွင်း ဆိုင်ကယ်အသုံးပြုမှုသည် အမြင့်ဆုံးအရေအတွက်သို့ ရောက်ရှိနေပြီဖြစ်၍ မော်တော်ကားများကဲ့သို့ အရေအတွက် အများအပြား တိုးတက်လာဖွယ်မရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ VAMM အုပ်စုတွင် ပါဝင်သည့် အဖွဲ့ဝင်ငါးဦးမှာ Honda, Yamaha, Piaggio, Suzuki နှင့် SYM တို့ဖြစ်ပြီး ဆိုင်ကယ်အမျိုးအစား ၅၅မျိုး ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

ဥက္ကာခဲတစ်လုံး ကမ္ဘာနှင့် နီးကပ်စွာဖြတ်သန်းခဲ့

ဇန်နဝါရီ ၉ ရက် ဂရင်းနစ် စံတော်ချိန် ၁၂ နာရီ ၄၇ မိနစ်၌ ဥက္ကာခဲ တစ်လုံးသည် ကမ္ဘာနှင့် နီးကပ်စွာ ဖြတ်သန်းခဲ့ကြောင်း နာဆာက ထုတ်ပြန် ကြေညာသည်။ အဆိုပါ ဥက္ကာခဲမှာ 2017 AG 13 ဖြစ်ကြောင်း၊ ကမ္ဘာနှင့် နီးကပ်စွာ ဖြတ်သန်းရန် နှစ်ရက် အလို၌သာ သိပ္ပံပညာရှင် များက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းသည် ကမ္ဘာနှင့်လ အကွာအဝေး၏ ထက်ဝက်ခန့်မှ ဖြတ်သန်းသွားခဲ့ ခြင်းဖြစ်ရာ ကမ္ဘာနှင့် လအကွာ အဝေးသည် မိုင်ပေါင်း ၂၃၉ဝဝဝ မိုင်ခန့်ဖြစ်သည့် အတွက် ကမ္ဘာနှင့် မိုင်ပေါင်း ၁၁၉၅ဝဝ ခန့်က ဖြတ်သန်းသွား ခဲ့သည်ဟု မှတ်ယူ နိုင်ကြောင်း သိရသည်။

တိုက်ပွဲ ကြားက ကရုဏာရှင် (သို့မဟုတ်) ဒေါ်အက်စသာ

ခန္ဒာကိုယ် ပိန်ပိန်ပါးပါး၊ မျက်နှာပါးရေတွန့် နေပေမယ့် လမ်းလျှောက်ရင် အသက်အရွယ် နဲ့ မလိုက်ဖက်အောင် လူငယ်တယောက်လို အမြဲ သွက်လက်နေသူကတော့ အသက် ၆၅ နှစ်အရွယ် စေတနာဝန်ထမ်း သူနာပြု ဆရာမ ဒေါ်အက်စတာ ဖြစ်ပါတယ်။ သူဟာ လက်ရှိ တိုက်ပွဲ တွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် အညိုရောင် နယ်မြေ မုံးပေါ်ဒေသမှာ နေထိုင်ပြီး သေနတ်သံတွေ၊ ဗုံးသံတွေကြားထဲကနေ ဒဏ်ရာ ရရှိတဲ့သူတွေ ကို အသက်ကယ်ပေးတဲ့သူ တယောက် ဖြစ်သလို မူးယစ်ဆေးဝါး နွံထဲရောက်နေတဲ့ မုံးပေါ် ဒေသခံတွေကို ကူညီပေးနေတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။

ဒီကေဘီအေခွဲထွက်အဖွဲ့ဝင် ၂၀ ကျော် လက်နက်ချ

မြောက်ပိုင်းမဟာမိတ်ဟု လူသိများသည့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် လှုပ်ရှားနေသော လူမျိုးစုလက်နက်ကိုင် တပ်ပေါင်းစုနှင် ပူးပေါင်းကြောင်း ခေါင်ဆောင်ဖြစ်သူက ကြေညာပြီး တပတ်အကြာ ဒီကေဘီအေတပ်ဖွဲ့ Democratic Karen Benevolent Army (DKBA) ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင် ၂၀ ကျော်တို့သည် စနေနေ့က လက်နက်ချသည်ဟု အစိုးရမီဒီယာက ကြေညာသည်။ တနင်္ဂနွေနေ့က မြန်မာ့သတင်းစဉ်အဆိုအရ ကလိုထူးဖောကရင်အဖွဲ့ Klo Htoo Baw Karen Organization (KKO) ဟုခေါ်သည့်  ဒီကေဘီအေခွဲထွက်အဖွဲ့ သည် ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီးဆန်းအောင်နှင့် သဘောထားကွဲလွဲပြီး ငြိမ်းချမ်းစွာနေလိုသည်ဟု ဆိုသည်။

ဆေးလိပ်ကို မြန်မာတို့ ထိန်းချုပ်ချိန်တန်ပြီ

မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြတ်သန်းကြုံတွေ့ နေရပြီ။ ငယ်ရွယ်ကြီးထွားနေသော လူဦးရေနှင့် တံခါးပွင့်လာသော စီးပွားရေတို့နှင့်အတူ မြန်မာနိုင်ငံသည် လူသုံးကုန်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီများအတွက် အကောင်းဆုံးအခွင့်အလမ်းပေးနိုင်သော အနာဂတ် ဈေးကွက် ၂၀ တွင် တခုအပါ အဝင်ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ သို့သော် ဆေးလိပ်သောက်သုံးသူ အရေအတွက် မြင့်တက်နေခြင်းနှင့် ဆေးရွက်ကြီး ကုမ္ပဏီများ၏ အပြင်းအထန် ဈေးကွက်ရှာဖွေခြင်းကို ဟန့်တားရန် အားထုတ်မှုများကို မြန်မာနိုင်ငံအနေဖြင့် အရှိန်မြှင့်တင်ရန် လိုအပ်နေသည်။ေ ဆးရွက်ကြီးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်း ၂၀ တွင် ပါဝင်သည်။ ၎င်း၏ဈေးကွက် အရွယ်အစားမှာ အမေရိကန်ဒေါ်လာ သန်း ၄၅၀ ခန့်ရှိသည်ဟု ခန့်မှန်းရပြီး နို့ထွက်ပစ္စည်းနှင့်ပြုပြင်ထားသော အစားအစာခြောက် ဈေးကွက်နှင့် တန်းတူရှိသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆေးရွက်ကြီးလုပ်ငန်း၏ စုစုပေါင်း နှစ်စဉ်ကြီးထွားနှုန်းမှာ ၁၆ % ရှိပြီး အဝတ်အထည်လုပ်ငန်း (၁၄ %) နှင့် အိမ်သုံးပစ္စည်းကိရိယာနှင့် လျှပ်စစ်ပစ္စည်း (၁၅%) တို့ကိုပင် ကျော်တက်သွားသည်။

အူရီဒူးရဲ့ 4G ကွန်ရက်နဲ့ ဟန်းဆက်ဟောင်း Recycle စနစ်

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာ တခုဖြစ်တဲ့ အူရီဒူး မြန်မာဟာ မြန်မာနိုင်ငံ နေရာအနှံ့မြန်နှုန်းမြင့် အင်တာနက် 4G ကွန်ရက်ကို တိုးချဲ့ဖြန့်ကျက်လျက်ရှိရာ မကွေးမြို့မှာလည်း 4G Network ဝန်ဆောင်မှု စတင်ပေးတဲ့ အခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ မကွေးမြို့ရှိ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အူရီဒူးရဲ့ 4G ကွန်ရက်ကို အသုံးပြုခွင့်ရမှာ ဖြစ်ပြီး 4G Network စတင် မိတ်ဆက်တဲ့ အနေနဲ့ အူရီဒူး SIM ကတ်နှင့် ငွေဖြည့်ကတ်များ ဝယ်ယူသူ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား လက်ဆောင်နဲ့ အထူးအခွင့်အရေးများ ပေးခဲ့တယ်လို့ သိရပါတယ်။ အူရီဒူးမြန်မာက နောက်ထပ် လုပ်ဆောင်ပေးသွားမယ့် အထူး အစီအစဉ်တွေ ကတော့ အူရီဒူး 4G၊ 2G၊ 3G စမတ်ဖုန်း အသုံးပြုသူများ အနေနဲ့ အဆိုပါ ဟန်းဆက်များကို အူရီဒူး Smart 12 4G Lux Star ဟန်းဆက် အသစ်နဲ့ လဲလှယ် ဝယ်ယူခွင့် စတဲ့ အခွင့်အရေးတွေ ရရှိမှာ ဖြစ်ပါတယ်။

မထသ၏ ပိုင်ဆိုင်မှုများ လွှဲပြောင်းယူရန် တိုင်းအစိုးရအဖွဲ့ စိစစ်နေ

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို နှစ်ပေါင်များစွာ ထိန်းချုပ်လုပ်ကိုင်ခဲ့သည့် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ ( မထသ ) ၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်းယူရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့က စိစစ်နေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး မထသ (မြို့တွင်း) ဌာနမှူး ဦးမောင်မောင်လွင်က “ ပိုင်ဆိုင်မှုတွေကို တိုင်းဒေသကြီးက ဆက်ထိန်းသိမ်းဖို့အတွက် စိစစ်တဲ့ပုံစံနဲ့ စစ်နေတာပါ။ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၂ ဘီလီယံ ရှိမယ်။ ဒီအတွက် တိုင်းဒေသကြီး အစိုးရက စာရင်းရှင်းလင်းပေးဖို့ လုပ်နေပါတယ်” ဟု ပြောသည်။ေ မ်ာတော်ယာဉ်လုပ်ငန်းပေါင်းစုံ  ထိန်းသိမ်းရေးကော်မတီ ( မထသ ) သည် ၁၉၆၂ ခုနှစ်၌ စတင်ပေါ်ပေါက်ခဲ့ပြီး  ယနေ့အထိ မထသအဖွဲ့ပိုင် အဆောက်အအုံနှင့် ယာဉ်ရပ်နားသည့် နေရာများကိုပါ ထည့်ပေါင်းပါက စုစုပေါင်းပိုင်ဆိုင်မှု ၂၇ ခု ရှိကြောင်း သိရသည်။

ကမ္ဘာ့ အခက်ခဲဆုံး တာဝန်ကို ထမ်းဆောင်ကြသူများ

နဝမမြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ တာဝန်ယူသည်။ အမေရိကန်သမ္မတ အဖြစ် အရွေးခံထားရသူ ဒေါ်နယ်ထရန့်နှင့် သူ၏ တွစ်တာသတင်းစကားများကို အာရုံစိုက်နေကြချိန်တွင် “ဤကမ္ဘာပေါ်တွင် မဖြစ်နိုင်ဆုံးသော အလုပ်”ဟု တချိန်က သတ်မှတ်ထားခဲ့သည့် ရာထူးနှင့် စပ်လျဉ်း၍မူ အာရုံစိုက်မှု မများပြားလှပေ။ ကုလသမဂ္ဂ ပထမဆုံး အတွင်းရေးမှူးချုပ် နော်ဝေမှ ထရီးဂဖ်လိုင်း (Trygve Lie) က သူရာထူးမှ နှုတ်ထွက်မည်ဟု ကြေညာပြီး ၅ လမျှ အကြာ ၁၉၅၃ ခုနှစ် ဧပြီလတွင် ကုလသမဂ္ဂ အတွင်းရေးမျူးချုပ်ရာထူးအား ဆက်ခံသူ ဆွီဒင်မှ ဒဂ်ဟမ်းမားရှိုး (Dag Hammarskjold) ကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဈေးကွက်အတွင်း မှိုဆိပ်ပါ ငရုတ်သီးမှုန့် တိုက်ဖျက်ရေး FDA ဆက်လုပ်မည်

ဈေးကွက်အတွင်း ရောင်းချနေသည့် နာမည်ကြီး အမှတ်တံဆိပ် ငရုတ်သီးမှုန့်များ အပါအဝင် လက်လီ၊ လက်ကား ရောင်းချနေသည့် ငရုတ်သီးမှုန့်၊ ငရုတ်အကြမ်းဖတ်မှုန့် အမျိုးအစားများတွင် အသည်းကင်ဆာ ဖြစ်စေနိုင်သည့် မှိုဆိပ်များ ပါဝင်နေသဖြင့် “မှိုဆိပ်ပါ ငရုတ်သီးမှုန့် တိုက်ဖျက်ရေး” လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (နေပြည်တော်) မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောသည်။ ယနေ့ နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တွင် ကျင်းပသည့် အမေရိကန်နိုင်ငံ အသိအမှတ်ပြု ISO/IEC 17025:2005 ဓာတ်ခွဲခန်းမှ ရလဒ်အပေါ် ရှင်းလင်းသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာန၏ မေးမြန်းမှုကို ညွှန်ချုပ် ဒေါက်တာ သန်းထွဋ်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အပစ်မရပ်သေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးမည်

အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DPN) တို့အကြား တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ Peace Commission အဖွဲ့ဝင် ဦးလှမောင်ရွှေ က “ကျနော်တို့ကတော့ဗျာ NCA လက်မှတ် ရေးထိုးနိုင်ဖို့၊ နောက် ၂၁ ပင်လုံ ညီလာခံမှာ ပါလာနိုင်ဖို့ ဒါက ကျနော်တို့ရဲ့ ရည်မှန်းချက်ပဲလေ။ ဆွေးနွေးမယ့် လမ်းကြောင်းကတော့ ဆက်ပြီးတော့ ဖွင့်ထားတယ်။ သူတို့နဲ့ အလွတ်သဘော ချင်းမိုင်မှာ ဆွေးနွေးပြီးရင်တော့ ရန်ကုန်မှာ ဆက်ပြီး ဆွေးနွေးနိုင်ဖို့ ကျနော်တို့ဘက်က မျှော်လင့်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တရားမဝင် ရေသန့်တံဆိပ် ၁၃ မျိုးကို FDA တရားစွဲမည်

ရန်ကုန်နှင့် မန္တလေးမြို့တို့မှ တရားမဝင် ရေသန့် တံဆိပ် ၁၃ မျိုးကို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) က တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။ တရားဝင် ထောက်ခံချက်ရှိသည့် ရေသန့် တံဆိပ်အားလုံးကို စာရင်းပြုစု၍ တနိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်း အားလုံးရှိ အစာဆေးဝါး ကော်မတီများ၊ ဒေသတာဝန်ရှိ ပုဂ္ဂိုလ်များထံသို့ ပေးပို့ထားပြီး ယင်းစာရင်းတွင် မပါဝင်သည့် တံဆပ်များ အားလုံးကို အရေးယူနိုင်ကြောင်း FDA ညွှန်ချုပ် ဒေါက်တာ သန်းထွဋ်က ပြောသည်။
“ကျနော်တို့ ပို့ထားတဲ့ တံဆိပ် မဟုတ်ဘဲ ရောင်းနေရင် ရဲကပဲ ဖမ်းဖမ်း၊ စားသုံးသူ ရေးရာကပဲ ဖမ်းဖမ်း၊ ဘယ်အဖွဲ့ကပဲ ဖမ်းဖမ်း၊ တရားရုံးကို ဦးတိုက်လျှောက်လို့ ရတယ်။ တရားရုံးက ခွင့်ပြုချက်တောင်းရင် ခွင့်ပြုချက် ပေးလိုက်ရုံပဲ။ ကျနော်တို့က ရေသန့်နဲ့ ပတ်သက်ပြီးတော့ အဆုံးစွန် လုပ်ထားပြီးပါပြီ” ဟု ၄င်းက ပြောသည်။

တပ်မတော်နှင့် KIA တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ

ဝိုင်းမော်မြို့နယ်၊ တနိုင်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် တို့၌ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း KIA မှ စခန်း ၄ ခု ဆုံးရှုံးသွားကြောင်း သတင်း ရရှိသည်။ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ ပါဝင်သည့် KIA ၏ နည်းပညာ အထောက်အကူပြုရေး အဖွဲ့မှ ဦးဒေါင်ခါးက “စခန်း ၄ ခု သိမ်းတယ်ဆိုတာက KIA ရဲ့ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ နေရာဝန်းကျင် ဖြစ်တယ်။ ဝိုင်းမော်ကနေ အရှေ့မြောက် အခြမ်းကျတယ်။ လိုင်ဖောင်တဲ့ သိပ်မဝေးတဲ့ နေရာတွေပဲ” ဟု ဧရာဝတီကို ပြောသည် ။ တပ်မတော်နှင့် KIA တို့မှာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှ စ၍ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် KIA ၏ ဂီဒုန်စခန်း နှင့် လိုင်ဖောင်စခန်း တို့ကို တပ်မတော်က သိမ်းပိုက်ခဲ့သည်။

လက်ဖြောင့်သေနတ်သမား ပန်းချီ ငုအိမ်ထက်မြက်

ပန်းချီဆရာ ငုအိမ်ထက်မြက်ရဲ့ လက်ဖြောင့်သေနတ်သမား (The Sniper) လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲကို ဇန်နဝါရီ ၁၂ ကနေ ၁၆ ရက်နေ့ အထိ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ရှိ အလှသစ် အနုပညာ ပြခန်းမှာ ပြုလုပ်ပါတယ်။ ကဗျာဆရာ၊ စာနယ်ဇင်း သရုပ်ဖော် ပန်းချီဆရာ အဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တဲ့ ငုအိမ်ထက်မြက်ဟာ အုပ်စု ပန်းချီပြပွဲ များစွာမှာ ပါဝင်ပြီး ပန်းချီကားများ၊ အင်စတော်လေးရှင်း လက်ရာများ အပြင် ပါဖောမင့် အနုပညာ တင်ဆက်မှု (Performance Art Event) တွေ ပြသ တင်ဆက်ခဲ့ပါတယ်။ သူဟာ လေးနက်တဲ့ အတွေးအမြင် ခံစားမှုတွေကို အခြေခံပြီး ပေါ့ပါးလတ်ဆတ်တဲ့  ဖန်တီးတင်ပြမှုနဲ့ တင်ပြတတ်တဲ့ အနုပညာရှင် တဦး ဖြစ်သလို ဆန်းသစ်ရှာဖွေရာမှာလည်း အမြဲ အဆင်သင့် ရှိနေတဲ့ အပြင် လေ့လာတဲ့ နေရာမှလည်း ဘယ်တော့မှ မရောင့်ရဲသူ ဖြစ်ပါတယ်။

