Thursday, January 12, 2017

ပုသိမ်ကြီးမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား လူနာတစ်ဦး မီးလောင်သေဆုံး

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေထွက်ကျေးရွာအုပ်စု ရေထွက်ကျေးရွာရှိ အိမ်ရှင် ဦးဇော်လွင်ဦး၏ အိမ်ငှားထားရာ နေအိမ်များ မီးလောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်ခြင်းကြောင့် အိမ်ငှားထားသော နေအိမ် ၁၅'ပေ ၁၂'ပေ၊ ၆အိမ် မီးလောင်ခဲ့ပြီး တီဘီရောဂါဖြစ်ပွားနေသော လူနာတစ်ဦး မီးလောင်သေဆုံးခဲ့သည်။ မီးစတင်လောင်ခဲ့ခြင်းမှာ လူနာ၏ နေအိမ်မှဖြစ်ပြီး လူနာ ခြင်ဆေးခွေထွန်း ထားရာ မီးမှ အိပ်ယာ ကိုမီးစွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ဇာနည်ကိုကို

တရုတ်ဖက် ထွက်ပြေးတဲ့ ဒုက္ခ သည် လေးထောင်ကျော် အခက် အခဲဖြစ်နေ

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်က ဇိုင်းအောင်နဲ့ မဂါးယန် ဒုက္ခသည် စခန်းအနီးကို လက်နက်ကြီးတွေ ကျရောက်နေတာကြောင့် တရုတ်နိုင်ငံဖက်ကို ထွက်ပြေးတဲ့ ဒုက္ခသည် ၄ ထောင်ကျော်ကို တရုတ်ဖက်က လက်မခံတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ အကူအညီပေးနေ သူတွေက ပြောပါတယ်။ တရုတ်နိုင်ငံဘက်ကို မနေ့က ထွက်ပြေးခဲ့တဲ့ စစ်ဘေးဒုက္ခသည် ၄၀၀၀ ကျော်ကို တရုတ်ဘက်က လက်မခံဘဲ ဒီနေ့မနက်မှာ ပြန်လွှတ်လိုက်တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဆမ်ဆွန် က ပြောပါတယ်။ လက်ရှိအချိန်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIAနဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေကိုလည်း မပြန်ရဲဘဲ လမ်းတ၀က်မှာ နေစရာမရှိဖြစ်နေတယ်လို့လည်း ပြော ပါတယ်။

မစ္စယန်ဟီးလီ ပေါင်မြို့နယ်က ကုန်ထုတ်စခန်းတွေ သွားရောက်လေ့လာ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီဟာ အကျဉ်းသား ၃၀၀ ကျော်ရှိတဲ့ မွန်ပြည်နယ် ဇင်းကျိုက် မြို့က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် မှာရှိတဲ့ ဇင်းကျိုက် ကုန်ထုတ်စခန်း ကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။ မစ္စယန်ဟီးလီဟာ အကျဉ်းသားတွေနေထိုင်ရေး နဲ့ စားသောက်ရတဲ့အခြေအနေတွေကို လေ့လာ ခဲ့တာဖြစ်ပါတယ်။ အဲဒီကုန်ထုတ်စခန်းမှာ အကျဉ်းသားတွေနေထိုင်တဲ့ အဆောင်တွေကို လိုက်လံလေ့လာခဲ့ပြီး အကျဉ်းသားတွေ လုပ်ကိုင်တဲ့ ပေါင်မြို့နယ် ဖလပ်ကျေးရွာ က ကျောက်ထုတ်တဲ့ ကုန်ထုတ်စခန်း ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