အရည်အသွေး စိတ်ချရတဲ့ လက်ဟောင်း Honda Dream 125

တန်ကြေးသင့်ထဲကမှ တန်ကြေးနည်း ပြန်ပြီး ဆွဲထုတ်ရင် အင်ဂျင် စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ Honda Dream 125 ကို ပြောရပါလိမ့်မယ်။ သိန်း ၂၀ ဝန်းကျင်လောက်ထိအောင် ဈေးပေါက်ခဲ့ပြီး နောက်ပိုင်း Wave နဲ့ Smash တွေ လူကြိုက် ပိုများလာလို့ မော်ဒယ်က နည်းနည်း အစီးနည်းချင်ပေမယ့် ပြည်တွင်းမှာ အစီးရေ အများအပြား ရှိနေဆဲပါ။ ဝန်တင်ဆောင်နိုင်မှု၊ ရေရှည်စိတ်ချရမှု၊ အပိုပစ္စည်း ပေါများမှုနဲ့ ရုပ်ထွက်ပိုင်း ဆွဲဆောင်မှု ကောင်းခြင်းတွေက မော်ဒယ်ကို လူကြိုက်များစေတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ဖင်ထောင်လို့ ဒေသအခေါ် Wave တွေထက် ပိုပြီး တည်ငြိမ်တဲ့ ရုပ်ထွက်ကို တွေ့ရတာပဲ ဖြစ်ပါတယ်။ အင်ဂျင်က 4-Stroke ပဲ ဖြစ်ပြီး အင်ဂျင်သံ အထူးငြိမ်ပါတယ်။ ပြောရရင် ၂၀ဝ၀ ပြည့်နှစ် ဝန်းကျင်က လူကြိုက်များခဲ့တဲ့ Super Cup တွေလိုပဲ အင်ဂျင်သံက မထွက်သလောက်ပါဘဲ။ တရုတ်ဈေးကွက်ကနေ ပုံစံတူ ဝင်ပေမယ့် အင်ဂျင်သံမှာတင် ကွဲပြားတာ သိနိုင်ပါတယ်။

ဘက်ထရီသက်တမ်း ကောင်းမွန်တဲ့ One Plus 3T

One Plus3T ဖုန်းဟာ ပြည်တွင်းမှာ ဆိုရင်တော့ ဈေးနှုန်း ကျပ် ၅ သိန်းခွဲ ဝန်းကျင်ရှိမယ့် မျက်နှာသစ် အမှတ်တံဆိပ် ဖုန်းသစ်ပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းကမှ ဈေးကွက်ထဲ ဝင်ရောက်လာတာ ဖြစ်ပြီး ရှေ့ထွက် မော်ဒယ် 3 ရဲ့ နေရာမှာ 3T အဖြစ် နောက်ဆက်တွဲ အစားထိုး ထုတ်လုပ်လာတာ ဖြစ်သလို ဈေးကွက် ဝင်လာတာကလည်း တလတောင် မကြာသေး ပါဘူး။ အထူးသဖြင့်တော့ ဘက်ထရီပိုင်း ကြီးမားအောင် ထည့်သွင်း ဖန်တီးထားပြီး အားအချိန်ကြာကြာ သုံးနိုင်အောင် ပြင်ဆင်ထားတာ တွေ့ရပါတယ်။


ပဋိပက္ခတွေကို ပိုမိုကြီးထွားစေတဲ့ အမုန်းတရား ပြောဆိုမှုများ

၂၀ဝ၄ ခုနှစ်မှာ ပြသခဲ့တဲ့ နာမည်ကြီး ရုပ်ရှင် “ရဝမ်ဒါ ဟိုတယ်” (Hotel Rwanda) ကို ကြည့်ဖူးကြမယ် ထင်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ် မှုအပေါ် အခြေခံ ရိုက်ကူးထားတာ ဖြစ်ပြီး လူမျိုးတုံး သတ်ဖြတ်မှု၊ နိုင်ငံရေး အကျင့်ပျက်မှုနဲ့ အကြမ်းဖက်မှုတွေရဲ့ ဂယက်ကို ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။ ရဝမ်ဒါ လူမျိုးတုံး သတ်ဖြတ်မှုမှာ ၁၉၉၄ ဧပြီလ ၇ ရက်ကနေ ဇူလိုင်လလယ်အထိ ရက်ပေါင်း ၁၀ဝ အတွင်း ဟူတူ အစွန်းရောက်တွေ လက်ချက်နဲ့ တွတ်စီ ၁ သန်းခန့် သတ်ဖြတ်ခံခဲ့ရပါတယ်။ တိုင်းပြည်မှာ အဓိက လူမျိုးစု ၂ စု ရှိပြီး ၈၅ ရာခိုင်နှုန်းက ဟူတူနဲ့ ၁၄ ရာခိုင်နှုန်းက တွတ်စီ လူမျိုးတွေ ဖြစ်ပါတယ်။

လွတ်လပ်ခြင်းအနုပညာဆု Artist အေးကို ရရှိ

၂၀၁၇ ခုနှစ်တွင် တတိယ အကြိမ်မြောက် ချီးမြှင့်သည့် Joseph Balestier လွတ်လပ်ခြင်း အနုပညာဆုကို မြန်မာ အနုပညာရှင် Artist အေးကို ရရှိကြောင်း သိရသည်။ အသက် ၅၄ နှစ် အရွယ်ရှိ မြန်မာ ခေတ်ပြိုင်အနုပညာရှင် Artist အေးကိုသည် နောက်ဆုံးဆန်ကာတင် Artist များ ဖြစ်သည့် အင်ဒိုနီးရှားမှ အမျိုးသမီး Artist Arahmaiani နှင့် မြန်မာ အမျိုးသမီး Artist ချောအိသိမ်းတို့ကို ကျော်ဖြတ်ကာ ဆုရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆုကို Art Stage Singapore နှင့် စင်ကာပူဆိုင်ရာ အမေရိကန် သံရုံးတို့ က ပူးပေါင်းရွေးချယ် ပေးခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ အရှေ့တောင်အာရှနိုင်ငံများရှိ ခေတ်ပြိုင်အနုပညာရှင်များထဲမှ လွတ်လပ်ခြင်းကို ကိုယ်စားပြု ထင်ဟပ် ဖန်တီး တင်ပြသည့် အနုပညာရှင်များကို ရွေးချယ် ချီးမြှင့်ခြင်း ဖြစ်သည်။

သမ္မတ နှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ် နေပြည်တော်မှာ မြေကွက်မယူ

သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ခန့်အပ်တာဝန်ပေးထားတဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ဒီနေ့အချိန်ထိ နေပြည်တော်မှာ မြေကွက်တကွက်မှ ရယူခြင်း မရှိသေးဘူးလို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက ဧရာဝတီကို ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက နေပြည်တော် ကျောက်မျက်ရတနာ သင်တန်း ဖွင့်ပွဲကို တက်ရောက်လာတဲ့ ဦးမင်းသူက ဧရာဝတီရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ဦးမင်းသူက “ပြည်သူတွေရဲ့ မြေသိမ်း ပြဿနာတွေကိုတောင် မဖြေရှင်းနိုင်ဘဲနဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေကို မယူကြ ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက် ရှိပါတယ်။ NLD က လူကြီးတွေလည်း အခုချိန်ထိ မြေတကွက် လာ လျှောက်တာ မရှိဘူး။ သမ္မတနဲ့ အတိုင်ပင်ခံတို့ ကိုယ်တိုင် မြေကွက်ရယူတာ လုံးဝ မရှိသေးဘူး”လို့ ဧရာဝတီကို ပြောပါ တယ်။

မြေသယ်ကားတစ်စီး မီးလောင်

(၁၀-၁-၂၀၁၇) နေ့ လယ်ပိုင်းက အမှတ် ၃ လမ်းဆုံအနီး မြေသယ်ကားတစ်စီး မီးလောင်ရာတွင်လူတစ်ဦးမီးလောင် သေဆုံးခဲ့ရကြောင်း၊ သေဆုံးသူမှာ အသက် ၂၅ နှစ်ခန့် ရှိ ကိုဇော်ဝင်းထွဋ် အမည်ရသူဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာနေရာမှ အလောင်းကို လှည်းကူးဆေးရုံရှိ ရင်ခွဲရုံသို့  သယ်ဆောင်သွားသည်ကို မြင်တွေ့ ရကြောင်း အထူးသတင်းတရပ် ရရှိပါသည်။

"သမက်တော်ကွက်ကျော်နဲ့  ယောင်္ကျားဆိုလာထား ရုပ်ရှင်ကားတွေ ရိုက်တော့မယ်"

“သမက်တော် ကွက်ကျော်” နဲ့ “ယောင်္ကျားဆို လာထား” ရုပ်ရှင်ကားနှစ်ကားလုံးကို ဒီလထဲမှာ ရွှေပင်ဆင့် ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးကနေ ပွဲဦးထွက် ရုပ်ရှင်ကားတွေအဖြစ် စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ အနုပညာလောကရဲ့ ဗီဒီယိုဈေးကွက်၊ ရုပ်ရှင်ဈေးကွက်တွေ ပျက်နေချိန်မှာ ထုတ်လုပ်ရေး အနေနဲ့ စီးပွားရေးအရဖြန့်ချိတာ မဟုတ်ဘဲ အနုပညာကို ချစ်တဲ့စိတ်နဲ့ ပရိသတ်တွေကို အမောပြေစေချင်တယ်လို့ ရွှေပင်ဆင့် ထုတ်လုပ်ရေးရဲ့ စီစဉ်သူ မသင်းက ပြောပါတယ်။ သမက်တော် ကွက်ကျော် ဇာတ်ကားထဲမှာ သရုပ်ဆောင် အကယ်ဒမီရဲအောင်၊ ခန့်စည်သူ၊ သူရိယ၊ စိုးမြတ်သူဇာ၊ သွန်းဆက်၊ နန်းခင်ဇေယျာ၊ စိုးနန္ဒာကျော်နဲ့ တခြားအနုပညာရှင်များစွာ ပါဝင်ထားပြီး ယောင်္ကျားဆို လာထား ရုပ်ရှင်ဇာတ်ကားမှာတော့ အကယ်ဒမီ ခန့်စည်သူ ၊ ရာဇာနေဝင်း၊ ကျော်ကျော်ဗိုလ်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည် နဲ့ တခြား ဟာသသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မည်ဆိုပါက စက်မှုဇုန်များ လုပ်ငန်းလည်ပတ်ရန် ခက်ခဲမည်ဟုဆို

 လျှပ်စစ်မီတာခများ ထပ်မံတိုးမြှင့်ကောက်ခံပါက စက်မှု ဇုန်များ လုပ်ငန်းလည်ပတ်ရန် ကုန်ကျ စရိတ်ပိုမိုမြင့်တက်လာမည် ဖြစ်ပြီး အခက်အခဲများဖြစ်လာနိုင် သည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။ အရှုံးခံပြီး လျှပ်စစ်မီးဖြန့်ဖြူး ပေးနေမှုနှင့်ပတ်သက်၍ ပြည်သူ့ ဘဏ္ဍာငွေများ ဆုံးရှုံးနေမှုကို အစိုးရက ပြန်လည်ကုစားရန် ပြင်ဆင်နေကြောင်း၊ ယခင်အစိုးရလက်ထက်တွင် လျှပ်စစ်ဓာတ်အားအ တွက် အစိုးရက ကျပ်ငွေ ဘီလီယံ ၄၇၀ ကျော် အရှုံးပေါ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၆ ရက် ၌ ရန်ကုန်တိုင်းအစိုးရရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲ၌ ပြောသည်။ လက်ရှိ လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းများသည် လူနေအိမ်ခြေ များအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်မှ ၇၅ ကျပ်အကြား၊ စက်မှုဇုန်များနှင့် စက်ရုံ၊ အလုပ်ရုံများအ တွက် တစ်ယူနစ်လျှင် ၁၀၀ ကျပ် နှင့် ၁၅၀ ကျပ်အပြင် ဓာတ်အား ဆုံးရှုံးခ ၁၀ ရာခိုင်နှုန်း ထည့်သွင်း သတ်မှတ်ကောက်ခံနေသည်။ လက်ရှိ လျှပ်စစ်ဓာတ်အား သတ်မှတ်ကောက်ခံသည့် နှုန်းထားများသည် အစိုးရအတွက် အရှုံးပေါ်နေ သော အခြေအနေမျိုးဖြစ်သည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

သမ္မတသစ်ဒေါ်နယ်ထရန့်ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဆန္ဒပြသူများကြိုတင်ပြင်ဆင်

ဒီဇင်ဘာလတုန်းက သိပ်မအေးခဲ့သော အမေရိကန်နိုင်ငံ၏မြို့တော်ဝါရှင်တန်ဒီစီမြို့သည် ၂၀၁၇ ဇန်နဝါရီလဆန်းကတည်း ကစပြီး အအေးမှတ်ရေခဲအောက် မှာ နေ့စဉ်ရောက်နေသည်။ ရေခဲ မှတ်အောက်ရောက်နေသောအ အေးဓာတ်အပြင်နှင်းရော၊ ရေခဲ မိုးကပါ တစ်လှည့်စီ ရွာနေသည့် အတွက် တော်ရုံလူအပြင် မထွက် ချင်လှသော ရာသီဥတုဖြစ်၏။ သို့ သော် သည်ရာသီမိုးများ၊ နှင်းများ အောက်မှာပင် အအေးဒဏ်ကို အမှုမထား၊ အလုပ်များနေသူများ လည်း ရှိသည်။ သူတို့ကား ရွေး ကောက်ခံသမ္မတ ဒေါ်နယ်ထရန့် ၏ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ပြင်ဆင်အလုပ်များနေသူများဖြစ် သည်။ ထိုသူများမှာ အလုပ်များနေ တာချင်းတူသော်လည်း ရည်ရွယ်ချက်ကမူ ဆန့်ကျင်ဘက်ဖြစ်သည်။ တစ်စုက သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲလုံခြုံရေးနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက်ဆောင်ရွက်နေသူအစိုးရတာဝန်ရှိသူများဖြစ်ပြီး ကျန်အုပ်စုတစ်စုက သမ္မတသစ်ထရန့်ကို ဆန္ဒပြကန့်ကွက်ရန် ပြင်ဆင်ဆောင်ရွက်နေသူများဖြစ်သည်။

ရနံ့ကြိုင်လန်း စာအုပ်ဈေးတန်း

မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့ တော် ရန်ကုန်မြို့လယ်ကောင်မှာ စာအုပ်ဈေးတန်းလေး ဒီနှစ်ထဲမှာ အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင် ခဲ့ပါပြီ။ ဒီသတင်းက ရန်ကုန်မြို့ က စာချစ်သူတွေအတွက် အလွန် မင်္ဂလာရှိတဲ့ သတင်းဖြစ်ခဲ့ပြီး စာ ချစ်သူတွေ ဝမ်းပန်းတသာဂုဏ်ယူ ခဲ့ကြတယ်။ ရန်ကုန်သူ၊ ရန်ကုန် သားမဟုတ်တဲ့ အဝေးမြို့က စာ ပေဝါသနာအိုးတွေလည်း ဒီလုပ် ရပ်အပေါ် ပီတိသောမနဿ ဖြစ်ခဲ့ကြရတယ်။ ဒီနှစ်က မြန်မာစာပေလော ကအတွက် အလွန်ထူးခြားတဲ့နှစ် လို့ ဆိုနိုင်တယ်။ မြန်မာဝတ္ထု နှစ် (၁၀၀)တင်းတင်းပြည့်တဲ့နှစ်ဖြစ် သလို ခေတ်စမ်းစာပေရဲ့ ဖခင်ကြီးသိပ္ပံမောင်ဝ ကွယ်လွန်ခြင်း (၇၅) နှစ်ပြည့်မြောက်တဲ့ နှစ်နဲ့လည်း တိုက်ဆိုင်နေပြန်တယ်။ မြန်မာ စာပေလောကမှာ ချန်လှပ်ထား လို့မရတဲ့ အထက်ဗမာနိုင်ငံ စာ ရေးဆရာအသင်း (မူရင်းသတ်ပုံ အတိုင်း) ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပြီး မန္တလေးမြို့တော်ခန်းမမှာ ပထမ ဆုံးအကြိမ် စာတမ်းဖတ်နိုင်ခဲ့တဲ့ နှစ်ဆိုလည်း မမှားဘူး။

"မစ္စရန်ဟီးလီ မြစ်ကြီးနားမြို့သို့ သွားရောက်"

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူအခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီးလီဟာ ဇန်နဝါရီလ ၉ ရက်မှာ မြစ်ကြီးနားမြို့ကို သွားရောက်ခဲ့ပါတယ်။မြစ်ကြီးနားမှာ ကချင် ပြည်နယ်  အစိုးရအဖွဲ့နဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်တာဝန်ရှိသူတွေ၊ အရပ်ဖက် လူမှုရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်  မစ္စရန်ဟီးလီဟာမြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

"ငရုတ်သီးမှုန့်တွေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းမှာ မှိုတွေပါနေတယ်"

မြန်မာတစ်နိုင်ငံလုံးမှာ ရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေကို နမူနာယူပြီး စစ်ဆေးတဲ့အခါ ခြောက်ဆယ်ရာခိုင်နှုန်းက အန္တရာယ်ရှိတဲ့မှိုတွေပါဝင်နေပါတယ်။ ဒီကနေ့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှာ ပြုလုပ်တဲ့ ISO/IEC 17025း2005 Accreditation လက်မှတ်ရ အသိအမှတ်ပြု အခမ်းအနားမှာ (FDA) မှ ညွှန်ကြားရေးမှုးချူပ် ဒေါက်တာ သန်းထွဋ်က ပြောပါတယ်။ မှိုပါတဲ့ ငရုတ်သီးတွေကို ဈေးကွက်ထဲမှာ ဥပဒေကို မကြောက်ပဲ ရောင်းချနေတဲ့သူတွေ ရှိနေတာကြောင့် လုပ်သားပြည်သူတွေက သက်ဆိုင်ရာ စည်ပင်ဌာန၊ ရဲစခန်းနဲ့ FDA ရုံးခွဲတွေကို တိုင်းကြားပေးဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။ လက်ရှိအချိန်ထိ ဈေးကွက်ထဲက ဖမ်းဆီးထားတဲ့ ကျပ်သိန်းတစ်ရာ တန်ဖိုးရှိ ငရုတ်သီးမှုန့်တွေကို မြေမြုတ်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဝင်ပြိုင်သည့် ပြိုင်ပွဲတိုင်းတွင် ဆုတံဆိပ်ရရှိနိုင်မည်ဟု ဂျူဒိုနည်းပြချုပ် ပြော

လာမယ့် ၂၀၁၇ မလေးရှားဆီးဂိမ်းမှာ ဂျူဒိုအားကစားအဖွဲ့အနေနဲ့ ရွှေတံဆိပ်မျှော်မှန်းဖို့ အခက်အခဲရှိပေမယ့် ဝင်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ဆုတံဆိပ်တွေ ရရှိနိုင်မယ်လို့ ဂျူုဒိုနည်းပြချုပ် ဦးဇော်လွင်က ပြောလိုက်ပါတယ်။ ကစားသမားအင်အားနည်းတာကြောင့် အောင်မြင်မှုအမြင့်ဆုံး မမျှော်မှန်းနိုင်တာအပြင် လာမယ့် မလေးရှားဆီးဂိမ်းမှာ ဝိတ်တန်းအကုန် ဝင်ရောက်မယှဉ်ပြိုင်ရတာကြောင့် အောင်မြင်မှုအမြင့်ဆုံး မမျှော်မှန်းနိုင်တာ ဖြစ်ပါတယ်။ ဂျူဒိုအားကစားအဖွဲ့အနေနဲ့ လာမယ့်ဆီးဂိမ်းမှာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးက ဝိတ်တန်းတခုစီ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၅ ဦးနဲ့ လေ့ကျင့်နေတယ်လို့ သိရပါတယ်။

၆၆ ဃ နဲ့တရားစွဲခံရတဲ့ ဦးမျိုးရန်နောင်သိန်းအတွက် လေးကြိမ်မြောက် အာမခံ ထပ်လျှောက်

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိန်းအတွက် လေးကြိမ်မြောက် အာမခံကို ဇန်နဝါရီလ ၁၀ရက်နေ့ရုံးချိန်းမှာ ထပ်မံလျှောက်ထားခဲ့ပါတယ်။

ငြိမ်းချမ်းရေးရန်ပုံငွေအတွက် ပြည်တွင်း အလှူရှင်များကိုဖိတ်ခေါ်

ငြိမ်းချမ်းရေးရန်ပုံငွေ ထည့်ဝင်လှူဒါန်းပြီး နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မိမိတို့ကိုယ်တိုင် တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီဆောင်ရွက်ဖို့  ပြည်တွင်း အလှူရှင်ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ) က ဖိတ်ခေါ်လိုက်ပါတယ်။ြ မန်မ့ာငြိမ်းချမ်းရေးဖြစ်စဉ်ဟာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပြီး တတ်နိုင်သမျှ ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ကြမှသာ ပြည်သူလူထုပါဝင်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်၊  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရန်ပုံငွေရှာဖွေစုဆောင်းရာမှာ နိုင်ငံတကာက အလှူရှင်တွေ သာမက ပြည်တွင်းအလှူရှင်တွေ ထည့်ဝင်လှူဒါန်းမှုဟာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြန်မာနိုင်ငံသားတွေ ပါဝင်နိုင်ရေးအတွက် အထူးအရေးကြီးတယ်လို့ အန်အာပီစီရဲ့ မနေ့က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ထိုင်းတောင်ပိုင်းတွင် အချိန်အခါမဟုတ် မိုးရွာပြီး ရေကြီးမှုကြောင့် သေဆုံးသူ ၃၀ အထိ တိုးလာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာ လတ်တလော အချိန်အခါမဟုတ် မိုးရွာသွန်းပြီး ရေကြီးရေလျှံနေတာမှာ ဇန်နဝါရီ ၁၁ ရက်နေ့အထိ သေဆုံးသူ အယောက် ၃၀ အထိ တိုးလာပြီလို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ လူ ၂ ဦးလည်း ပျောက်ဆုံးနေပြီး ဒီရေလွှမ်းမိုးမှုမှာ ဒေသခံပြည်သူ ၁ သန်းကျော် ထိခိုက်ပါတယ်။ အခုလဆန်း ၁ ရက်နေ့ကစပြီး ထိုင်းတောင်ပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းနေတာမှာ ခရိုင် ၁၂ ခရိုင်မှာ ရေလွှမ်းမိုးနေတာပါ။ အဆိုးဆုံးအဖြစ်ကတော့ နာခွမ် စီ ထန်မာရက် (Nakhon Si Thammarat) ခရိုင်ဖြစ်ပြီး ထိုင်းရေတပ် ရေစုပ်စက်လှေအစီး ၅၀ နဲ့ ရေစုပ်ထုတ်နေရပါတယ်။ လာမယ့်ရက်တွေမှာလည်း မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားလို့ နောက်ထပ် ရေစုပ်စက်လှေတွေ စေလွှတ်ဖို့လည်း ထိုင်းရေတပ်က စီစဉ်နေပါတယ်။

ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ ဘားအံတွင် ကျင်းပ

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲတရပ်ကို ကရင်ပြည်နယ် ဘားအံမြို့မှာ ဇန်န၀ါရီ ၁၁ ရက်နေ့က ၁၃ ရက်နေ့အထိ ၃ရက်ကြာ ကျင်းပနေပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်တဲ့နေရာမှာ ကရင်အမျိုးသားတွေ အနေနဲ့ ဘယ်လိုပုံစံနဲ့ လုပ်ဆောင်မယ်ဆိုတာ ဘုံသဘောတူညီချက်ရရှိလို့ ဆွေးနွေးတာဖြစ်တယ်လို့ ဆွေးနွေးပွဲ ကျင်းပရေး ကော်မတီဝင် ပဒိုစောလှထွန်းကပြောပါတယ်။ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနဲ့ တည်ဆောက်ချင်တယ်ဆိုရင် ဘယ်လို ဖက်ဒရယ်စနစ် ဆိုင်ရာနဲ့ တည်ဆောက်မယ်ဆိုတာက ကျနော်တို့ ကရင်တမျိုးသားလုံးရဲ့ ဘုံသဘောထားနဲ့ ရပ်တည်ချက်ကိုပြသဖို့လိုတယ်။ အဲဒီအတွက် လာမယ့် ဇန်န၀ါရီလ ၁၈၊ ၁၉ နဲ့ ၂၀ တွေမှာ ကရင်ပြည်နယ် ဘားအံမြို့မှာ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၊ ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်မှာဖြစ်တယ်။ လူဦးရေ ၅၀၀ ထက်မပိုသော ကရင်လူမျိုးတွေ ပါဝင်ဆွေးနွေးတဲ့ နိုင်ငံရေးဆွေး နွေးပွဲကို ကျနော်တို့ ကျင်းပပြုလုပ်မှာဖြစ်တယ်။”

ကြေမွသွားသော ကျောက်ရိုင်းတုံးများ

ငယ်ငယ်တုန်းကကျောင်း နေစဉ် ပထမတန်းလောက်က ထင်သည်။ ကျောင်းတွင် ပတ်ဝန်းကျင် ဆိုသည့် သင်ခန်းစာ သင်ရသည်။ ဆရာမက သင်၏ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်ငါးမျိုးကို သင်သည်။ ဖတ်စာအုပ်ထဲတွင် ဝက်၊ ဘဲ၊ ငါး၊ကြက်နှင့်ခွေးဟု ရေးထားသည်ထင်သည်။ သိပ်တော့ မမှတ်မိတော့။ ဒါပေမဲ့ တစ်သက်မေ့မရသော အဖြစ်အပျက်တစ်ခုသည် ကျွန်တော့်ဘဝကို ပြောင်းလဲခဲ့ သည်ဆိုလျှင် မမှားပေ။  ဆရာမက နောက်နေ့မေး မည်ဟု ပြောလိုက်သဖြင့် အိမ်ပြန် ရောက်သောအခါ ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်ငါးမျိုးကို အလွတ်ကျက် ရသည်။ မည်သို့မျှ ကျက်၍မရ။ ထိုအချိန်က ကျွန်တော်သည် ရန်ကုန်မြို့ တရုတ်တန်းတွင်နေသဖြင့် ပတ်ဝန်းကျင်တွင် ဘာ ဝက်၊ ဘဲ၊ ငါးနှင့် ကြက်မှ မတွေ့ရ။ ပတ်ဝန်းကျင်တွင် ကြွက်၊ ပိုးဟပ်၊ ကြောင်၊အိမ်မြှောင်နှင့် ခွေးလေခွေးလွင့်များကိုသာ တွေ့နေရသည်။

မိခင်နို့ရည်ပါ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အသည်းရောဂါကို ကာကွယ်ပေးနိုင်

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ဆဲလ်များပျက်စီးမှုကို တိုက်ဖျက်ကာကွယ်နိုင်စွမ်းရှိသောကြောင့် နှလုံးသွေးကြောဆိုင်ရာရော ဂါနှင့် ကင်ဆာရောဂါတို့ကဲ့သို့ ပြင်းထန်သော ရောဂါအချို့ကို ကာ ကွယ်နိုင်သည်။ မိခင်နို့ရည်နှင့် ကီဝီသီး၊ ပဲများ၊ တရုတ်နံနံတို့ကဲ့သို့ အစားအစာများတွင် တွေ့ရများသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ် မျိုးက အရက်သောက်ခြင်းကြောင့်မဟုတ်သော အသည်းအဆီဖုံး ရောဂါကို ကာကွယ်နိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြ သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အသီးအနှံများနှင့် ဟင်းသီး ဟင်းရွက်များတွင် အဓိကပါဝင်ပြီး ဆဲလ်များ ပျက်စီးမှုကို ကာကွယ်နိုင်သည်ဟု ယုံကြည်ရသည်။ ဗီတာမင်စီ၊ ဗီတာမင်အီး၊ Selenium နှင့် Carotenoid တို့သည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သည်။

သုံးနာရီလျှင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနှုန်း သေဆုံးနေဆဲ

 မြန်မာနိုင်ငံ၌ ကိုယ်ဝန် ဆောင်မိခင်သေဆုံးမှုသည် သုံးနာရီလျှင် တစ်ဦးနှုန်း(တစ်ရက် လျှင် ရှစ်ဦးခန့်)သေဆုံးနေဆဲဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာ နေမင်းမျိုး ထွန်းက ဝန်ကြီးဌာန၏ စာရင်းဇ ယားများကို ကိုးကား၍ ပြောကြား သည်။ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ပညာရှင်များ၊ နိုင်ငံ တကာ ပညာရှင်များ၊ ယူနီဆက် မြန်မာအပါအဝင် ၂၀၁၄ ပြည် လုံးကျွတ် သန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံ တွင် သုံးနာရီလျှင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနှုန်း သေဆုံးနေကြောင်းသိရသည်။ ထိုကဲ့သို့ ကိုယ်ဝန်ဆောင် မိခင်များ သေဆုံးရခြင်းမှာ အ ကြောင်းမျိုးစုံရှိနိုင်သော်လည်း အဓိကအားဖြင့် နှောင့်နှေးမှုအ ချက်သုံးချက်ကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာ IT ပညာရှင်လူငယ်များကို စောင့်မျှော်နေသော ဂျပန်

ယနေ့ ဂျပန်အခြေအနေ
ကျွမ်းကျင်ပညာရှင် မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် ဂျပန်သို့လာပြီး အလုပ်လုပ်ရန် အလွန်ကိုလွယ်ကူနေပါပြီ။ တစ်နှစ်ပြီးတစ်နှစ် နည်းပါးလာသည့် လူဦးရေနှင့် အတူ လုပ်သားလိုအပ်ချက်အတွက် ဖြည့်တင်းပေးနိုင်မှုဟာလည်း ဂျပန်လုပ်ငန်းရှင်များ နှစ်စဉ်ကြုံတွေ့နေရသည့် အခက်အခဲတစ်ခုဖြစ်ပါသည်။ ဂျပန်လုပ်ငန်းရှင်တွေအနေဖြင့် လိုအပ်နေသော လုပ်သားလိုအပ်ချက်များအတွက် နိုင်ငံရပ်ခြားမှ မိမိတို့နိုင်ငံကို လာရောက်အလုပ်လုပ်ကိုင် ပေးမည့်သူများကို မျှော်လင့်နေရသော အခြေအနေဖြစ်နေပါပြီ။ လုပ်သားလိုအပ်ချက်ရှိတယ်ဆိုရာမှာ အခြေခံအလုပ်သမားများမှသည် အသိပညာရှင် အတတ်ပညာရှင်များအထိ အလွှာအသီးသီးတွင် လိုအပ်နေခြင်း ဖြစ်ပါသည်။

ဘန်ကီမွန်းနှင့် ဆွေမျိုးတော်စပ်သူနှစ်ဦး လာဘ်ပေးလာဘ်ယူမှုဖြင့် စွဲချက်တင်ခံရ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၏ ဆွေမျိုးတော်စပ်သူ နှစ်ဦးကို လာဘ်ပေးလာဘ်ယူမှုဖြင့် အမေရိကန် အာဏာပိုင်များက စွဲချက်တင်ထားကြောင်း သိရသည်။ ဘန်၏ ညီဖြစ်သူနှင့် တူတော်စပ်သူတို့သည် အမေရိကန်မှ ကြားပွဲစား တစ်ဦး အကူအညီဖြင့် အရှေ့အလယ်ပိုင်း ဒေသ နိုင်ငံတစ်ခုမှ အာဏာပိုင် အရာရှိ တစ်ဦးကို လာဘ်ထိုးရန် ကြိုးစားခဲ့ကြောင်း အမေရိကန် အစိုးရ ရှေ့နေများက ဆိုသည်။ ၎င်းတို့သည် ဗီယက်နမ်ရှိ ဆောက်လုပ်ရေး ပရောဂျက် တစ်ခုကို လက်လွှဲရောင်းချနိုင်ရေးအတွက် ယခုလို လာဘ်ငွေ ပေးချေ ကမ်းလှမ်းခဲ့ခြင်းဟု စွပ်စွဲခံထားရသည်။  ဘန်သည် ကုလသမဂ္ဂ၏ အကြီးအကဲအဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၆ နှစ်ကုန်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ၎င်း၏ ရာထူးကို ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတာရက်စ်က ဆက်ခံခဲ့ပြီး ဖြစ်သည်။ လက်ရှိ အမှုသည် ဘန်နှင့် တိုက်ရိုက် ဆက်နွှယ်မှု မရှိသော်လည်း တောင်ကိုရီးယား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း မကြာသေးမီက အရိပ်အမြွက် ဝန်ခံဖူးသည့် ဘန်၏ နိုင်ငံရေး ရည်မှန်းချက် အတွက်မူ အနည်းနှင့်အများ ထိခိုက်သက်ရောက်နိုင်ကြောင်း သတင်းများက ဆိုသည်။

ထိုင်းရောက် မြန်မာ ခုနစ်သိန်းကျော်ကို ထောက်ခံချက်လက်မှတ် ထုတ်ပေးမည

ထိုင်းနိုင်ငံ အစိုးရက ထုတ်ပေးသည့် ယာယီ နေထိုင်ခွင့် လက်မှတ် (ပန်းရောင် ဘတ်ကတ်)ဖြင့် နေထိုင်သော မြန်မာလူမျိုး ခုနစ်သိန်းကျော်ကို မည်သူမည်ဝါ ဖြစ်ကြောင်း ထောက်ခံချက် CI (Certificate of Identity) လက်မှတ် များကို ယခုလအတွင်း ထုတ်ပေးနိုင်ရန် စီစဉ်ထားကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ထိုင်းနိုင်ငံရှိ ပန်းရောင်ဘတ်ကတ် ကိုင်ဆောင်သော မြန်မာလူမျိုးများကို မည်သူမည်ဝါ ဖြစ်ကြောင်း ထောက်ခံချက် CI လက်မှတ် ထုတ်ပေးနိုင်ရန် ထိုင်းနိုင်ငံ အစိုးရ တာဝန်ရှိသူများနှင့် ဇန်နဝါရီလ ဒုတိယအပတ်အတွင်း တွေ့ဆုံ၍ အသေးစိတ် အချက်အလက်များကို ညှိနှိုင်းကာ သဘောတူ လက်မှတ် ရေးထိုးရန် စီစဉ်ထားကြောင်း ၀န်ကြီးဌာနရှိ အဆင့်မြင့် အရာထမ်းက ဆိုသည်။

ဒေါ်နယ်ထရမ့်၏သမက်ကို ရာထူးခန့်အပ်မှု ပြန်လည် စစ်ဆေးရန် ဒီမိုကရက်များ တောင်းဆို

သမ္မတ ဖြစ်လာတော့မည့် ဒေါ်နယ်ထရမ့်က ၎င်း၏ သမက်အား ထိပ်တန်း အကြံပေးအဖြစ် ခန့်အပ်မှုအပေါ် ဆွေမျိုးကောင်းစားရေးဝါဒ၊ ကိုယ်ကျိုးစီးပွား ငြိစွန်းမှုတို့ဖြင့် ပြန်လည် စစ်ဆေးရန် ဒီမိုကရက်များက တောင်းဆိုထား သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ ဂျာရတ်ကူရှ်နာ ၃၆ နှစ်အား ရာထူး ခန့်အပ်မှုနှင့် ပတ်သက်သည့် ဥပဒေပိုင်းဆိုင်ရာများကို စစ်ဆေးရန် တရားရေးဌာန နှင့် အစိုးရကျင့်ဝတ်ဆိုင်ရာ ရုံးသို့ ဒီမိုကရက်များက တောင်းဆိုထားခြင်း ဖြစ်သည်။ ၎င်း၏ ရှေ့နေကမူ အဆိုပါ ရာထူးခန့်အပ်မှုသည် ဆွေမျိုးကောင်းစားရေးဝါဒ တိုက်ဖျက်ရေး ဥပဒေကို ချိုးဖောက်ခြင်း မရှိဟု ပြောကြားသည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးသံကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလာဒေ့ရှ် ရောက်ရှိ

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အထူးသံတမန် နိုင်ငံခြားရေး ၀န်ကြီး ဦးကျော်တင် ဦးဆောင်သော အဖွဲ့သည် ယခုအခါ ဘင်္ဂလာဒေ့ရှ်သို့ ရောက်ရှိနေပြီဟု ဘင်္ဂလာ သတင်းစာများတွင် ဖော်ပြသည်။ အဖွဲ့ဝင် သုံးဦးပါသော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ (၁၀-၁-၂၀၁၇) ရက်နေ့က မွန်းလွဲပိုင်း Novo လေကြောင်းဖြင့် ဒက္ကားမြို့ကို ရောက်ရှိလာသည်ဟု ဆိုသည်။ြ မန်မာ သံတမန် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့တွင် ဘင်္ဂလာဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ၊ နိုင်ငံခြားရေး ၀န်ကြီး အေအိပ်ခ်ျ မာဟ်မူအာလီ၊ နိုင်ငံခြားရေး အတွင်းဝန် အမ်းဒီ ချာဟီဒူရ် ဟုတ်နှင့် ယနေ့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအရှေ့ ပိုင်း ရေလှောင်တာတမံ တစ်ခုထဲ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် တစ်ဆူပေါ်ထွက်လာ