လျှပ်စစ်မီးဖို အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ပခုက္ကူမြို့ အမှတ်(၉)ရပ်ကွက်၊ ညောင်ပင်လမ်း နေအိမ်ရှင် ဦးရဲလေး၏ နေအိမ်တွင်လျှပ်စစ်မီးဖို မပိတ်ဘဲ ထားခဲ့ရာမှ အပူလွန်ကဲပြီး ဇန်နဝါရီ ၁၁ရက် ညနေ ၄ နာရီ ၁၀ မီနစ်က နေအိမ်မီးလောင်မှုဖြစ်ပွားသည်။ ဖြစ်စဉ်မှာ အိမ်ရှင်ဦးရဲလေး၏ ၄၀ ပေ x ၆၀ ပေ ဝါးကပ်မိုး၊ ထရံကာ၊ မြေစိုက် နှစ်ထပ်နေအိမ် အတွင်းရှိမီးဖိုဆောင် အတွင်းတွင် လျှပ်စစ်မီးဖို ခလုတ်မပိတ်ဘဲ ထားခဲ့ရာမှ အပူလွန်ကဲပြီးအနီးရှိ ဝါးထရံကာသို့ ကူးစက်လောင်ကျွမ်းရာ မီးဖိုဆောင်ထရံကာ ၅ ပေ ၃ ပေ ခန့်၊ မီးဖိုဆောင် ဝါးကပ်မိုး ၂၀ ပေ ၁၀ ပေ ခန့်နှင့် နေအိမ်ဝါးကပ်မိုးနှင့် ဝါးထရံကာ အနည်းငယ်တို့ လောင်ကျွမ်းခဲ့သည်။ မီးလောင်ရာသို့ ခရိုင်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီးနှင့် အနီးရှိပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ကြသည်။ မီးလောင်မှုကြောင့်လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သတင်းရရှိသည်။ မြို့နယ် (ပြန်/ဆက်)

မိုးညှင်းမြို့နယ်တွင် မိန်းကလေးငယ်များ ပျောက်ဆုံးမှုဖြစ်ပွားနေ

ကချင်ပြည်နယ် မိုးညှင်းမြို့ တွင် အမျိုးသမီးငယ်လေးများ ပျောက်ဆုံးလျက်ရှိရာ သက်ဆိုင် သူများက မိုးညှင်းမြို့မရဲစခန်း တွင်အကူအညီတောင်းခံခဲ့ကြသဖြင့် လူပျောက်မှုဖြင့် ရေးဖွင့်စုံစမ်းရှာ ဖွေလျက်ရှိကြောင်း သိရသည်။ စုံစမ်းသိရှိရသည်မှာ ယခုလ ၉ရက် ညနေ ၅နာရီ ၂၅ မိနစ် တွင် မိုးညှင်းမြို့နယ် ဘီလူးကျေး ရွာမြို့ဟောင်းရပ်ကွက်နေ ဦးစိုး ဝင်းဦးသည် မိုးညှင်းမြို့မရဲစခန်း သို့လာရောက်ကာ ၄င်း၏ညီမဖြစ် သူ မငြိမ်းအိဖြူ(ခ)မငြိမ်းငြိမ်း (၁၈နှစ်)သည် မအိအိမိုးအသက် (၂ဝ)၊ မနုနုအေး(၂၃နှစ်)၊ မဝင်းလှ (ခ)မငယ်(၃၄နှစ်)တို့သည် မိဘ အုပ်ထိန်းသူတို့၏ခွင့်ပြုချက်အရ ပင်းဟဲကျေးရွာနေ မောင်ဇော်ရဲ(ခ) ဇော်ရဲထွန်းအသက်(၃ဝ)နှင့်အတူ ယခုလ ၅ရက်တွင် မြစ်ကြီးနားမြို့ သို့ အလုပ်လုပ်ရန်လိုက်ပါသွားခဲ့ ကြကြောင်း၊ ထိုသို့လိုက်ပါသွားရာမှ ယခု လ ၉ ရက်တွင် အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး စုံစမ်းခဲ့သော် လည်း သတင်းအစအနမရရှိတော့ သဖြင့် အကူအညီတောင်းခံခဲ့ ကြောင်း သိရသည်။