တရုတ်နိုင်ငံ အရှေ့ ပိုင်း Jiangxi ပြည်နယ် ရှိ ရွာတစ်ရွာတွင် ရေလှောင်တာတမံတစ်ခုအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၏ ဦးခေါင်းတော် ပေါ်ထွက်လာသည်ကို ရွာသားများက တွေ့ မြင်ခဲ့ပြီးနောက် ရှေးဟောင်းသုတေသနပညာရှင်များသည် မြေအောက်ရေစစ်ဆေးခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဗုဒ္ဓဦးခေါင်းတော်သည် နန်ချန်း(Nancheng)စီရင်စု ၊ Fuzhou မြို့ ရှိ Hongmen ရေလှောင်တာတမံထဲမှ ရေမျက်နှာပြင် နိုမ့်ကျသွားစဉ် ပေါ်တွက်လာခဲ့ခြင်းဖြစ်ကြောင်း ၊ ၄င်းရေလှောင်တာတမံသည် ပြီးခဲ့သော နှစ်ကုန်ပိုင်းက ရေအားလျှပ်စစ်စွမ်းအင်အတွက် အသုံးပြုနေသည့် ဂိတ်ဝပြန်လည်ပြုပြင်စဉ် ရေလျော့နည်းလာပြီး ရေမျက်နှာပြင်သည်လည်း ၁ဝ မီတာကျော် နိုမ့်ကျသွားခဲ့ကြောင်း သိရသည်။

တကယ်ပြောင်းရင် တကယ်ကောင်း

မနှစ်က စက်တင်ဘာလကတည်းက ဖျက်သိမ်းမယ်လို့ ကြွေးကြော်ထားတဲ့ မထသကို ၂၀၁၇ ဇန်န၀ါရီ ၁၅ မှာတော့ တကယ်ကြီးဖျက်သိမ်းတော့မှာ ဖြစ်ပါတယ်။ မထသဖျက်လိုက်ရင် ဘာတွေဖြစ်မလဲ။ မောင်မှန်သိသလောက်တော့ ကားလမ်းတလျှောက်လိုင်းကားတွေတားတားပြီး လက်မှတ်ထိုးခိုင်းတာလား။ ပိုက်ဆံတောင်းတာလားမသိတဲ့ လူတွေပျောက်သွားမယ်ထင်ပါတယ်။ အများပိုင်ယာဉ်လိုင်းဆိုတာကြီးက ပုံစံတမျိုးမျိုးနဲ့ ထပ်အစားထိုးရင်တော့ မသိဘူးပေါ့လေ။ ပြည်သူတွေအတွက် ဘာတွေပိုကောင်းလာမလဲ။ ရေရေရာရာတော့ မရှိလှသေးပါဘူး။

လားရှိုးမြို့ မြို့ရှောင်လမ်းတွင် တန်ဘိုးငွေကျပ် သိန်း ၂၈၀ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ။

ယမန်နေ့ ၁၀.၁.၂၀၁၇ နံနက် ၉ နာရီ ၄၅ ခန့်တွင် အမှတ် ၂၄ မူးယစ်တပ်ဖွဲ့စု ၂၄ မှ ရဲအုပ်မြတ်သူရွှေဦးစီးအဖွဲ့သည် လားရှိုးမြို့ရှောင်လမ်း အိုရီယန်တယ်ဟိုင်းဝေး တိုးဂိတ်အနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းများလုပ်ဆောင်နေစဉ် ကွတ်ခိုင်မြို့ဖက်မှ လားရှိုးမြို့ဖက်သို့ ရွှေတား မောင်းနှင်လာသည့် နံပါတ်မပါ Kenbo 125 အမျိုးအစား မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်ဒ ၏ ၀ဲဖက် ဒူးကာဘာအတွင်းမှ မိုင်းကိုင်စက္ကူဖြင့်ထုတ်လျက် အပြာရောင်ပလတ်စတစ်ကတ်ခွာအိတ်ငယ်တအိတ်လျှင် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ အထုတ်ငယ် ၁၀ ထုတ်စီပါသည့် အထုတ်ကြီး ၃ ထုတ် ဆေးပြားစုစုပေါင်း ၆၀၀၀ ပြား နှင့် ၊ တိတ်အကြည်ဖြင့် ပတ်လျက် အပြာရောင် ပလတ်စတစ်ကတ်ခွာအိတ်ငယ်တအိတ်လျှင် 88 နှင့် 1 စာတန်းတဖက်စီပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ အထုတ်ငယ် ၁၀ ထုတ်စီပါဝင်သည့် အထုတ်ကြီး တထုတ် ၊

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်အား တရားစွဲဆိုအရေးယူ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တရားသူကြီးဒေါ်အဉ္ဇလီမြရှိန်သည် ယစ်မျိုးဥပဒေအရ တရားစွဲခံရသူများအနက် ၄င်းအားငွေမပေးသူများကို ထောင်ဒဏ်ချမှတ်ပြီး ငွေပေးသူများအား ငွေဒဏ်သာချမှတ်ခဲ့ပါသဖြင့် အရေးယူပေးပါရန် တိုင်ကြားလာခြင်းအပေါ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၂၁(ဂ) (၃) နှင့်အညီ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်း
ပေးပို့ခဲ့သည်။  လွှဲပြောင်းတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်သည် ပွင့်ဖြူမြို့နယ်တရားရုံး၏ ရာဇဝတ်ကြီးမှုအမှတ်  (၂၁၉/၂ဝ၁၆)၊ ယစ်မျိုးဥပဒေပုဒ်မ ၃ဝ(က) အမှုတွင် အမှုပြီးပြတ်စေေ ရးအတွက် အဆိုပါအမှုအားလိုက်ပါဆောင်ရွက်သော အထက်တန်းရှေ့နေ မှ တစ်ဆင့် ငွေကျပ် ငါးသိန်းတောင်းခံရယူခဲ့ခြင်းနှင့် ပွင့်ဖြူမြို့နယ်တရားရုံး၏ ရာဇဝတ်ကြီးမှုအမှတ်(၂၉၄/၂ဝ၁၆)၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)အမှုတွင် တရားခံအပေါ် ပြစ်ဒဏ်သက်ညှာစွာစဉ်းစားပေးနိုင်ရန် တရားခံ၏ ဇနီးဖြစ်သူထံမှ ငွေကျပ် ငါးသိန်း လက်ခံရယူခဲ့ခြင်းတို့ကြောင့် လုပ်ပိုင်ခွင့် အာဏာရှိသူတစ်ဦးဖြစ်ပြီး ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ လာဘ်ငွေ ရယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် ၂ဝ၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၆ အရ တရားစွဲဆိုအရေးယူရန်ဆောင်ရွက်ရာ  အဆိုပါ ပွင့်ဖြူမြို့နယ်တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်မှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိသဖြင့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂ဝ၁၃ ခုနှစ်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။

BRT ယာဉ်မောင်းများကို အချိန်ပိုကြေးပေးချေရာတွင် ရာခိုင်နှုန်းဖြင့် ပေးမည့်အပေါ် မကျေနပ်သဖြင့် သုံးပွင့်ဆိုင်ညှိနှိုင်း

BRT ယာဉ်မောင်းများကို အချိန်ပိုကြေး ပေးချေရာတွင် ရာခိုင်နှုန်းဖြင့် ပေးချေမည့် အပေါ် ယာဉ်မောင်းများမှ မကျေနပ်သဖြင့် ဇန်န၀ါရီ ၁၀ ရက်တွင် ယာဉ်မောင်းများ၊ ယာဉ်လိုင်းတာဝန်ရှိသူများနှင့် မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေး တာဝန်ရှိသူမျာသည် မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးတွင် သုံးပွင့်ဆိုင်တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့သည်။ BRT ယာဉ်မောင်းများအား မူလက အခြေခံလစာသုံးသိန်း၊ တစ်နေ့အလုပ်ချိန် ရှစ်နာရီကျော်လွန်ပါက အချိန်ပိုကြေးကို ပြေးဆွဲသည့် ခေါက်ရေပေါ်မူတည်၍ ပေးချေခဲ့သော်လည်း ဒီဇင်ဘာ ၂၇ ရက်မှစ၍ အချိန်ပိုကြေး အားခေါက်ရေဖြင့် ပေးချေခြင်းပြုမည် မဟုတ်ဘဲ အချိန်ပိုပြေးဆွဲရာတွင် ရရှိသည့် ၀င်ငွေ၏ ခြောက်ရာခိုင်နှုန်း ပေးချေမည်ဟုပြောင်းလဲ သတ်မှတ်ခဲ့သည်။ ထိုသို့ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းအပေါ် BRT ယာဉ်မောင်း ၆၀ မှ ကျေနပ်ခြင်းမရှိသဖြင့် မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ညှိနှိုင်းမှုပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

လိုင်ဇာနှင့် ဖားကန့်သို့ ကုလ အထူးကိုယ်စားလှယ် သွားခွင့်မရ



ကချင်ပြည်နယ်၌ တပ်မတော်နှင့် KIA တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သော ဒေသအချို့သို့ သွားရောက်မည့် ကုလအထူး ကိုယ်စားလှယ်၏ ခရီးစဉ်အချို့ကို ပြည်နယ် အစိုးရအဖွဲ့က သွားရောက်ခွင့် မပြုခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီးလီ၏ ကချင်ပြည်နယ် ခရီးစဉ်၌ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၊ တပ်မတော်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သော ဖားကန့်ဒေသသို့ လုံခြုံရေးအရ သွားရောက်ခွင့် မပြုခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီး တစ်ဦးက အတည်ပြု ပြောဆိုသည်။
“လုံခြုံရေး အခြေအနေအရ သွားရောက်ခွင့် မပြုတာဖြစ်တယ်။ သူစီစဉ်ထားတာက လိုင်ဇာ၊ ဖားကန့်ဒေသတို့ တင်ပြထားတာ ရှိတယ်။ အခြား ဒေသတွေကိုတော့ သွားရောက်ဖို့ တင်ပြထားတာ မရှိဘူး”ဟု ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောကြားသည်။

တန်ဇန်းနီးယား တွင် ကုန်သင်္ဘော တစ်စင်း တိမ်းမှောက် ၁၂ ဦးသေဆုံး

ကုန်တင် သင်္ဘော တစ်စင်းသည် ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တန်ဇန်းနီးယား နိုင်ငံ အရှေ့မြောက်ပိုင်း Tanga မြို့ အနီးရှိ အိန္ဒိယ သမုဒ္ဒရာ တွင် တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန်တွင် အနည်းဆုံး ၁၂ ဦးသေဆုံး ခဲ့ကြောင်း တန်ဇန်းနီးယား ရဲတပ်ဖွဲ့ က ဇန်နဝါရီ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ Tanga ရဲဌာန ဌာနမှူး က ကုန်တင်သင်္ဘော သည် Tanga မြို့ မှ Pemba ကျွန်း ကို သွားရောက်စဉ် Tanga မြို့ နှင့် ၄ ကီလိုမီတာ ကွာဝေးသည့် ပင်လယ်ပြင် တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေပြီး သင်္ဘောပေါ်တွင် ပါရှိသည့် လူဦးရေ နှင့် တိမ်းမှောက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပုဇွန်တောင်ဈေးအနီး ယာဉ်တိုက်မှုဖြစ်ပွား

ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ပုဇွန်တောင်ဈေးရှေ့တွင် မထသ ၆၂ ယာဉ်လိုင်းမှ မိန်းကလေးငယ် တစ်ဦးအား ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ရာသီဥတုပြောင်းလဲလာနေမှုကို မျက်ကွယ်ပြုခြင်းက နောက်မျိုးဆက်အပေါ် သစ္စာဖောက်ရာရောက်လိမ့်မည်ဟု အိုဘားမား သတိပေး

လက်ရှိအချိန်တွင် ကမ္ဘာကြီး ပူနွေးလာနေမှုဖြစ်စဉ်၏ အမှန်တရားကို မျက်ကွယ်ပြုထားလိုက်မည်ဆိုပါက နောင်အနာဂတ်တွင်မွေးဖွားကြီးပြင်းလာကြမည့် မျိုးဆက်သစ်တို့အပေါ် သစ္စာဖောက်ရာ ရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ၎င်း၏ နောက်ဆုံးနှုတ်ဆက်မိန့်ခွန်းထဲတွင် ထည့်သွင်း သတိပေးသွားခဲ့သည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲနေမှုအပေါ် လျစ်လျူရှုမထားဘဲ အရေးယူကိုင်တွယ်ဖြေရှင်းမှုများ လုပ်ဆောင်နိုင်ရေး အိုဘားမားက ရည်ညွန်းပြောကြားခြင်းလည်း ဖြစ်သည်။ " ကျွန်တော်တို့အနေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးသော နည်းလမ်းနဲ့ ချဉ်းကပ်လုပ်ဆောင်သင့်ပါတယ်၊ လုပ်လည်းလုပ်နိုင်ရပါလိမ့်မယ်" ဟု ချီကာဂိုရှိ လူထုနှုတ်ဆက်ပွဲတွင် အိုဘားမားက ပြောကြားသွားသည်။

တောင်ကိုရီးယားသမ္မတ လျှောက်လှဲချက် တရားရုံးပယ်ချ

တောင်ကိုးရီးယား လွှတ်တော်ကနေ ရာထူးကထုတ်ပယ်ဖို့် ဆုံးဖြတ်ခဲ့ပြီးဖြစ်တဲ့ သမ္မတပတ်ဂွန်ဟဲကို တရားဝင်ဖယ်ရှားဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက စစ်ဆေးနေရာမှာ သမ္မတဘက်ကတင်ပြတဲ့ လျှောက်လဲချက်တခု မနေ့က ပယ်ချခံရပါတယ်။ ၂ဝ၁၄ ခုနှစ်က တောင်ကိုရီးယားမှာ ကူးတို့သင်္ဘောတစင်းနှစ်မြုပ်ပြီး ကျောင်းသားအများစုအပါအဝင် လူ ၃ဝဝ ကျော်သေဆုံးခဲ့ပါတယ်။ အဲဒီအချိန်က သင်္ဘောထဲမှာ ပိတ်မိနေခဲ့တဲ့ ခရီးသည်တွေကို အသက်လုပြီး ကယ်ဆယ်ရေးအတွက် အရေးတကြီး ကွပ်ကဲညွန်ကြားရမယ့်အချိန်မှာ သမ္မတ ပတ်ဂွန်ဟဲ ဘယ်ရောက်နေခဲ့သလဲဆိုတာကို ခုံရုံးကစစ်ဆေးခဲ့ပါတယ်။ သမ္မတဟာ အဲဒီတုန်းက ၇ နာရီလောက်ပျောက်နေခဲ့ပြီး တချို့က သူမဟာ အချစ်ရေးနဲ့ ရှုပ်ထွေးနေခဲ့တယ်လို့ ဆိုပါတယ်။ ပတ်ဂွန်ဟဲရဲ့ ရှေ့နေတွေက သမ္မတဟာ အိမ်တော်မှာရှိပါတယ်၊ သင်္ဘောနှစ် မြုပ်တဲ့ သတင်းကြောင့် စိတ်ထိခိုက်ပြီး သမ္မတရုံးကို မသွားခဲ့တာပါလို့ လျှောက်လဲခဲ့ရာမှာ တရားသူကြီးက ကျိုးကြောင်းဆီလျှော်မှုမရှိဘူးလို့ဆိုပြီး ပယ်ချခဲ့တာဖြစ်ပါတယ်။ RFA

သမ္မတ အိုဘားမားရဲ့ မြန်မာ့အရေး ထောက်ခံအားပေးမှု

အမေရိကန်သမ္မတ Barack Obama ဟာ ဇန်န၀ါရီ ၂၀ ရက်နေ့မှာ ရာထူးကနေ အနားယူတော့မှာဖြစ်ပါတယ်။ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ၈ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အလေးပေး ဆောင်ရွက်ခဲ့ပြီး အမေရိကန်သမ္မတ တဦးအနေနဲ့လည်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် သွားရောက် လည်ပတ်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် သမ္မတ Obama အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ လုပ်ဆောင်ပေးခဲ့သလဲဆိုတာတွေကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။ ကျနော်တို့ အခုအသံလွင့်ပြီး မကြာခင် နာရီပိုင်းအတွင်းမှာ သမ္မတ Barack Obama ဟာ တိုင်းပြည်ကို သူ့ရဲ့ နောက်ဆုံး နှုတ်ဆက်စကား ပြောကြားတော့မှာ ဖြစ်ပါတယ်။ အမေရိကန် ဒေသစံတော်ချိန် ည ၉ နာရီမှာ ပြောကြားမယ့် အဲဒီ မိန့်ခွန်းအတွင်း သူ့ကို ထောက်ခံသူတွေကို ကျေးဇူးတင်ကြောင်း အပြင် သူတာဝန်ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း အမေရိကန်နိုင်ငံအတွင်းနဲ့ နိုင်ငံတာမှာ အောင်မြင်မှု ရရှိခဲ့တာတွေကို မီးမောင်းထိုး ပြောကြားသွားဖို့ ရှိပါတယ်။

မြန်မာသံကိုယ်စားလှယ်အဖွဲ့ ၀န်ကြီးချုပ် Hasina နဲ့ တွေ့ဆုံမည်

မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် ဦးဆောင်တဲ့ အထူးသံကိုယ်စားလှယ်အဖွဲ့ဟာ - ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေတွေ အပါအ၀င် နှစ်နိုင်ငံကြား ကိစ္စတွေကို ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက် ဗုဒ္ဓဟူးနေ့မှာ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဒါက္ကာမြို့မှာ တွေ့ဆုံဆွေးနွေမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ စတင်တဲ့ ၃ ရက်ကြာ ဒီခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina နဲ့ ဒီကနေ့ တွေ့ဆုံဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆင့်မြင့်အရာရှိတဦးက ပြောဆိုခဲ့တာပါ။ ဒါ့အပြင် မြန်မာသံကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် တခြားအဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံဖို့ရှိပြီး အဲ့လိုတွေ့ဆုံတဲ့အခါ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး၊ ဆက်ဆံ ရေး တိုးမြှင့်မှု အပါအ၀င် တခြားကိစ္စရပ် တော်တော်များများကိုလည်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ကလေးမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် အ၀ယ်ထက် အငှားဈေးကွက် အလုပ်ဖြစ်နေ

စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတောင်၏တံခါးဝဖြစ် သော ကလေးမြို့ အိမ်၊ ခြံ၊ မြေဈေး ကွက်တွင် မြေကွက်အရောင်းအ၀ယ် ထက် အငှားဈေးကွက်က ပိုမိုအလုပ် ဖြစ်နေကြောင်း ကလေးမြို့ အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင် နေသည့် ပွဲစားဦးပေါင်ကပြောသည်။ ကလေးမြို့ပေါ်အိမ်အငှားဈေး ကွက်တွင် လုံးချင်းအိမ်အငှားဈေး ကွက်နှင့် အိမ်မြေကွက်အငှားဈေး ကွက်ဟူ၍ နှစ်မျိုးရှိရာ အိမ်လုံးချင်း အငှားဈေးကွက်
တွင် အိမ်/တိုက် အခြေအနေပေါ်မူတည်၍ အနိမ့်ဆုံး ငွေကျပ် ၂၀၀၀၀၀ မှ ၅၀၀၀၀၀ ၀န်း ကျင်၊ အချို့မှာ ကျပ် ဆယ်သိန်းဝန်းကျင်အထိရှိပြီး၊ြေ မကွက်အငှားဝန် ဆောင်မှုမှာ မြေအကျယ်အ၀န်းအ နေအထားပေါ်မူတည်၍ ကျပ် ငါး သောင်းမှ သိန်းဂဏန်းအထိရှိသည်။