ငါ့သရောက်မြို့နယ် ကုလားတဲကျေးရွာတွင် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး ယာဉ်တိုက်မှုဖြစ်၍ သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့နယ် ကုလားတဲကျေးရွာတွင် ဇန်နဝါရီ ၁၁ ရက်၊ ယနေ့နံနက် ၆ နာရီ ၄၀ မိနစ် အချိန်က တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး ယာဉ်တိုက်မှုဖြစ်ပွား၍ သေဆုံးခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်မှာ ငါ့သရောက်မြို့နယ် ကုလားတဲကျေးရွာနေ (အဖ)ဦးလှမြင့်ဦး၏ သမီးဖြစ်သူ မသင်းနွဲ့စိုး အသက်(၁၈)နှစ်ခန့် သည် ကုလားတဲကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ကျောင်းတက်ရန်ထွက်လာခဲ့စဉ် ကျောင်းလမ်းဆုံအရောက် တွင် တစ်ရွာတည်းနေသူ (အဖ)ဦးဖိုးရွှေ၏ သားဖြစ်သူ မောင်မျိုးသန့် အသက်(၁၈)နှစ်ရှိသူ မောင်းနှင်လာသော(ISUZU) အမျိုး အစား ၊ ယာဉ်အမှတ်(2k – 7061) အပြာရောင်ကားဖြင့် အရှိန်မထိန်းနိုင်ပဲ ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ယာဉ်တိုက်ခံရသည့် တက္ကသိုလ်ဝင်တန်းကျောင်းသူ မသင်းနွဲ့စိုးတွင် နဖူးထိပ်ဦးခေါင်း (၄)လက်မခန့် ပေါက်ပြဲဒဏ်ရာနှင့် ကိုယ် ခန္ဓာခြေလက်များ ပွန်းပဲ့ဒဏ်ရာများ ရရှိသွားခဲ့သဖြင့် ငါ့သရောက်မြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်စဉ် ဆေးရုံး၌ သေ ဆုံးသွားခဲ့ကြောင်း သိရသည်။

လိုင်းကားဟောင်းတွေ ဖျက်သိမ်းမယ့် အစီအစဉ်

လက်ရှိ ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ လိုင်းကားတွေ ထဲက ၁၉၉၅ မတိုင်ခင် ထုတ်ခဲ့တဲ့ ကားတွေ ဖျက်သိမ်းရေး အတွက် အစိုးရက နည်းလမ်း သုံးခု လုပ်ဆောင် ပေးဖို့ စီစဉ်ထား ပါတယ်။ ဒိုင်နာ၊ ဘီအမ်နဲ့ စီးတီးဘတ်စ် တွေကို ဇန်နဝါရီလ ၁၆ ရက်နေ့က စပြီး ပြေးဆွဲခွင့် ရပ်နား တော့မှာ ဖြစ်ပါတယ်။ အဲဒီကားတွေကို အစိုးရ ထံမှာ အပ်နှံရင် သူတို့ကို သက်တမ်း နှစ် ၂၀ မကျော်သေးတဲ့ အိမ်သုံးကား တင်သွင်းနိုင်တဲ့ ပါမစ် ထုတ်ပေးမှာ ဖြစ်ပြီး လုပ်ငန်း ပြောင်းလိုသူတွေကို ပြောင်းလဲ ပေးမယ်၊ မြို့ထဲ မဟုတ်တဲ့ သင့်လျော်တဲ့ ခရီးစဉ် တစ်ခုခုမှာ ပြေးဆွဲချင် ရင်လည်း အချိန်ကာလ တစ်ခု သတ်မှတ်ပြီး ခွင့်ပြု ပေးမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ အဖွဲ့ဝင် ကိုတရုတ်လေးက ပြောပါတယ်။

ငြိမ်းချမ်းရေး ရန်ပုံငွေ နိုင်ငံသားတွေ လှူဒါန်းနိုင်ပြီ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အဆင်ပြေ ချောမွေ့စေရေး ငြိမ်းချမ်းရေး ရန်ပုံငွေသို့ ပြည်သူတွေ ထည့်ဝင်လှူဒါန်းကြဖို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနကနေ ကြေညာချက် ထုတ်ပြန်ထား ပါတယ်။ ကူညီထောက်ပံတာတွေကို စနစ်တကျ မျှဝေဖို့ JCB လို့ ခေါ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေ ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံး ကို ဖန်တီး နိုင်မှု အခြေအနေ က မြန်မာနိုင်ငံသား တွေရဲ့ လက်ဝယ်မှာ ရှိရမယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ နိုင်ငံသားတွေ ရဲ့ ကူညီ ထောက်ပံ့မှု ကို လမ်းဖွင့်ပေးတာ ဖြစ်ကြောင်း သမ္မတ ရုံး ပြောခွင့် ရ ပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောပါတယ်။ နိုင်ငံသားတွေ က ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ကို ပံ့ပိုး ကူညီတာ၊ နိုင်ငံတော် ဘဏ္ဍာ ငွေကလည်း ရယူ သုံးစွဲ နေတာ အပြင်၊ နိုင်ငံတကာ ထောက်ပံ့ ကူညီမှုတွေကို စနစ်တကျ သုံးစွဲ နေတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်အောင် လုပ်တာ လို့ ဦးဇော်ဌေး က ပြောပါတယ်။

ကချင်ဒုက္ခသည် လေးထောင်ကျော် တရုတ်နယ်စပ်ရွှေ့ပြောင်းတိမ်းရှောင်

KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး ဒုက္ခသည်စခန်းက ဒုက္ခသည် လေးထောင်ကျော်ဟာ လုံခြုံရေးစိုးရိမ်ချက်တွေကြောင့် တရုတ်နိုင်ငံ နယ်စပ်ဖက်ကို ရွေ့ပြောင်းသွားကြပါတယ်။ တရုတ်နိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ခွင့်မပေးလို့၊ သူတို့ဟာ နယ်စပ်မျဉ်းနားမှာ ဒုက္ခသည်တွေ့နေရတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။ ကချင်ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပူးပေါင်းအဖွဲ့ရဲ့ ပြောခွင့်ရသူ ဂွမ်ရှာအောင်ကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
“ဖြေ။ ။ဒီမနက်ဝင်သွားတဲ့ စာရင်းကတော့ ၄ ထောင်ကျော်လောက်ရှိတာပေါ့နော်။ ဇိုင်းအောင်(Zai Awng) နဲ့ ခေါင်ရှောင် ( Hkau shau) က IDP တွေပေါ့နော်။ မနေ့ညကစပြီး သူတို့က ထိန့်လန့်ပြီး ပစ္စည်းတွေပြင်ကြတာပေါ့နော်။ ပြင်ပြီးအစောကြီး ဒီမနက် ၄ နာရီလောက်မှာ တရုတ်ပြည်ဘက်ခြမ်း ချောင်း ၁ ဘက်ကို ပြန်ပြီးတော့ ကူးတာပေါ့နော်။ ကူးတယ် ဒါပေမယ့် မနက်မိုးလင်းပြီးနောက်ပိုင်းကျတော့ အဲဒီနေရာကို တရုတ်ရဲတွေလည်း သူတို့ကိုစစ်ဆေးပြီး မြန်မာဘက်အခြမ်းကို ပြန်ပြီးမှ နှင်လွှတ်တဲ့ အနေအထားရှိပါတယ်။

မြန်မာအထူးသံတမန်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ

မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင့်ဦးဆောင်တဲ့ မြန်မာ အထူးသံတမန်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်င့ခြားရေးဝန်ကြီး AH Mahmood Ali အပါအ၀င် ဘင်္ဂလာဒေ့်ရှ် နိုင်ငံခြားရေးဌာန အရာရှိတွေနဲ့ ဘင်္ဂလားဒေ့်ရှိနိုင်ငံ ဒါကာမြို့က အစိုး၇ဧည်ဂေဟာမှာ ဒီကနေ့ ညနေပိုင်းက နှစ်နာရီ ကြာ တွေဆုံ ခဲ့ကြပါတယ်။ေ တွ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်လို့တော့ အသေးစိတ်ကို မသိရသေးပေမယ့် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာဖို့ မျှော်လင့်တဲ့အကြောင်း မြန်မာနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဦးကျော်မိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။ “ကျနော်တို့အဓိက ခုနကပြောသလို ၂ နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေးအတွက်ဘယ်လိုတွေဆောင်ရွက်ကြမလဲဆိုတဲ့ဟာ တွေကိုလည်း ထည့်သွင်းဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီလိုခရီးစဉ်တွေသွားေ၇ာက်ခြင်းကြောင့် ၂ နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ရှိနေတဲ့ အတိုင်းအတာထက်ကို ပိုပြီးတော့ ဘယ်လိုပြောမလဲ လေးလေးနက်နက် ပိုဆောင်ရွက်နိုင်လိမ့်မယ် လို့တော့ မျှော်လင့်ထားပါတယ်ခင်ဗျ။"