၂ဝ၁၉ ခုနှစ်တွင် ဧကရာဇ်အသစ်ကို တင်မြှောက်ရန်စီစဉ်ထားကြောင်း ဂျပန်မီဒီယာဆို

လာမည့် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဂျပန်ဧကရာဇ် အာကီဟီတိုကို အနားပေးပြီး ၄င်း၏ အကြီးဆုံးသားတော်ကို နန်းတင်ရန် စီစဉ်ထားကြောင်း ဗုဒ္ဓဟူးနေ့တွင် မီဒီယာများက ဖော်ပြလိုက်သည်။ ယင်းဖြစ်ရပ်သည် နှစ်ပေါင်းနှစ်ရာတွင် သမားရိုးကျအစီအစဉ်ခွဲထွက် နန်းစွန့်ရန် ပြင်ဆင်ခြင်းလည်း ဖြစ်သည်။ သက်တော် ၈၃ နှစ်အရွယ် ဂျပန်ဧကရာဇ်ကြီး အာကီဟီတိုသည် ချာဆန်သီမွန်ထီးနန်းကို ဆယ်စုနှစ် ၄ ခုကျော်ကြာ ထီးနန်းစိုးစံခဲ့ပြီးနောက် အသက်အရွယ်ရလာခြင်းနှင့် ကျန်းမာရေးအားနည်လာခြင်းတို့ကြောင့် ပြီးခဲ့သည့် သြဂုတ်လတွင် နန်းစွန့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။

အီရန်နိုင်ငံ ဒုတိယသမ္မတ မာဆိုမီအီဘတီခါနှင့် တွေ့ဆုံခြင်း ရိုဟာနီဟာ သမ္မတဖြစ်လာပေမယ့် လုပ်ပိုင်ခွင့်အာဏာ အကန့်အသတ်နဲ့ပဲ ရှိပါတယ်

မစ္စစ်မာဆိုမီအီဘတီခါကို ၁၉၆၀ စက်တင်ဘာ ၂၁ ရက်က တီဟီရန်မြို့မှာ ဖွားမြင်ခဲ့ပါတယ်။ သူဟာ ၁၉၇၉ က အမေရိကန်သံရုံးကို သိမ်းပိုက်ပြီး ဓားစာခံတွေ ဖမ်းဆီးထားခဲ့တဲ့ ကျောင်းသား တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးဖြစ်ခဲ့ပါတယ်။ သူဟာ ကိုယ် ခံအားစနစ်နဲ့ဆိုင်တဲ့ ပညာရပ်မှာ ဒေါက်တာဘွဲ့ရရှိထားပါတယ်။ အီဘတီခါဟာ အီရန်နိုင်ငံရဲ့ ပထ မဆုံးအမျိုးသမီးဒုသမ္မတဖြစ်ပါ တယ်။ သူ့ကို ကုလသမဂ္ဂသဘာဝ ပတ်ဝန်းကျင် စီမံကိန်းအဖွဲ့က ၂၀၀၆ အတွက် ကမ္ဘာမြေရဲ့ ချန် ပီယံ ခုနစ်ယောက်တည်းက တစ် ယောက်အဖြစ် သတ်မှတ်ခဲ့ပါ တယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ အီရန်နဲ့ ဥရောပတို့ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင် မလဲ၊ အမေရိကန်မှာ ဒေါ်နယ်ထ ရန့်သမ္မတရွေးကောက်ပွဲအနိုင်ရ တာက အီရန်နိုင်ငံအတွက် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလဲ၊ အီရန်နိုင်ငံရဲ့ ၂၀၁၇ ခေါင်းဆောင်ပိုင်း ရွေးကောက်ပွဲက ဘယ်လိုဖြစ်လာမလဲ။ အဲဒီမေးခွန်းတွေကို ဖြေဖို့ Euronews သတင်းဌာနက အီရန်နိုင်ငံရဲ့ ဒုတိယသမ္မတနဲ့အီရန်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဌာန အကြီးအကဲ မစ္စစ်အီဘတီခါနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

တရုတ်၏ ဆင်စွယ်ဝယ်ယူမှု ပိတ်ပင်ခြင်းက မြန်မာအတွက် သတင်းကောင်းဖြစ်မလား

နှစ်သစ်ကူး နေ့တွင် တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တစ်ရပ်က တစ်ကမ္ဘာလုံးကို အံ့သြစေခဲ့သည်။ တိရစ္ဆာန်များ၏ သင်္ချိုင်းဟု တင်စားခေါ်ဝေါ်နေသော တရုတ်နိုင်ငံက ဆင်စွယ်ဝယ်ယူမှုကို ၂၀၁၇ နှစ်ကုန်၌ ပိတ်ပင်တားမြစ်တော့မည်ဆိုသည့် ထုတ်ပြန်ချက်ဖြစ်သည်။ တရုတ်အစိုးရ၏ ထုတ်ပြန်ချက်သည် တစ်ကမ္ဘာလုံးတွင် ကျက်စားနေသည့် ဆင်တို့၏ အနာဂတ်အတွက် သမိုင်းဝင်သော ပြောင်းလဲမှုတစ်ခုဖြစ်သည်ဟု ကမ္ဘာတစ်လွှားရှိ သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းသူများက တင်စားပြောဆိုနေသည်။ တရုတ်နိုင်ငံသည် ဆင်စွယ် ဈေးကွက်ကို ချုပ်ကိုင်ထားပြီး ဆင်စွယ်ရောင်းဝယ်မှုအကြီးဆုံး နေရာဖြစ်ကာ တစ်ကမ္ဘာလုံးက ရောင်းချသည့် ဆင်စွယ် ၇၀ ရာခိုင်နှုန်းကို တရုတ်က နှစ်စဉ်ဝယ်ယူနေသည်။ ဆင်စွယ် တစ်ကီလိုဂရမ်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁,၁၀၀ ခန့် ဈေး ရရှိနိုင်သည်။

ဘီလိဇ်နိုင်ငံဝန်ကြီးချုပ် ဒင်ဘာရိုး

ဒင် အိုလီဗာဘာရိုးသည် ဘီ လိဇ်လူမျိုးနိုင်ငံရေးသမား တစ်ဦး ဖြစ်ပြီး ဘီလိဇ်နိုင်ငံဝန်ကြီးချုပ်အ ဖြစ် ၂၀၀၈ ကစ၍ တာဝန်ယူထား သည်။ ယူနိုက်တက်ဒီမိုကရက် တစ်ပါတီ (UDP)၏ ခေါင်းဆောင် လည်းဖြစ်သည်။ ဘာရိုးကို ၁၉၅၁ မတ်လ ၂ ရက်က ဗြိတိသျှဟွန်ဒူးရပ်စ်နိုင်ငံ ဘီလိဇ်မြို့တော်တွင် မွေးဖွားခဲ့သည်။ ဘာရိုးသည် ဘီလိဇ်နိုင်ငံ စိန့်မိုက်ကယ်ကောလိပ်တွင် တက်ရောက်ပြီးနောက် ဘာဘာဒေါ့စ်နိုင်ငံ ၀က်စ်အင်ဒီးစ်တက္ကသိုလ် တွင် ဥပဒေဘွဲ့အတွက် တက်ရောက်ခဲ့သည်။ ၁၉၈၁ တွင် မိုင်ယာမီတက္ကသိုလ်ဥပဒေကျောင်း သို့ တက်ရောက်ခဲ့ပြီး ယင်းတက္ကသိုလ်၌ ဥပဒေမဟာဘွဲ့ရယူခဲ့ သည်။ ဘာရိုးသည် ဘီလိဇ်နိုင်ငံ၏ အအောင်မြင်ဆုံး ရှေ့နေတစ်ဦး ဖြစ်ကာ ၁၉၇၃ တွင် ဦးလေးဖြစ် သူ ဒင်လင်ဒို၏ ဥပဒေကုမ္ပဏီ၌ စတင်လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း တွင် Barrow and Williams ဥပ ဒေကုမ္ပဏီကို ထူထောင်ခဲ့ကာ နာမည်ကြီးအမှု အများအပြား၌ ပါဝင်လုပ်ကိုင်ခဲ့သည်။

အင်းဝမြို့ရောက် သံတမန်တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်း အောင်မြင့်စိန် (ထားဝယ်)

ကုန်းဘောင်မင်းဆက် ဘိုးတော်ဘုရားလက်ထက်တွင် အမရပူရမှတစ်ဆင့် အင်းဝရွှေနန်းတော်သို့ ရောက်ခဲ့ဖူးသော အင်္ဂလိပ်သံတမန် မိုက်ကယ်ဆိုင်းစ်(Michael Symes) ၏ ကိုယ်တွေ့မှတ်တမ်းစာအုပ်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ရာကျော်က မှတ်တမ်းဖြစ်၍ သမိုင်းတန်ဖိုးကြီးမားသော စာအုပ်ဖြစ်ပြီး စာရေးသူ အောင်မြင့်စိန် (ထားဝယ်)က အင်္ဂလိပ်မှ မြန်မာဘာသာသို့ ပြန်ဆိုထားသည်။ မိုက်ကယ်ဆိုင်းစ်သည် အင်္ဂလိပ်လူမျိုးသံတမန်တစ်ဦးဖြစ်ပြီး ထိုစဉ်က အိန္ဒိယဘုရင်ခံချုပ်ကိုယ်တိုင် မြန်မာပြည်သို့ တရားဝင်စေလွှတ်ခဲ့သော သံအမှုထမ်းဖြစ်ကာ မြန်မာဘုရင်ထံ ဆက်သရန် လက် ဆောင်ပဏ္ဏာများ၊ အနောက်နိုင်ငံထွက်ကုန်များ၊ သိပ္ပံပစ္စည်းများနှင့်အတူ သံအဖွဲ့က လိုက်ပါခဲ့ကြ သည်။ မိုက်ကယ်ဆိုင်းစ်တို့အဖွဲ့သည် အိန္ဒိယနိုင်ငံမှ သင်္ဘောဖြင့်ထွက်ခွာလာပြီး ပင်လယ်ပြင်ကို ဖြတ်ကာ ရန်ကုန်မြို့သို့ ဆိုက်ရောက်ခဲ့သည်။ တစ်ဖန်မှ ရေလမ်းခရီးဖြင့်ပင် ပဲခူး၊ ပြည်၊ ပုဂံစသည့် ဒေသများ ကို ကျော်ဖြတ်ကာ အမရပူရဆီ အရောက်လှမ်းချီခဲ့ ကြသည်။

မလိုအပ်လျှင် မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုကို ကြားဖြတ် ပစ်ချဖွယ် မရှိဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဆို

အကယ်၍ မြောက်ကိုရီးယားက တာဝေးပျံသန်းနိုင်သည့် တိုက်ချင်းပစ် ဒုံးကျည်တစ်စင်း စမ်းသပ်ခဲ့ပါက မဖြစ်မနေ ကြားဖြတ် ပစ်ချရန် မလိုကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက သုံးသပ် ပြောကြားခဲ့သည်။ြေ မာက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ရန် အလွန်နီးကပ်နေပြီဟု နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောကြားခဲ့သလို မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက အချိန်မရွေး၊ နေရာမရွေးမှ တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ရန် အသင့်ရှိနေကြောင်း ကြေညာခဲ့သည်။ အမေရိကန် ထောက်လှမ်းရေး အနေဖြင့် အဆိုပါ အခြေအနေကို အလေးထား စောင့်ကြည့်နေသော်လည်း မြောက်ကိုရီးယားက ပစ်လွှတ်မည့် ဒုံးကျည်သည် အမေရိကန်နှင့် မဟာမိတ် နိုင်ငံများအပေါ် ခြိမ်းခြောက်သည့် လမ်းကြောင်းမျိုးမှ ပျံသန်းခြင်း မရှိပါက ပစ်ချစရာ မလိုဟု ယုံကြည်ကြောင်း ကာတာက မှတ်ချက်ပေးခဲ့သည်။

မြန်မာ့ခရီးသွားလုပ်ငန်းပွဲတော်ကို စင်ကာပူတွင် လေးရက်ကြာကျင်းပမည်

မြန်မာ့ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာစေရေး ဈေးကွက်မြှင့်တင်မှု အဖြစ် မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ခရီးသွားပြပွဲကို စင်ကာပူ နိုင်ငံ၌ လေးရက်ကြာသွားရောက် ပြသမည်ဟု သတင်းရရှိသည်။ စင်ကာပူနိုင်ငံတွင်ဇန်န၀ါရီ ၁၉ မှ ၂၂ ရက်အထိ ပြုလုပ်မည် ဖြစ်ကာ မြန်မာ့ခရီးသွားလုပ်ငန်း ပွဲတော် Myanmar Tourism Festival အမည်ဖြင့် ပြုလုပ်မည် ဖြစ်သည်။ အဆိုပါပွဲတော်ပြုလုပ်ရန် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက စင်ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့သည့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းပေါင်း ၅၀ တို့၏ အဆင့်မြင့်လုပ်ငန်းပေါင်းစပ်ညှိနှိုင်းမှုဆိုင်ရာ အစည်းအဝေးတွင် ဆွေးနွေးခဲ့ ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း Myanmar Tourism Marketing မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနှင့်စင်ကာပူနှစ်နိုင်ငံ အကြား ဗီဇာကင်းလွတ်ခွင့်ပြုပြီး နောက် စင်ကာပူနိုင်ငံမှ ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက် ရန်ရည်ရွယ်၍ အဆိုပါပြပွဲ ကျင်းပခြင်းဖြစ်သည်ဟုဆိုသည်။

ခေါနုစုမ်တောင်အနီး ဆော်လောင်းကျေးရွာတွင် ရပ်ရွာလူထုအခြေပြု ခရီးစဉ်သစ်တစ်ခုဖွင့်လှစ်

ချင်းပြည်နယ် ကန်ပက်လက်မြို့ရှိ ခေါနုစုမ်တောင်ကို အခြေပြု၍ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်မည့် ရပ်ရွာလူထုအခြေပြု ခရီးစဉ်သစ်တစ်ခုကို အဆိုပါတောင်အနီး ဆော်လောင်းကျေးရွာတွင် ဇန်န၀ါ ရီ ပထမပတ်အတွင်းက တရားဝင် ဖွင့်လှစ်ပေးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ ‘‘ချင်းပြည်နယ်က ၂၀၁၇ ထဲ မှာ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ ရပ်ရွာလူထုအခြေပြုခရီးစဉ်တစ်ခု ဖြစ်သလို ခုနစ်ခုမြောက်ခရီးစဉ် ဒေသအသစ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်သစ်ကနေ ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အတွက် အထောက်အကူပြုစေမှာလည်း ဖြစ်ပါတယ်’’ဟု ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြော သည်။

ကန်ဒေါ်လာဈေး ရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်

အမေရိကန်ဒေါ်လာဈေးသည် ယခုလပိုင်းအတွင်း အတက်အကျမြန်လျက်ရှိသည်။  ပြင်ပငွေကြေးဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး သည် ရက်ပိုင်းအတွင်း ပြန်လည် မြင့်တက်လာပြီး ဇန်န၀ါရီ ၁၀ ရက်၌ တစ်ဒေါ်လာလျှင် ၁,၃၆၇ကျပ်အထိ ဈေးမြင့်တက်လာ ကြောင်း သတင်းရရှိသည်။ြ ပင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာတန်ဖိုးသည် ဇန်န၀ါ ရီလဆန်းရက်များက တစ်ဒေါ်လာ လျှင် ၁,၃၄၀ကျပ်ကျော်အထိ ကျ ဆင်းခဲ့ပြီး ၁၀ရက်အတွင်း တစ်ဒေါ် လာလျှင် ၂၀ကျပ်ကျော်ပြန်လည် မြင့်တက်လာသည်ဟု ပြင်ပငွေ လဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ြ ပင်ပ ငွေကြေးဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာသော်လည်း ပုဂ္ဂလိ ကဘဏ်များက ပြင်ပဈေးထက် လျှော့ချ၍  ဒေါ်လာရောင်းချပေးမှု ကြောင့် ပြင်ပဈေးကွက်တွင် ၀ယ် လိုအားနည်းနေကြောင်း သိရ သည်။

"ပုသိမ်အကျဉ်းထောင်တွင် ဆူပူအကြမ်းဖက်သူတွေကို ရုံးထုတ်"

ပုသိမ်အကျဉ်းထောင်အတွင်း ဆူပူအကြမ်းဖက်သူ လေးဦးကို ပုသိမ်မြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ် စစ်ဆေးခဲ့ပါ။ ဇန်နဝါရီ ၁၀ ရက်က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး တရားလိုပြ သက်သေတွေကို လေးနာရီကြာ စစ်ဆေးခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလ အတွင်းက အကျဉ်းသားတစ်ဦးေ နမကောင်းတာကို အကြောင်းပြပြီး ထောင်အတွင်းက တံခါးတွေနဲ့ ခုံတွေကို ရိုက်ချိုးဖျက်ဆီးခဲ့ပါတယ်။ ထောင်ဝန်ထမ်းတွေကိုလည်း ထိခိုက် အနာတရြ ဖစ်အောင် လုပ်ခဲ့ပြီး ထောင်သော့တွေကို လုယူတဲ့အထိ ဆူပူမှုတွေ ဖြစ်ခဲ့တာပါ။ ဒါကြောင့် ထောင်အာဏာပိုင်တွေက ပုသိမ်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့တြာ ဖစ်ပါတယ်။ ဇန်နဝါရီ ၁၈ ရက်မှာတော့ တတိယအကြိမ်မြောက် ရုံးထုတ်မြှာ ဖစ်ပါတယ်။

တာချီလိတ်နယ်စပ်မှတစ်ဆင့် နိုင်ငံခြားသား ခရီးသွား နှစ်သိန်းကျော် လာရောက်လည်ပတ်

၂၀၁၆ တွင် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်တစ်ခုဖြစ်သည့် တာချီလိတ်နယ်စပ် ဝင်ထွက် ပေါက်မှ တစ်ဆင့် လာရောက် လည်ပတ်သည့် နိုင်ငံခြားသားခရီး သွားဧည့်သည် နှစ်သိန်းကျော် ရှိကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ၂၀၁၆ အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၂၀၈,၀၀၀ ကျော်အထိ တာချီလိတ် နယ်စပ်မှ လာရောက်လည်ပတ်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ‘‘တာချီလိတ်နယ်စပ်ဟာ နိုင် ငံခြားသားခရီးသွားဧည့်သည်တွေ အများဆုံးလာတဲ့ အပြည်ပြည်ဆိုင် ရာ နယ်စပ် ဝင်ထွက်ပေါက်တွေ ထဲက တစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင် ငံက ခရီးသွားဧည့်သည်တွေ အများဆုံးလာလေ့ရှိပြီး နိုင်ငံတကာ က ခရီးသွားဧည့်သည်တွေလည်း အဲဒီကနေတစ်ဆင့် လာရောက် လည်ပတ်တာလည်း ရှိပါတယ်’’ ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ သတင်းနှင့်ပြန်ကြား ရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးကြေ ပာသည်။