နိုင်ငံခြားသဘောင်္များ ငါဖမ်းခြင်းကို ခွင့်မပြုသောကြောင့် KNU ၏ တောင်းဆိုထားမှု မဖြစ်နိုင်

နိုင်ငံခြား ငါးဖမ်းသဘောင်္တွေကို အသုံးပြုပြီး ၀ိုင်းချုပ်ငါးဖမ်းပိုက်နဲ့ ငါးဖမ်းခွင့်ပြုဖို့ ကရင်ပြည်နယ်ရှိ(KNU) ကရင်အမျိုးသား အစည်းအရုံး အဖွဲ့ရဲ့ တင်ပြတောင်းဆို ထားမှုအပေါ် ခွင့်ပြုပေးဖို့ မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဒေါ်တိုးနန္ဒာတင်က ပြောပါတယ်။ ပညာရှင်တွေက ငါးမဖမ်းရရာသီနဲ့ ငါးမဖမ်းရ ဧရိယာ သတ်မှတ်ကတည်းက နိုင်ငံခြား ငါးဖမ်းသင်္ဘောတွေကို အသုံးမပြုဖို့ ကန့်သတ်ထားပြီး မြန်မာ့ပင်လယ်ပြင်ရှိ ငါးသယံဇာတ အခြေအနေအရ ၀ိုင်းချုပ်ပိုက် အသုံးပြုဖမ်းဆီးဖို့ KNUရဲ့တောင်းဆိုမှုအပေါ် လက်မခံနိုင်ဘူးလို့ ဒေါ်တိုးနန္ဒာတင်ကပြောပါတယ်။ လက်ရှိ မြန်မာ့ ပင်လယ်ပြင်အတွင်းရှိ ရေပေါ်ငါးကျန်ရှိမှု အခြေအနေဟာ (၁၀)ရာနှုန်းလောက်သာ ရှိတော့ တာကြောင့် ငါးသယံဇာတ အတွက် စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေပြီး ဒရွတ်ဆွဲပိုက်၊ ၀ိုင်းချုပ်ပိုက်တွေနဲ့ ငါးဖမ်းဆီးခွင့်ပြုဖို့ အခက်အခဲရှိတယ်လို့လည်း ဒေါ်တိုးနန္ဒာတင်ကပြောကြားခဲ့ပါတယ်။

ဝမ်ဟိုင်းဌာနချုပ်တွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပေးမည်ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရပြော

လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ကြားဖြတ်ေ ရွးကောက်ပွဲတွင် ကျေးသီးမဲဆန္ဒနယ် လည်းပါဝင်နေရာ ကျေးသီးမြို့နယ် အတွင်း သျှမ်းပြည်တပ်မတော် အခြေစိုက်ဌာနချုပ် ၀မ့်ဟိုင်းတွင် ရွေးကောက် ပွဲကျင်းပ ခွင့်နှင့် မဲရုံထောင်ခွင့်ကို ခွင့်ပြုမည်ဖြစ်ကြောင်း သျှမ်းပြည်တပ်မေ တာ် မြောက်ပိုင်း တာဝန်ရှိသူက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ ၀မ့်ဟိုင်းကျေးရွာအုပ်စုတွင် မဲရုံထောင်ခွင့် ၊ ကျင်းပခွင့်များ ပါ ပေးအပ်မည်ဖြစ် ကာ ရွေးကောက်ပွဲကို အပြည့်အ၀ ထောက်ခံကြောင်းလည်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးစိုင်းဘုန်းဟန်က ပြောသည်။ “၀မ့်ဟိုင်း ကျေးရွာမှာ ၂၀၁၀ တုန်းကလည်း ရွေးကောက်ပွဲ ကျင်းပခဲ့တာပဲ။ ကျနော်တို့က ရွေးကောက်ပွဲကို ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ဘူး။ ” ဟု စိုင်းဘုန်းဟန်က ပြောသည်။

မလှန်ချစဉ် ဓာတ်ကြိုးနှင့် ထိမိ၍ ယာဉ်မီးလောင်ပြီး ယာဉ်မောင်း ဓာတ်လိုက် မီးလောင် သေဆုံး

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံအနီး မြေကွက်အတွင်းတွင် မြေလှန်ချစဉ် ဓာတ်ကြိုးနှင့် ထိမိ၍ ယာဉ်မီးလောင်ပြီး ယာဉ်မောင်း ဓာတ်လိုက် မီးလောင် သေဆုံးခဲ့ကြောင်း သိရပါသည်။  ကားတစ်စီးမီးလောင်နေကြောင်း သတင်းအရ လှည်းကူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-ပဲခူးကားလမ်းဘေး မိုင်တိုင်အမှတ်(၃)အနီးရှိ မြေကွက်အတွင်းတွင် မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော ရွှေပြည်သာမြို့နယ်နေ ဇော်ဝင်းထွဋ်(၂၅)နှစ် မောင်းနှင်သည့် 1M/×××× (၆)ဘီးအပြာရောင် Chamlong မြေသယ်ယာဉ်သည် ကားပေါ်မှ မြေကြီးများအား လှန်ချစဉ် ယာဉ်နောက်ဘော်ဒီထိပ်ပိုင်းနှင့် လှော်ကား-လှည်းကူးသွယ်တန်းထားသော 3.3 Kv မီးကြိုးနှင့် ထိမိ၍ မီးလောင်ကျွမ်းခဲ့ပြီး ယာဉ်နောက်ဘော်ဒီ အတင်အချပြုလုပ်သော ခလုတ်အား ကိုင်နေသော ဇော်ဝင်းထွဋ်မှာ ဓာတ်လိုက်၍ သေဆုံးသွားကြောင်း စစ်ဆေးသိရှိရသဖြင့် ၎င်းအား လှည်းကူးမြို့မ ရဲစခန်း(ပ)၄၆/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန် ချက်အရ သိရပါသည်။

မမှန်သတင်း ကန် ထောက်လှမ်းရေး ဖွင့်ချတာလို့ ထရမ့် တုန့်ပြန်

အမေရိကန် ရွေးကောက်ခံ သမ္မတ ကို သိက္ခာ ကျစေ နိုင်တဲ့ ပုဂ္ဂိုလ်ရေး သတင်း တွေ ရုရှ မှာ ရှိနေတဲ့ ဆိုတဲ့ ကိစ္စ ဟာ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ တွေက ထုတ်ပြန် တာ လို့ ဒေါ်နယ် ထရမ့် က စွပ်စွဲ ပြောကြား လိုက်ပါ တယ်။ အကယ်၍ သတင်း အချက်အလက် ပေါက်ကြား ခဲ့မှု က ထောက်လှမ်းရေး အေဂျင်စီ တွေရဲ့ လက်ချက်လို့ ဆိုရင် ထောက်လှမ်းရေး အဖွဲ့အစည်း တွေရဲ့ ဂုဏ်သိက္ခာ ကျဆင်း ခဲ့ပြီ ဖြစ်ကြောင်း သမ္မတ အဖြစ် ရွေးချယ် ခံရပြီးနောက်မှာ ပထမဆုံး လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြောကြားခဲ့ ပါတယ်။ အစောပိုင်း အချိန်မှာတုန်း က မစ္စတာ ထရမ့် နဲ့ ပြည့်တန်ဆာ တွေ ရဲ့ ဗီဒီယိုတွေ၊ သူ့ရဲ့ စီးပွားရေး ကို ထိခိုက် စေနိုင်တဲ့ သတင်း အချက်အလက် တွေကို ရုရှ အစိုးရ က ရရှိ ထားတယ်လို့ အမေရိကန် သတင်းဌာန တွေမှာ ဖော်ပြ ခဲ့ပါတယ်။