ကမ္ဘာ့ဖလား အသင်းအရေအတွက် တိုးမြှင့်ခြင်းသည် ငွေကြေးအတွက် မဟုတ်ဟု ဖီဖာဥက္ကဋ္ဌဆို

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အသင်းအရေအတွက် မြှင့်တင် သတ်မှတ်လိုက်ခြင်းသည် အားကစား ရှုထောင့်မှ ဆုံးဖြတ်ချက်သာဖြစ်ပြီး ငွေရေးကြေးရေး ရည်မှန်းချက် လုံးဝ မပါဝင်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ ဥက္ကဋ္ဌက ဖြေရှင်းခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်ခ်ျမြို့ရှိ ဖီဖာ ဌာနချုပ်တွင် ဇန်နဝါရီ ၁၀ ရက်က ကျင်းပသော အစည်းအဝေး၌ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို လက်ရှိ ၃၂ သင်းမှ ၄၈ သင်းသို့ တိုးမြှင့်ရန် ဆုံးဖြတ်လိုက်သည်။ အဆိုပါ အပြောင်းအလဲသည် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စတင်သက်ရောက်မည် ဖြစ်သည်။  ယင်းအပြောင်းအလဲကို လက်ခံကြိုဆိုသူများ ရှိသလို ဝေဖန်ကန့်ကွက်မှုများလည်း ထွက်ပေါ်လာသည်။ အထူးသဖြင့် ဖီဖာသည် ငွေရေးကြေးရေး အကျိုးအမြတ်ကို မျှော်လင့်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို မြှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကိစ္စက ပြိုင်ပွဲ၏ အရည်အသွေးကို ထိခိုက်စေနိုင်ကြောင်း ထောက်ပြမှုများလည်း ရှိခဲ့သည်။

ရုရှား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ရန် ဖြန့်ကျက်ထားမည့် အမေရိကန် စစ်သည်များ ဥရောပသို့ရောက်ရှိ

ဥရောပသို့ အမေရိကန် စစ်သည်များ၊ တင့်ကားများနှင့် စစ်ဘက် ယန္တရားများ စေလွှတ်ခြင်းသည် ရုရှားကို ရည်ရွယ်သည့် သတင်းစကား တစ်ရပ်ဟု ပင်တဂွန် စစ်ဌာနချုပ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ဥရောပတွင် အချိန်ကြာမြင့်စွာ အခြေစိုက် နေရာယူထားသည့် တပ်ဖွဲ့ဝင်များ လဲလှယ်ရန်အတွက် အမေရိကန် စစ်သည် လေးထောင်မျှသည် ယခုသီတင်းပတ်အတွင်း ဂျာမနီသို့ ဆိုက်ရောက်လာကြသည်။ ယခုအစီအစဉ်သည် ရုရှားတစ်နိုင်ငံတည်းကို အဓိက ဦးတည်သည်ဟု အမေရိကန် စစ်ဘက်က အတည်ပြုခဲ့သည်။ “ရုရှားဟာ ယူကရိန်းကို ဗြောင်ကျကျ ကျူးကျော်ခဲ့တယ်။ ဒီဖြစ်ရပ်ဟာ အမေရိကန်ရဲ့ မဟာမိတ်တွေ၊ လက်တွဲဖော် နိုင်ငံတွေအတွက် အလေးအနက် စိုးရိမ်မှုတွေ ဖြစ်ပေါ်လာစေတယ်။ ဥရောပမှာ အမေရိကန်ရဲ့ စစ်အင်အားကို ပြသခြင်းဟာ ဥရောပတိုက် တစ်ခုလုံး ပူးပေါင်းဖော်ဆောင်တဲ့ ကာကွယ်ရေး ကဏ္ဍမှာ အမေရိကန်ရဲ့ အလေးထား ပါဝင်မှုကို ရုရှားက သတိပြုမိလာစေပါလိမ့်မယ်”ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ကြီး ယက်ဖ်ဒါးဗစ်က ဆိုသည်။

တရားမ၀င် ရွှေတူးဖော်သော တရုတ်နိုင်ငံသား ရှစ်ဦးကို ဖမ်းဆီး

တာချီလိတ်မြို့နယ်အ တွင်း တရားမ၀င်ရွှေတူးဖော်နေ သော တရုတ်နိုင်ငံသား ရှစ်ဦးနှင့် မြန်မာအချို့ကို ဖမ်းဆီးစစ်ဆေး နေကြောင်း ရှမ်းပြည်နယ် ရဲတပ် ဖွဲ့မှ သတင်းရရှိသည်။ တာချီလိတ်မြို့နယ် ဟွေ့ လှမ်းကျေးရွာအတွင်း တရားမ၀င် ရွှေတူးဖော်နေသော လုပ်ငန်းတစ် ခုကို တပ်မတော်စစ်ကြောင်းက ဇန်န၀ါရီ ၁၀ ရက်နံနက်၎ နာရီ ခန့်တွင် တရုတ်နိုင်ငံသားရှစ်ဦးနှင့် မြန်မာနိုင်ငံသား ၂၀ ဦးကို ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

စပါးဈေးကျဆင်းမှုကြောင့် အခက်ကြုံနေကြရတဲ့ လယ်သမားတွေ

တရုတ်က မြန်မာပြည်ကနေ ဆန်တင်သွင်းမှုကို ပိတ်ပင်လိုက်တာကြောင့် စပါးရိတ်သိမ်းချိန်ရောက်တဲ့အချိန်မှာ စပါးဈေးတွေ အရင်ကထက် ၂၀ ကနေ ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားတဲ့အတွက် လယ်သမားတွေ အခက်ကြုံခဲ့ကြရပါတယ်။ြ မန်မာနိုင်ငံလူဦးရေရဲ့  သုံးပုံနှစ်ပုံလောက်ရှိတဲ့ လယ်သမားတွေဟာ ဒီနှစ်စပါးပေါ်တဲ့ရာသီမှာတော့ အကျပ်အတည်း ကြုံနေရပါပြီ။ ရိတ်သိမ်းချိန်ရောက်တဲ့အချိန်မှာ လယ်သမားတွေလက်ထဲမှာ ရောင်းဖို့ အသင့်ဖြစ်နေတဲ့ဆန်ဈေး တဟုန်ထိုး ကျဆင်းသွားတဲ့အတွက် လယ်သမားတွေ အကျပ်အတည်း တွေ့နေခဲ့ရတာပါ။ြ မန်မာနိုင်ငံအဝှမ်းက လယ်သမားတွေရဲ့ အဆိုအရ ဒီနှစ်စပါးဈေးဟာ အရင်နှစ်ကထက် ၂၀ ရာခိုင်နှုန်းကနေ ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ဆိုကြပါတယ်။

Fire Fighting Robot (LUF 60) အမျိုးအစား စက်ရုပ် မီးသတ်ယာဉ်



ဒါကတော့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အတွက် ပိုလန်နိုင်ငံက ချေးငွေဖြင့် ဝယ်ယူရန် စီစဉ်ထားတဲ့ အဆင့်မြင့် မီးသတ်ကား ၆၅ စီးမှာ မေတ္တာလက်ဆောင်အဖြစ် ရရှိမယ့် ကမ္ဘာ့ အဆင့်မှီ Fire Fighting Robot (LUF 60) အမျိုးအစား စက်ရုပ် မီးသတ်ယာဉ် ဖြစ်ပါတယ်။ ဒီဇယ် အင်ဂျင်ပါဝါ အမျိုးအစား ဖြစ်ပြီး မီတာ (၃၀၀) ခန့် အကွာဝေးမှ နေ၍ (Wireless remote controlled ) ဖြင့် ထိန်းချုပ် မောင်းနှင်ရပါတယ်။ ဒီ စက်ရုပ်မီးသတ်ယာဉ်ဟာ ရေအားကို လေအားဖြင့် တွန်းပို့တာ ဖြစ်၍ အကွာအဝေး အားဖြင့် မီတာ (၆၀) ပေပေါင်း (၁၉၆) ပေ အထိ ရောက်ရှိပါတယ်။ေ နအိမ် အတွင်းက အဆိပ်ရှိသည့် ဓာတ်ငွေ့ လေပူနှင့် မီးခိုးငွေ့များ ကိုလည်း ပြင်ပသို့ရောက်အောင် စုပ်ယူနိုင်စွမ်း ရှိပါတယ်။


စစ်ဆေးခံရတဲ့မွန်ဝန်ကြီးချုပ်၊တနသာင်္ရီလွှတ်တော်ဥက္ကဌနဲ့ဒုဥက္ကဌတို့အပြစ်ရှိကြောင်းတွေ့ရှိ

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တိုင်ကြားခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌတို့နဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးချိန်က အပြစ်တွေ့ ရှိခဲ့တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လေ့လာသုံးသပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးဥာဏ်ဝင်း က ပြောပါတယ် ”ကျွန်တော်တို့ စုံစမ်းတော့ အပြစ်တွေ တွေ့ တယ်။ အဲဒီအပြစ်တွေကို ဘယ်လိုအပြစ်တွေပေးမလဲ။ ဘယ်လို ဆုံးဖြတ်မလဲဆိုတာကတော့ CEC (ဗဟိုအလုပ်မူဆောင်အဖွဲ့)က လာမယ်လေ။ အဲဒီကလာမှပဲ ကျွန်တော်တို့ ပြောလို့ ရမှာ။ အခုတော့ ကျွန်တော်ပြောလို့ မရသေးပါဘူး။CEC ဆုံးဖြတ်ချက်က တစ်ပတ်လောက်မှာ ထွက်လာမှာပါ” လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

မော်ဒယ် လုလုအောင်က သူမမွေးရပ်မြေ ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်များ အတွက် အလှူခံ

ဖေ့စ်ဘုတ် လူမှုကွန်ရက် သုံးစွဲသည့် အမျိုးသားများအကြား ရေပန်းစား လာသည့် မော်ဒယ် လုလုအောင် အနေဖြင့် သူမ၏ မွေးရပ်မြေ ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများအတွက် ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အလှူခံထားသည်။ လုလုအောင်က “2017 ရဲ့နှစ်ဦးကာလမှာ..လုရဲ့မွေးရပ်မြေ ...ဖြစ်တဲ့ ကချင်ပြည်နယ်တွင်း ပြည်တွင်းစစ်ကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ သွေးချင်းတွေနဲ့ အဓိပ္ပာယ်ရှိစွာနဲ့ ဖြတ်သန်းခဲ့ပါတယ်။ လုနဲ့ အတူ ချစ်သော ပရိသတ်များ အဓိပ္ပာယ်ရှိသော နေ့ ရက်လေးတွေကို လိုအပ်နေသော စစ်ဘေးသင့် ဒုက္ခသည်များကို ပေးလှူခြင်းဖြင့် အတူတကွ ဖြတ်သန်း သွားရအောင်လို့ အနူးအညွှတ် ဖိတ်ခေါ်အပ် ပါတယ်ရှင်” ဟု ရေးသားထားသည်။

ထိုင်းတောင်ပိုင်းရှိ ခရိုင်များတွင် မိုးများပြီး ရေကြီးနေ

ထိုင်းတောင်ပိုင်း မှာ ရေကြီးမှုတွေ ဆက်လက်ဖြစ်ပေါ်နေလို့ ပြည်သူတွေ  ရေဘေးသင့်နေတာကို နကော်စီဌာမရ Nakhon Si Thammarat.ပြည်နယ်​က သံဃာ​တွေ​ဆေးနဲ့အစာခြောက်တွေလိုက်ဝေပေးနေတာဖြစ်ပါတယ်။


တနင်္သာရီမြို့နယ် မော့တောင်ဒေသ၌ ရုပ်တရက် တောင်ကျချောင်းရေ ကြီးမြင့်မှုဖြစ်ပွား လူဦးရေအချို့ ပြောင်းရွှေ့နေရ

တနင်္သာရီမြို့နယ်-သိန်ခွန်းကျေးရွာအုပ်စု-မော့တောင်ဒေသ အမှတ် (၉)ကျေးရွာတွင် မိုးအဆက်မပြတ်ရွာ သွန်းမှုကြောင့် တောင်ကျချောင်းရေများ ရုပ်တရက် ကြီးမြင့်လာသဖြင့် ဇန်နဝါရီလ ၉ရက် ည ၉နာရီ အချိန်ခန့်က ၄င်းကျေးရွာ အတွင်းရှိ လူနေတဲအိမ် (၈)လုံး ရေနစ်မြှုပ်ခဲ့ပြီး လူနေတဲအိမ် (၃)လုံး ရေစီး ထဲသို့ မျှောပါဆုံးရှုံးခဲ့သဖြင့် ၄င်းရေဘေး ဒုက္ခသည် အိမ်ထောင်စု (၃)စုမှ လူဦးရေ ကျား(၆)ဦး၊ မ(၅)ဦး ပေါင်း (၁၁)ဦးတို့အား အမှတ်(၉) ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း၊ ရေနစ်မြုပ် အိမ်ထောင်စု (၈)စုမှ လူဦးရေ ကျား(၁၈)ဦး၊ မ(၂ဝ)ဦးတို့ကို အမှတ် (၈)ကျေးရွာ ဘုန်းတော်ကြီး ကျောင်းသို့ လည်းကောင်း၊ အမှတ်(၉) ကျေးရွာမှ အိမ်ထောင်စု (၁၁)စုတို့မှ လူဦးရေ ကျား (၂၄)ဦး၊ မ(၂၅)ဦး ပေါင်း (၄၉)ဦး တို့အား နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်း သို့ လည်းကောင်း ခေတ္တ ပြောင်းရွှေ့နေထိုင်စေခဲ့ရပြီး အမှတ် (၉)ကျေးရွာ မြစ်ကူတံတားအထက်တွင် ရေအမြင့်(၁၂) ပေခန့်အထိ တက်နေရာ တံတားအနီးရှိ ကားလမ်းများ အပေါ်တွင် ရေအမြင့် (၁၁)ပေခန့်အထိ ရေလွှမ်းလျက်ရှိ၍ ရေလွှမ်းမှု အကျယ် အားဖြင့် ပေ(၅ဝဝ)ခန့်ကြောင်း သတင်းရရှိသည်။

၂၀၁၆ အကယ်ဒမီဆုရှင်များ ပေါက်ကြားခြင်း

2016 အကယ်ဒမီ ဆုရှင်များအား www.iliemedia.com မှဖွင့်ချခဲ့ကြောင်း ခိုင်လုံသောရပ်ကွက်မှ သတင်းရရှိသည်။ပေါက်ကြားခဲ့သော ဆုရှင်များမှာ အောက်ပါ အတိုင်းဖြစ်သည်။ အကောင်းဆုံး ပူးတွဲ သရုပ်ဆောင်ဆုကိုတော့ "နင်လည်းကြာ ငါလည်းကျော်" ဇာတ်ကားမှ ကြာကူလီဇာတ်ရုပ်အဖြစ် အောင်လနှင့် စနှိုက်ကျော်ဇာတ်ရုပ်အဖြစ် ၀ိုင်းစု မှလည်းကောင်း အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကိုတော့ "မကာအိုမှ ချစ်သက်သေ" ဇာတ်ကားဖြင့် ၀တ်မှုံရွှေရည်မှ လည်းကောင်း အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို "ကော်လံပေါ်မှ နှုတ်ခမ်းနီ"  ဇာတ်ကားမှ သက်ကြားရွယ်အိုအခြောက်ဇာတ်ရုပ်ဖြင့် စိုင်းစိုင်းမှ လည်းကောင်း
အကောင်းဆုံး နောက်ခံတေးဂီတဆုကို  "ကြောင်သေကြောင်သား လိ့ဖြစ်လား" ဇာတ်ကားဖြင့် ထူးအယ်လင်းမှလည်းကောင်း အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို "ဦးနဲ့သမီး" ဇာတ်ကားမှ နီနီခင်ဇော်မှလည်းကောင်း အကောင်းဆုံး ဓာတ်ရှင်ဇာတ်လမ်းဆုကို "လာထား ချူစား" ဇာတ်လမ်းဖြင့် YYA & TZNW မှ လည်းကောင်း အကောင်းဆုံး ဇာတ်ညွန်းဆုကိုတော့ "ဘာလာလာ နိုး" ဇာတ်ကားဖြင့် မြန်မာပြည်သိန်းတန်မှ လည်းကောင်း အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကိုတော့ "သွေးဆုံးမှ ရိုက်တာရပ်မဲ့ ဓါတ်ပုံ" ဇာတ်ကားဖြင့် မိုးယုစံမှ Pre wedding ဓာတ်ပုံများဖြင့် လည်းကောင်း အကောင်းဆုံး ထုတ်လုပ်သူဆုကိုတော့ မသက်မွန်မြင့်၏အမျိုးသား ကိုစစ်နိုင်မှ ကလေးနှစ်ယောက်ဖြင့်လည်းကောင်း စသည်ဖြင့် အသီးသီး ရရှိမည်ဟု သိရသည်။ သတင်းအစုံ အလင်အား www.iliemedia.com တွင် ဖတ်ရှု့နိုင်ပြီး  ထိုပေါက်ကြားမှု အတွက် အကယ်ဒမီနေရာများအားြ ပန်လည်စီစစ်သွားမည် ဟုသတင်းရရှိသည်။ Crd Org OP

တရားမ၀င် ရွှေသတ္တု တူးဖော်သူများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဟွေ့လှမ်းကျေးရွာ အနီး တစ်ဝိုက်၌ တရားမ၀င် ရွှေသတ္တု တူးဖော် လုပ်ကိုင်နေကြောင်း သတင်းအရ ယနေ့ နံနက် ၄ နာရီခန့်တွင် တပ်မတော် စစ်ကြောင်းက သွားရောက်ရှင်း လင်းရာ ဟွေ့လှမ်း ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၀၀၀ ခန့် အကွာ၌ တရားမ၀င် ရွှေသတ္တု တူးဖော်နေသော တစ်ဖက်နိုင်ငံသား ၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၀ ဦးတို့ကို ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဘက်ဟိုး ၃ စီး၊ ဒိုဇာ ၁ စီး၊ မြေသယ်ယာဉ် ၃ စီး၊ မော်တော်ယာဉ် ၁ စီး၊ ရေစုပ်စက် ၃ လုံး၊ မီးစက် ၁ လုံး၊ လူနေတဲ ၃ လုံးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။ အဆိုပါ ယာဉ်များ၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။ MOI

တရားမဝင် ရွှေတူးဖော်သည့် တရုတ်နိုင်ငံသားများကိုဖမ်းမိ




မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဟွေလန်းရွာအနီးရှိ တောင်ပေါ်တွင် တရားမဝင် ရွှေတူးဖော်နေသည့် တရုတ်နိုင်ငံသားများ ပါဝင်သည့်အဖွဲ့ကို ဆက်စပ် စက်ပစ္စည်းများနှင့်အတူ ဇန်နဝါရီလ ၉ ရက်နေ့က ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ (R-16)

ထိုင်းမှာ ရောင်းစားခံ မြန်မာ ၄ ဦးကို ကယ်တင်နိုင်

ထိုင်းနိုင်ငံ နကွန်စီဌာမရခရိုင်တွင်းက ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်အားခမရဘဲ ရောင်းစားခံထားရတဲ့ အသက် ၂၀ ၀န်းကျင်အရွယ် လူငယ် ၃ ဦး အပါအ၀င် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေရဲ့ အကူညီနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဇန်န၀ါရီလ ၁၀ ရက်နေ့က ကယ်ဆယ်ခဲ့ပါတယ်။  ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့မှာ အလုပ်အကိုင်ရှာဖွေဖို့ ရောက်လာကြတဲ့ လူငယ်တွေကို မြ၀တီမြို့က ပွဲစားတဦးကနေ ထိုင်းနိုင်ငံတောင်ပိုင်း နကွန်စီဌာမရခရိုင်အတွင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဘတ်ငွေ ၁ သောင်း ၆ ထောင် ၅၀၀ စီယူပြီး ပို့ပေးခဲ့တာပါ။ သူတို့တွေကို တရားမ၀င် လမ်းကနေ ပို့ဆောင်ပေးခဲ့ပြီး ၈ လကနေ ၁ နှစ်ကျော်ကြာတဲ့အထိ လုပ်အားခမရဘဲ ခိုင်းစေခဲ့တာကြောင့် မိသားစုဝင်တွေက မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ကို ရှာဖွေကယ်ဆယ်ပေးဖို့ အကူညီတောင်းခဲ့တာကြောင့် မြန်မာနိုင်ငံသား ၄ ဦးကို ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်တယ်ဆိုပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့က ဦးစိုင်းအေး က အခုလို ပြောပြပါတယ်။

ပူတာအိုမြို့နယ်၌ စက်လှေ မှောက်၍ ပျောက်ဆုံးနေသည့် အလောင်း နှစ်လောင်းတွေ့

ပူတာအိုမြို့နယ် မလိခမြစ်နှင့် မူလာရှီဒီး မြစ်ဆုံတွင် စက်လှေ တိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသည့် လေးဦးအနက် ရုပ်အလောင်း နှစ်လောင်းကို ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီက တွေ့ရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ (R-06)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂ္ဂိုလ်၊ Soros Fund Management ဥက္ကဋ္ဌ Mr.George Soros နှင့် အဖွဲ့ကို လက်ခံ တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂ္ဂိုလ်၊ နို်င်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် Soros Fund Management ဥက္ကဋ္ဌ Mr.George Soros နှင့် အဖွဲ့ကို ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) နေ့လယ်က နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှု၊ ဘတ်ဂျက် ရေးဆွဲမှုကဏ္ဍ၊ ကျောက်မျက် တူးဖော်ရေးနှင့် ထုတ်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါး သုံးစွဲသူများ ပြန်လည် ထူထောင်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ် လျှော့ချရေးတို့နှင့် ပတ်သက်၍ နည်းပညာ အကူအညီ ပေးနိုင်မည့် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့သည်။

မိုဆူးလ်မြို့အရှေ့ပိုင်းကို အီရတ်တပ်ဖွဲ့များ ရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်တော့မည်ဟု ဆို

အီရတ်တပ်ဖွဲ့တွေဟာ မိုဆူးလ်မြို့ အရှေ့ပိုင်းကို ဂျီဟတ်များထံမှ ရက်ပိုင်းအတွင်း ပြန်လည် သိမ်းပိုက်ရရှိတော့မယ်လို့ အီရတ်ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦးက ဇန်န၀ါရီ (၉)ရက်နေ့က ပြောကြားလိုက်ပါတယ်။

မနေ့ကဖြစ်သည် ရုပ်သံဇာတ်လမ်းတွဲမှာ ပင်ပန်းခံ ကြိုးစားခဲ့ရပြီး ပရိသတ်အားပေးမှုအတွက် ကျေနပ်တယ်လို့ဆိုတဲ့ သရုပ်ဆောင် အေးမြတ်သူ

ဇန်န၀ါရီ ၂ ရက်က စတင်ပြီး MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ မနေ့ကဖြစ်သည် လျှို့ဝှက်သည်းဖို မြန်မာဇာတ်လမ်းတွဲကို ရုပ်သံကြည့်ပရိသတ်တွေ စိတ်ဝင်စား စောင့်ကြည့်မှုများပြားနေပါတယ်။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာအောင်မြတ်က ရိုက်ကူးထားပြီး သရုပ်ဆောင် အလင်းရောင်၊ သူရိယ၊ အေးမြတ်သူ၊ အကယ်ဒမီ ယွန်းယွန်းနဲ့ MRTV 4 က လေ့ကျင့်သင်ကြားပေးထားတဲ့ သရုပ်ဆောင်သစ်တွေ ပါဝင်ထားတာပါ။

နေပြည်တော်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆေးဝါးဓာ တုဓာတ်ခွဲခန်းမှ ထွက်ရှိလာသောအဖြေများကိုနိုင်ငံတကာမှအသိ အမှတ်ပြုတော့မည်

နေပြည် တော်အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ေ ဆးဝါးဓာတု ဓာတ်ခွဲခန်းမှ ထွက်ရှိလာသောအဖြေ များကို နိုင်ငံတကာ မှအသိအမှတ်ပြု တော့မည်ဖြစ်ကြောင်း အစားအ သောက်နှင့် ဆေးဝါးကွပ်
ကဲရေးဦး စီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက် တာသန်းထွဋ်က ဇန်န၀ါရီ ၁၀ ရက် က ပြောသည်။ အဆိုပါဓာတ်ခွဲခန်းအနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြုသည့် ISO/IEC 17025:2005 Accreditationကို ရရှိခဲ့ပြီဖြစ်သည့်အတွက် ယင်းကဲ့သို့ရရှိခြင်း သည် နိုင်ငံတော် ပိုင်ဆေးဝါးဓာတ်ခွဲခန်းအဖြစ် ပထမ ဦးဆုံးရရှိသည့်အပြင် အရှေ့တောင် အာရှနိုင်ငံများရှိ ဓာတ်ခွဲခန်းများ တွင်လည်း အမေရိကန် အခြေစိုက် ANAB ၏ ပထမဆုံးအသိအမှတ်ပြု ခံရသည့် ဓာတ်ခွဲခန်း လည်းဖြစ်ကြောင်း နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦး စီးဌာနတွင် ကျင်းပသည့်အခမ်းအနားမှ သိရသည်။

ခုံကောင်စီဝင်အလုပ်သမားကိုယ်စားလှယ် ပြန်လည်ရွေးချယ်ပေး၊ မပေး မဆုံးဖြတ်နိုင်သေးဟုဆို

အငြင်းပွား မှုဖြေရှင်းရေး ခုံကောင်စီဝင် အလုပ် သမားကိုယ်စားလှယ်ြ ပန်လည်ရွေး ချယ်ပေး၊ မပေးကို မဆုံးဖြတ်နိုင်သေး ကြောင်း အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ သိရသည်။ အလုပ်သမားအဖွဲ့ အများစု က ခုံကောင်စီဝင် အလုပ်သမား ကိုယ်စားလှယ် ပြန်လည်ရွေးချယ် ပေးရန် တောင်းဆိုနေမှုအပေါ် အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်ဦးမျိုးအောင်က အ ထက်ပါအတိုင်း ပြောကြားလိုက်ြ ခင်းဖြစ်သည်။ ""ခုံကောင်စီရွေးချယ်မှုကို တို့ ၀န်ကြီးဌာနကဘယ်လိုလုပ်ခဲ့သလဲ၊ ဘယ်လိုရွေးချယ်ခဲ့လဲ၊ အဲဒါတွေက ဥပဒေနဲ့ညီ၊ မညီ ဒါတွေကို အတည် ပြုနိုင်အောင်လုပ်နေတယ်။ ကိုယ်စား လှယ်ကို ပြန်ရွေးမယ်၊ မရွေးဘူးဆို တာတော့မသေချာသေးဘူး။ တို့ဝန် ကြီးဌာနကရွေးခဲ့တာ ဘယ်လောက် ထိခိုင်ခိုင်မာမာရွေးခဲ့လဲဆိုတာ ပြန် ကြည့်နေတယ်""ဟု အမြဲတမ်းအတွင်း ၀န် ဦးမျိုးအောင်က ဇန်န၀ါရီ ၉ ရက်တွင် ပြောသည်။

ထိုင်းဘုရင် အမိန့်အတိုင်း ဖွဲ့စည်းပုံပြင်မယ်

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ထိုင်းဘုရင် မဟာဗဟီရာလောင်ကွန်ရဲ့ အမိန့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။ အာဏာသိမ်း စစ်အစိုးရ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ လက်ရှိ အခြေခံဥပဒေကို ပြီးခဲ့တဲ့ သြဂုတ်လက ပြဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဖွဲ့စည်းပုံကို အတည်ပြုဖို့ ထိုင်းဘုရင်က ငြင်းဆန်ခဲ့ပြီး ဘုရင်စနစ်နဲ့ ပတ်သက်တဲ့ ဥပဒေတချို့ကို ပြင်ဆင်ပေးဖို့ အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးတဲ့ ထိုင်းနိုင်ငံမှာ အများပြည်သူနဲ့ နိုင်ငံရေးဆိုင်ရာကိစ္စတွေမှာ ဘုရင်က ဝင်ရောက် စွက်ဖက်လေ့မရှိတဲ့အတွက် အခုကိစ္စဟာ ရှားရှားပါးပါးပဲလို့ ဝေဖန်သူတွေက ပြောပါတယ်။

မြန်မာကို ဘာကြောင့် အစ္စရေးစိတ်ဝင်စား

အောက်ဖော်ပြပါမြေပုံတွင် ကမ္ဘာ့မွတ်စလင်နိုင်ငံ များ ကိုဖေါ်ပြထားသည်။ မြန်မာ နိုင်ငံနှင့်ကပ်လျက် ဘင်္ဂလားဒေ့ရှ်တွင် မွတ်စလင် ဦးရေ ၁၄၅ သန်း၊ အိန္ဒိယတွင် ၁၇၇ သန်း၊ ပါကစ္စတန် တွင် ၁၇၈ သန်း၊ အီရန်တွင် ၇၄ သန်း အသီးသီးရှိ ကြသည်။ ဆော်ဒီအာရေဗျ ကျွန်းဆွယ်မှ စတင် လာသော အစ္စလာမ် ဘာသာ ပျံ့ပွားမှုသည် အရှေ့ဘက် တွင် အိန္ဒိယနှင့် ဘင်္ဂလား ဒေ့ရှ် ဒေသ မြန်မာ နယ်စပ်၌ တန့်သွား သည်ကို တွေ့ရ မည်။ ထို့နောက် မြန်မာ နိုင်ငံကို ကွေ့၍ မလေးရှား အင်ဒိုနီးရှား ဖက်သို့ ကူးစက် သွားသည် ကိုတွေ့ရပါမည်။ အရှေ့အလယ်ပိုင်းဒေသတွင်လည်း အစ္စရေးနိုင်ငံ သည် မွတ်စလင်နိုင်ငံ များဝန်းရံနေသော မွတ်စလင် မဟုတ်သည့် နိုင်ငံဖြစ်သည်။ သူနှင့် နယ်နမိတ် ကပ်လျက် အီဂျစ် ဂျော်ဒန် လက်ဘနွန် ဆီးရီးယား တို့မှာ မွတ်စလင် နိုင်ငံများ ချည့် ဖြစ်ကာ အစ္စရေးကို ကမ္ဘာ့ မြေပုံ ပေါ်မှ ပျောက်ကွယ်အောင် လုပ်ရန် အဓိဋ္ဌာန် ချထား သူများ ဖြစ်ကြ၏။ အီရန်နိုင်ငံ ဆိုလျှင် အစ္စရေးအား ပင်လယ် ထဲကန်ချမည် ဟု ကြိမ်းဝါး ထားသည်။ မွတ်စလင် နိုင်ငံအား လုံး၏ ရန်သူ ဖြစ်နေသော အစ္စရေးသည် လုံခြုံရေး သတိ အမြဲရှိကာ မွတ်စလင် နိုင်ငံများ ရန်ကို တစ်စက္ကန့် မှ မလပ်အောင် ကြည့် နေရသူ ဖြစ်သည်။

ညောင်လေးပင်မြို့နယ် သရက်ကုန်းကျေးရွာတွင် လူသတ်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် သရက်ကုန်းကျေးရွာမှာ ဇန်နဝါရီ(၉)ရက် မွန်းလွဲ(၁)နာရီအချိန်ခန့်က လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အသက်(၇၀)အရွယ်ရှိဦးသောင်းစိန်(ခ)ဦးဂျပန်ဟာမတ်ပဲစိုက်ခင်းသွားကြည့်ရာကနေ အိမ်ပြန်မရောက်လာတဲ့အတွက် မိသားစုဝင်တွေ လိုက်လံရှာဖွေခဲ့ရာ မတ်ပဲစိုက်ခင်းအတွင်းဒဏ်ရာတွေနဲ့မှောက်လျက် သေဆုံးနေတာကိုတွေ့ရလို့ သားဖြစ်သူ ဦးဇော်လင်းက ညောင်လေးပင်မြို့မရဲစခန်းကို အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ညောင်လေးပင်မြို့မ ရဲစခန်းကစုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်ခဲ့ရာမှာ အခင်းဖြစ်ပြီး(၂) နာရီခန့် က သရက်ကုန်းကျေးရွာမြောက်ဘက် (၁)မိုင်ခန့်အကွာရှိ ရှမ်းစုကျေးရွာနဲ့ မအူတန်းကျေးရွာကြား တံတားပေါ်မှာ မသင်္ကာသူတစ်ဦးကို တွေ့ရှိ စစ်ဆေးမေးမြန်းရာကနေ အမှုမှန်ပေါ်ပေါက်ခဲ့တယ်လို့ ရဲစခန်းမှတ်တမ်းအရ သိရပါတယ်။

သိန်းနီမြို့နယ်၊ ရေပူစစ်ဆေးရေးဂိတ် ပြန်ဖွင့်မည်ဟုသိရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ သိန်းနီမြို့နယ်ရှိ ရေပူစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ဆောင်ရွက်မယ်လို့ သိရပါတယ် . ဒီကိစ္စနဲ့ပတ်သက်ပြီး မူဆယ်မြို့၊ အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ မူဆယ်-နမ့်ခမ်းမြို့ပေါ်မှာရှိတဲ့ ကုန်သည်များကို မနက်ဖြန်(11-1-2017) နံနက်(၁၁း၀၀)နာရီအချိန်၊ မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်းကုန်သည်ကြီးများအသင်းခန်းမမှာ ကြိုတင်ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား ပြုလုပ်မှာဖြစ်ကြောင်းသိရပါတယ် .ေ ရပူစစ်ဆေးရေးဂိတ်ကို ၁၉၉၈ခုနှစ်၊ ဒီဇင်ဘာလက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ကွပ်ကဲမှုနဲ့ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ် . ၂၀၀၆ခုနှစ်၊ သြဂုတ်လမှာ နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်ချက်အရ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက တရားဝင်လွှဲပြောင်းရယူခဲ့ပါတယ် . တရုတ်-မြန်မာ ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ စစ်ဆေးရေးဂိတ်တွေများပြီး ကုန်စည်စီးဆင်းမှု နှေးကွေးစေတဲ့အတွက် မလိုအပ်တဲ့ သိန်နီမြို့နယ် ရေပူစစ်ဆေးရေးဂိတ်ကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ(၇)ရက်နေ့မှာ ပိတ်သိမ်းခဲ့ပါတယ် .

နမ့်ဆန်မြို့နှင့် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့တပ်စခန်းတို့အား TNLA အကြမ်းဖက် သောင်းကျန်းသူများက အကြိမ်ကြိမ် လာရောက်နှောင့်ယှက်ပစ်ခတ်

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့အနီးနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေးကို ပုံမှန်ဆောင်ရွက်လျက်ရှိစဉ် ဇန်န၀ါရီ ၁၀ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် နမ့်ဆန်မြို့၏ အရှေ့တောင်ဘက် မီတာ ၁၃၀၀ ခန့်အကွာသို့အရောက်၌ TNLA အကြမ်းဖက်သောင်းကျန်းသူအင်အား ၂၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ည ၇ နာရီခွဲခန့်တွင် ရန်သူများတောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဆုတ်ခွာသွားသည့် ရန်သူ့နောက်သို့ တပ်မတော်စစ်ကြောင်းက လိုက်လံရှင်းလင်းစဉ် ည ၈ နာရီခန့်တွင် နမ့်ဆန်မြို့အ၀င်ရှိ မန်ခိုက်နတ်စင်ကုန်းတစ်ဝိုက်၌ TNLA အကြမ်းဖက်သောင်းကျန်းသူ များက ခေတ္တခြေကုပ်ယူ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရန်သူ့ပစ်ခတ်မှုရပ်တန့်သွားခဲ့သည်။

ဂျိုးဇက်ဘေးလ်စတီးယားအနုပညာဆု မြန်မာအနုပညာရှင် အေးကို ချီးမြှင့်ခံရ

လွတ်လပ်တဲ့အနုပညာအတွက် ပေးအပ်ချီးမြှင့်တဲ့ ၂၀၁၇ ဂျိုးဇက် ဘေးလ်စတီးယားဆု Joseph Balestier Awardကို မြန်မာနိုင်ငံက  အနုပညာရှင် အေးကို ချီးမြှင့်ခံခဲ့ရပါတယ်။     အသက် ၅၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ပါဖောင်းမန့်အနုပညာရှင် အေးကိုကို  စင်ကာပူနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကာ့က်ဝေဂျာနဲ့ Art Stage Singapore တည်ထောင်သူ ဥက္ကဋ္ဌ လောရန်ဇို ရုဒ်ဒေါ့ဖ်တို့က မနေ့ညကဆုချီးမြှင့်ခဲ့ကြတာပါ။ စင်ကာပူရဲ့ပထမဆုံး အမေရိကန် သံအမတ်ကြီး  ဂျိုးဇက် ဘေးလ်စတီးယားရဲ့ အမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ ဒီဆုကို Art Stage Singapore နဲ့ အမေရိကန်သံရုံးတို့က ပူးပေါင်းပြီး ရွေးချယ် ပေးအပ်တာဖြစ်ပါတယ်။

ကျောက်ကြီးမြို့နယ်တွင် လေသေနတ်တစ်လက်နှင့်အတူ ဆေးခြောက်နှင့် စိတ်ကြွဆေးပြား ငါးသောင်းကျော် ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသ၊ ဆင်ဆိပ်ကျေးရွာရှိ နေအိမ်တစ်အိမ်မှာ ဇန်န၀ါရီလ ၁၀ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား ၅၆၆၅၀ ပြား၊ ဆေးခြောက် ၆၅ ကျပ်သားနဲ့ လေသေနတ်တစ်လက် တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါတယ်။

ထိုင်ဝမ်ရေလက်ကြားသို့ တရုတ်လေယာဉ်တင်သင်္ဘောဝင်ရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနဆို

တရုတ်နိုင်ငံ၏ တစ်စင်းတည်းသော လေယာဉ်တင်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြားသို့ ဝင်ရောက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားလိုက်ပြီး နှစ်နိုင်ငံကြား တင်းမာမှုမြင့်တက်နေကြောင်း တရုတ်ဘက်က ပြသလိုက်ခြင်းလည်း ဖြစ်သည်။ Liaoning လေယာဉ်တင် သင်္ဘောသည် ထိုင်ဝမ်ရေပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့ခြင်းမရှိသော်လည်း လေကြောင်းကာကွယ်ရေးဇုန် ဧရိယာထဲသို့ဝင်ရောက်ခဲ့ကြောင်း ဝန်ကြီးဌာနကဆိုသည်။ အဆိုပါ တရုတ်သင်္ဘောကိုစောင့်ကြည့်ရန် အင်္ဂါညတွင် F-16 ဖိုက်တာဂျက်လေယာဉ်များနှင့် အခြားလေယာဉ်တစ်စင်းတို့အဖြင့် အနီးကက်စောင့်ကြည့်ခဲ့ကြောင်း ထိုင်ဝမ်မီဒီယာက ဆိုသည်။ သို့သော် ယင်းသတင်းကို ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ခြင်းမရှိပေ။ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်ထဲတွင် "စစ်တပ်ဟာ အခြေအနေတစ်ခုလုံးကို စောင့်ကြည့်နေပါတယ်၊ ပြီးတော့ လိုအပ်တာတွေကိုလည်း လုပ်ဆောင်မှာပါ၊ ထိုင်ဝမ်ပြည်သူတွေ တည်ငြိမ်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းလိုက်ပါတယ်" ဟု ဖော်ပြထားသည်။
Ref:Reuters

မြန်မာနိုင်ငံတွင်ပထမဆုံးသောပင်လယ်ပြင်ကို မျက်နှာမူထားသည့်ခေတ် မီSea View Condo မြိတ်မြို့၌ တည်ဆောက်

မြန်မာနိုင်ငံ တွင် ပထမဆုံးသောပင်လယ်ပြင် ကို မျက်နှာမူပြီး တည်ဆောက်မည့် အဆင့်မြင့်ခေတ်မီဒီဇိုင်းဖြင့်Sea View Condo ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စတင်တည်ဆောက်နေ ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ Sea View Condo သည် မြန်မာနိုင်ငံတွင် ပထမဆုံး သော ပင်လယ်နှင့် နီးစပ်သည့် အဆင့် မြင့်လူနေအိမ်ခန်းများ၊ စားသောက် ဆိုင်ခန်းများ၊ ဖျော်ဖြေရေးနှင့် အ ပန်းဖြေအနားယူရန်နေရာများပါရှိ သော စီမံကိန်းတစ်ခုဖြစ်သည်။ ""Sea View Condo စီမံကိန်း က မြိတ်မြို့ကမ်းနားလမ်းမှာတည်ရှိ ပြီး စီမံကိန်းစုစုပေါင်းအကျယ်အ၀န်း က ၂၈ ဧကရှိကာ ပထမကာလအ ကောင် အထည်ဖော်မယ့် မြေအကျယ် အ၀န်းက ၁၁ ဒသမ ၈ ဧကကျယ် ၀န်းပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများ တွေ့ဆုံ

မော်လမြိုင်မြို့နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်မှ ဦးစီးကျင်းပ သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ေ ဒသခံပြည်သူလူထုများတွေ့ဆုံဆွေးနွေးပွဲ (Town Hall Meeting)ကို ဇန်န၀ါရီ ၁၀ ရက် နံနက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်များအသင်းခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်၊၊ အခမ်းအနားတွင် မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများ က တက်ရောက်လာကြသူများအား မိတ်ဆက်စကားပြောကြားကြပြီး မြို့ နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ရက်ညှိနှိုင်းရေးမှူး ဦးကျော်လွင် က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ ဦးကြည်ဇော်လွင်မှ Town Hall Meeting ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြား သည်၊၊

တနင်္သာရီ မောတောင်ဒေသတွင်မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့်လမ်း တံတားများနှင့် နေအိမ်များပျက်စီးဆုံးရှုံး

တနင်္သာရီ တိုင်းဒေသကြီး မောတောင်ဒေသတွင်မိုးအဆက်မပြတ်ရွာ သွန်းခြင်းကြောင့် လမ်းတံတားများ၊ နေအိမ်များပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်နေပြီး ကယ် ဆယ်ရေးစခန်းများဖွင့်လှစ်ထားရ ကြောင်း တနင်္သာရီမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင် ကပြောသည်။ အဆိုပါဒေသတွင် ဇန်န၀ါရီ ၆ ရက်မှစတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းဖြစ်ပေါ်ခဲ့ခြင်းကြောင့် တောင်ကျချောင်းရေစီးဆင်းပြီး ရေ ကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ဦးထွန်းမင်းနိုင်က ""တနင်္သာရီ မြို့နယ် မောတောင်ဒေသအမှတ် (၉)ရပ်ကွက်အထိ တောင်ကျချောင်း ရေများစီးဆင်းပြီး လူနေအိမ်များနဲ့ လမ်းတံတားအချို့ပျက်စီးမှုရှိခဲ့ပါ တယ်။ အချိန်အခါမဟုတ် မိုးရွာသွန်း မှုကြောင့် အမှတ်(၉)ရပ်ကွက်ရှိ လူ နေအိမ်လေးလုံးပျက်စီးခဲ့ပါတယ်။


ရန်ကုန်ယာဉ်လိုင်းသစ်များစတင်မည့်နေ့ ပြည်သူများအဆင်ပြေစေရေး လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ကူညီမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စနစ်သစ်ဖြင့် ယာဉ်လိုင်းများစတင်ပြေးဆွဲ မည့် ဇန် န၀ါရီ ၁၆ ရက်တွင် ပြည်သူများ အခက်အခဲမဖြစ်ပေါ်စေရန် အကူ အညီပေးရေးအဖွဲ့များကို မြို့နယ် အလိုက်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။ြ ပည်သူများအခက်အခဲမဖြစ် စေရေး အကူအညီပေးရေးအဖွဲ့များ ကို မြို့နယ်အလိုက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဦး ဆောင်ဖွဲ့စည်းဆောင်ရွက်မည်ဖြစ် ပြီး ဇန်န၀ါရီ ၁၀ ရက်က ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် Media Corner တွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များတွေ့ဆုံခဲ့ပြီး ယင်းသို့ဆောင်ရွက်ရန် ဆွေးနွေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

နမ့်ဆန်မြို့တွင်းသို့ TNLA ယူနီဖောင်းဝတ် လက်နက်ကိုင်များ ၀င်ရောက်လာခြင်းကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်

နမ့်ဆန်မြို့ ဇရမ်းကြီးရပ်ကွက်အတွင်းသို့ TNLA ယူနီဖောင်းဝတ်လက်နက် ကိုင်များ ၀င် ရောက်လာခြင်းကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်ပေါ်ခဲ့ ရကြောင်း သိရသည်။ ဇန်န၀ါရီ ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင်TNLA ယူနီဖောင်းဝတ် ဆင်ထားသော လက်နက်ကိုင်တပ် ဖွဲ့ဝင်အင်အား ၄၀ ခန့်သည် ဖိုးဝီး ကား၊ ပါဂျဲရိုးကားများဖြင့် နမ့်ဆန် မြို့အတွင်းသို့ ရုတ်တရက်ဝင်ရောက် လာခဲ့ခြင်းကြောင့် ပြည်သူများသည် အထိတ်တလန့်ဖြစ်ကာ ကျောင်းသူ၊ေ ကျာင်းသားများအား အိမ်သို့ပြန် လည်ခေါ်ဆောင်ခဲ့ကြရသည့်ဖြစ် စဉ်များဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာစစ်ဌာနအရေအတွက် တိုးမြှင့်မည်

ယခုနှစ် တက္ကသိုလ်ဝင်တန်းအတွက် စာစစ် ဌာနအရေအတွက်ကိုယခင်နှစ်က ထက် တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။၂၀၁၇ခုနှစ်မတ်လ တွင်ဖြေဆိုမည့်တက္ကသိုလ်ဝင်တန်းကို ကျောင်း သား၊ ကျောင်းသူ ခုနစ် သိန်းကျော်ဝင် ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထား သည့်အတွက် ယခင်နှစ်ကထက်တစ် သိန်းကျော် ပိုမိုများပြားနေကြောင်း၊ ယင်းအတွက် ယခင်နှစ်ကဖွင့်လှစ်ခဲ့ရ သောစာစစ်ဌာနအရေအတွက် ၁၄၀၀ ကျော်ထက် ယခုနှစ်တွင်စာစစ်ဌာန အရေအတွက် တိုးမြှင့်ဖွင့်လှစ်မည်ဖြစ် ကြောင်ြး မန်မာနိုင်ငံစာစစ်ဦးစီးဌာန မှ သိရသည်။ ""ကျောင်းသားအရေအတွက် တိုးလာတဲ့နေရာတွေကတော့ အခုချိန် အထိစာရင်းတွေပေးဆဲပါ။ ဒါကြောင့် အရေအတွက်ကတော့ တိုးနေတုန်းပဲ ရှိသေးတယ်။ စာရင်းအတိအကျတော့ မရသေးဘူး။ မနှစ်ကထက်တော့တိုး မှာပါ။ အခုလည်းတိုးတောင်းထားတဲ့ နေရာတွေကိုလည်း ဖွင့်ခွင့်ပြုထားပါ တယ်""ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှတာဝန်ရှိသူတစ်ဦးက ဒီမိုကရေစီ တူဒေးသို့ ဇန်န၀ါရီ၁၀ရက်က ပြော သည်။

ဦးမျိုးရန်နောင်သိန်း အာမခံရရေး ထပ်မံလျှောက်ထားဟု ရှေ့နေဆို

ဆက်သွယ် ရေးဥပဒေပုဒ်မ-၆၆(ဃ)ဖြင့်အမှု ရင်ဆိုင်နေရသောဦးမျိုးရန်နောင် သိန်းသည်နောက်တစ်ပတ်ရုံးချိန်းတွင် အာမခံရရှိလိမ့်မည်ဟု မျှော်လင့် ကြောင်း တရားလွှတ်တော်ရှေ့နေ ဦး ကျော်ဟိုးက ပြောသည်။ ဇန်န၀ါရီ ၁၀ ရက်တွင် ရုံး ထုတ်လာသည့် ဦးမျိုးရန်နောင်သိန်း ၏တရားခွင်အပြီးတွင် ၎င်းင်း၏ရှေ့နေ ဦးကျော်ဟိုးက မီဒီယာများနှင့်တွေ့ ဆုံစဉ်အထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။ ကမာရွတ်မြို့နယ်တရားရုံး တွင် ဦးမျိုးရန်နောင်သိန်းအမှုနှင့် ပတ်သက်ပြီး တရားလိုပြသက်သေနှစ်ဦးဖြစ်သည့်လှိုင်မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှဒုရဲ အုပ်စိုးမော်နှင့်လှိုင်မြို့နယ် (၇)ရပ်ကွက်မှရှာဖွေသက်သေအရပ် သား တစ်ဦးတို့ကို ဇန်န၀ါရီ ၁၀ ရက်က စစ်ဆေးခဲ့ပြီးနောက် ဦးမျိုးရန်နောင် သိန်းအား အချုပ်လွတ်အာမခံရရှိရေး အတွက် ထပ်မံလျှောက်ထားခဲ့သည်။

တိုင်းဒေသကြီး၊ပြည်နယ်များအလိုက် ဇန်န၀ါရီ ၁ ရက်မှ ၈ ရက်အထိ ခါးပတ်မပတ်သည့် ယာဉ်မောင်း ၆၃၉ ဦးကို စစ်ဆေးအရေးယူ

နိုင်ငံ တော်အဆင့် အမျိုးသားယာဉ်အန္တ ရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းရေး ကောင်စီ (NRSC-National Road Safety Council) မှတစ် ဆင့် မြန်မာ နိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ ညွှန်ကြား ချက်အရ မော်တော် ယာဉ်များတွင် အသက်ကယ်ခါးပတ်ဝတ်ဆင်မှုမရှိ သည့် ယာဉ်မောင်း များအားအရေး ယူဆောင်ရွက်နိုင်ရေးအတွက် မြန် မာနိုင်ငံယာဉ်ထိန်းရဲတပ် ဖွဲ့(နေပြည် တော်)မှ တိုင်းဒေသကြီး ပြည်နယ် များရှိ ယာဉ်ထိန်းရဲ တပ်ဖွဲ့များသို့ ဇန်န၀ါရီ ၁ ရက်မှစတင်၍ ညွှန် ကြားစာထုတ်ပြန်ပြီး အရေးယူ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံး(နေပြည်တော်) မှ သိရသည်။

ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏ မြင့်မြတ်သောဂုဏ်ရည်

(၁)ြ မန်မာ့လွတ်လပ်ရေးဗိသုကာ၊ အာဇာနည်ခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်း ကတော်၊ မဟာသီရိ သုဓမ္မဒေါ်ခင်ကြည် ကွယ်လွန်အနိစ္စရောက်ခြင်း (၂၈) နှစ် ပြည့်အလှူဒါနအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် က ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ပင့်သံဃာတော် ၁၅ ပါးကို နေ့ဆွမ်းနှင့် သင်္ကန်း ကပ်လှူခဲ့ပြီး ဆရာတော်ကြီးများ ထံမှ ငါးပါးသီလနှင့် တရား တော်နာယူခဲ့ကြောင်း သတင်းကို Democracy Today သတင်းစာတွင် ဖတ်ရှုရသည်။ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း အမှတ် (၅၄) ရှိ ဒေါ်အောင်ဆန်းစုကြည် ၏နေ အိမ်တွင် ကျင်းပပြုလုပ်သော အလှူဒါနပြုပွဲသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးနှင့် ဗဟိုအလုပ် အမှုဆောင်ကော်မ တီ ၀င်များ၊ မိတ်ဆွေသင်္ဂဟ၊ ဆွေမျိုးသား ချင်းများ တက်ရောက်ခဲ့ကြသည်ဟု အဆိုပါသတင်း၌ ဆက်လက်ဖော်ပြသည်။

နှုတ်ဆက်မိန့်ခွန်းတွင် ဒီမိုကရေစီစမ်းသပ်မှုကို အိုဘားမားသတိပေး

အမေရိကန်နိုင်ငံသည် ဒီမိုကရေစီစမ်းသပ်မှုကို ခံနေရကြောင်း အင်္ဂါနေ့ညတွင် ပြုလုပ်ခဲ့သည့် နောက်ဆုံးနှုတ်ဆက်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားခဲ့သည်။ အစိုးရတာဝန်ကို ၈ နှစ်ကြာတာဝန်ယူပြီးနောက် ၄င်း၏ ဒေသခံ ချီကာဂိုမြို့တွင် ပြုလုပ်ခဲ့သော နှုတ်ဆက်ပွဲ၌ "ဒီမိုကရေစီဆိုတာ စည်းလုံးညီညွတ်မှု အခြေခံစံနှုန်းတွေလိုအပ်ပါတယ်၊ ကျွန်တော်တို့အားလုံးဟာ မတူကွဲပြားမှုတွေရှိနေပေမယ့်လည်း ဒီနေရာမှာ အတူတကွရှိနေကြပါတယ်၊ ကျွန်တော်တို့ဟာ တစ်သားတည်း မြင့်တက်လာနိုင်သလို လဲပြိုသွားနိုင်ပါတယ်၊ စည်းလုံးညီညွတ်မှုကိုလဲပြိုစေအောင် ခြိမ်းခြောက်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ သမိုင်းတစ်လျှောက်မှာ အခိုက်အတန့်တချို့ရှိခဲ့ပါတယ်၊ ဒီရာစုနှစ်အစပိုင်းဟာ အဲဒီအချိန်တွေထဲက တစ်ခုဖြစ်ပါတယ်၊ ကျုံ့လာတဲ့ကမ္ဘာကြီး၊ ကြီးထွားလာတဲ့မညီမျှမှု၊ လူဦးရေပြောင်းလဲမှု နဲ့ အကြမ်းဖက်ဝါဒရဲ့ခြောက်လှန့်မှု အဲဒီအင်အားတွေဟာ ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ သာယာဝပြောမှုကို စမ်းသပ်နေတာမဟုတ်ပေမယ့် ဒီမိုကရေစီကို စမ်းသပ်နေတာဖြစ်ပါတယ်" ဟု သတိပေးပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသားမူစလင်လူမျိုးများကို ခွဲခြားဆက်ဆံမှုကို မလုပ်ကြရန်သမ္မတအိုဘားမားက တောင်းဆိုခဲ့သည်။ ၄င်းက "ကျွန်တော်တို့စစ်တပ်ထက်ပိုပြီးလိုအပ်နေတဲ့ ကျွန်တော်တို့ရဲ့ ဘဝရှင်သန်မှုကို ကာကွယ်ရမယ်၊ ကျွန်တော်တို့ ကြောက်စိတ်ဖြစ်လာတဲ့အခါ ဒီမိုကရေစီဆိုတာ ပြိုလဲနိုင်ပါတယ်၊ ပြင်ပက ကျူးကျော်မှုတွေကို ဆန့်ကျင်ဖို့ ကိုယ်ထူကိုယ်ထလုံခြုံရေးတွေ ဆက်ရှိနေရမှာဖြစ်ပြီး ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဘယ်သူဆိုတာပြသပေးတဲ့ တန်ဖိုးတွေကို မှေးမှိန်အားနည်းလာမှုကို ဆန့်ကျင်ဖို့ ကာကွယ်ကြရပါမယ်" ဟုပြောသည်။  Ref:AFP