ပုဂံဒေသရှိ အာနန္ဒာဘုရားပွဲတော်သို့ ဒေသခံကျေးရွာများမှ ရိုးရာပေါင်းမိုးလှည်းများဖြင့်လာရောက်

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၌ လမြတ်ပြာသိုအချိန်အခါတွင် နှစ်စဉ်ကျင်းပ ပြုလုပ်မြဲဖြစ်သည့် အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ယခင်နှစ်များ နည်းတူ ပွဲဈေးတန်းခင်းကျင်း၍ ပျော်ပွဲရွှင်ပွဲများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ ပုဂံဒေသအတွင်းရှိ ကျေးရွာများမှ ပြည်သူများသည် ဘုရားပွဲတော်သို့ ရိုးရာမပျက် ပေါင်းမိုးလှည်းများဖြင့် လာရောက်ကြပြီး အာနန္ဒာဘုရားကြီး၏ အရပ်လေးမျက်နှာရှိ ဘုန်းတော်ကြီးကျောင်းများ၊ ကွင်းပြင်မြေလွတ်များ၌ ယာယီတဲများထိုး၍ ချက်ပြုတ်စားသောက်ကာ နေထိုင်လျက်ရှိသည်။  အဆိုပါ ပေါင်းမိုးလှည်းများအဖွဲ့သည် လဆန်း ၇ ရက်၊ ၈ ရက်ကတည်းက ဘုရားပွဲတော်သို့ ရောက်ရှိနေကြပြီး ပြာသိုလပြည့်နေ့ ဆွမ်းသပိတ်လုံးဆက်ကပ်လှူဒါန်းပွဲတွင် ၎င်းတို့၏ လယ်ယာစိုက်ခင်းများမှ ထွက်ရှိသည့် သီးနှံအမျိုးမျိုးကို ဘုရားကြီးအား ကပ်လှူပူဇော်ပြီးမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ြ ပည်တွင်းပြည်ပခရီးသွားဧည့်သည်များနှင့် ဓာတ်ပုံပညာရှင်များကလည်း အဆိုပါ ပေါင်းမိုးလှည်းအဖွဲ့များ၏ အသွားအပြန်ခရီးနှင့် ရိုးရာဓလေ့စရိုက်များကို စိတ်ဝင်တစား လာရောက်လေ့လာ မှတ်တမ်းတင်လျက်ရှိကြရာ ပုဂံဒေသခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်လျက်ရှိကြောင်း သိရ သည်။ ရဲသူရအောင်(ညောင်ဦး)

ကျောင်းကုန်းမြို့တွင် ယာဉ်တိုက်မှု ဖြစ်ပွားရာမှ တစ်ဦးသေဆုံး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းကျေးရွာအုပ်စု၊ လယ်တီစုကျေးရွာအနီးမှာ စက်ဘီးနဲ့ဆိုင်ကယ်တိုက်မိရာက ဆေးရုံကို ရောက်ရှိပြီးလူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။  ဖြစ်စဉ်ကတော့ ဇန်နဝါရီ ၁၀ ရက်၊ ည ၇ နာရီခန့်မှာ ပုသိမ်-မုံရွာကားလမ်း ၊မိုင်တိုင်အမှတ် ၂၇ အနီး ၊လယ်တီစုကျေးရွာအနီးမှာ ဒါးကကျေးရွာကနေ ဂုန်မင်းကျေးရွာဘက်ကိုသာပေါင်းမြို့နယ် နေသူကအနီရောင် ကျားစီးစက်ဘီးကို စီးနင်းလာပြီး၊လမ်းရဲ့ဝဲဘက်ခြမ်းကိုရုတ်တရက်ချိုးကွေ့စဉ် နောက်မှလားရာတူ ကျောင်းကုန်းမြို့နယ် က လူငယ်တစ်ဦး မောင်းနှင်လာတဲ့ ဟွန်ဒါ အနက်ရောင်ဆိုင်ကယ်မှာအရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်မှာ ဝင်ရောက်တိုက်မိကာစက်ဘီးနဲ့ဆိုင်ကယ်လဲကျသွားခဲ့ပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းကောင်စစ်ဝန်ရုံး ဖွင့်လှစ်Albumsမြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းကောင်စစ်ဝန်ရုံး ဖွင့်လှစ်

မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီခွဲ တွင် ရန်ကုန်မြို့ ပြည်လမ်းနှင့် ပါရမီလမ်းထောင့် ၊ အမှတ် ၂၉ တွင် မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးဝင်း အတွင်း ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းနိုင်ငံသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီသော H.E. Mr. Andrii Beshta ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနှင့် ယူကရိန်းဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးအောင်လှိုင်ဦး တို့က မြန်မာနိုင်ငံဆိုင်ရာ ယူကရိန်းဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် လူငယ်တစ်ဦးအသတ်ခံရ

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် လူငယ်တစ်ဦးကို ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။ နန်းတော်ရာကုန်းအပေါ်ဆုံးထပ်တွင် ထိုးသွင်းဒဏ်ရာများဖြင့် ပက်လက်အနေအထားဖြင် ထိုးသွင်းဒဏ်ရာများရရှိပြီး သေဆုံးနေကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၂၀ အရွယ်ခန့် ရှိပြီး အရက်သောက်စားကြရာမှ စကားများပြီး အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း သိရသည်။ သေဆုံးသူအနီးတွင် အရက်သောက်လက်စ ဘီယာ၊အရက်ပုလင်းများနှင့်အတူ ဆိုင်ကယ်တစီးလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။ သက်ဆိုင်ရာမှ သေဆုံးသူအားစစ်ဆေးလျက်ရှိပြီး တရားခံအမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဖိုးသီဟ(မြတ်သူထွန်း)

နယ်စပ်တံတိုင်း တည်ဆောက်မှုအတွက် ကုန်ကျစရိတ် ကျခံပေးမည် မဟုတ်ဟု မက္ကဆီကို ပြော

 နှစ်နိုင်ငံအကြား နယ်စပ်တံတိုင်း တည်ဆောက်ရန်အတွက် ကုန်ကျစရိတ်ကျခံပေးရန် ဒေါ်နယ်ထရန့်၏ တောင်းဆိုနေမှုအပေါ် မက္ကဆီကို သမ္မတ အင်းနရစ် ပီနာ နီတိုက ထပ်မံငြင်းဆန်ပယ်ချသွားသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ သို့သော် တံတိုင်းတည်ဆောက်မှုအတွက် ကုန်ကျစရိတ်ပေးမည်မဟုတ်သော်လည်း မကြာမီ အမေရိကန်သမ္မတဖြစ်လာတော့မည့် ဒေါ်နယ်ထရန့်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိရန် ကြိုးပမ်းသွားမည်ဟု မက္ကဆီကို သမ္မတက ပြောသည်။ တံတိုင်းတည်ဆောက်မှုအတွက် မက္ကဆီကိုတို့အနေဖြင့် ကုန်ကျစရိတ်ကျခံပေးရလိမ့်မည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ဒေါ်နယ်ထရန့်က ထပ်မံသတိပေးပြောကြားသွားပြီးနောက် နာရီပိုင်းအကြာတွင် ပီနာ နီတိုက အထက်ပါအတိုင်း တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရှင်ပင်ရွှေစောလူးစေတီတော်ကြီး ရွှေထီးတော်တင်အလှူပွဲ.

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့က လှုပ်ခတ်သွားသော မြေငလျင်ဒဏ်ကြောင့် စလင်းမြို့နယ် ဖောင်းလင်းကျေးရွာ ရှင်ပင်ရွှေစောလူးစေတီတော်ကြီး ပျက်ဆီးဆုံးရှုံးခဲ့ကာ ယနေ့ ရွှေထီးတော်တင်လှုပွဲနှင့် ဗုဒ္ဓါဘိသေကသဘင် ပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရွှေစောလူးစေတီတော်ကြီး ပြန်လည်ပြင်ဆင်မွမ်းမံခြင်း အလှူရှင်များမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သောကြည်း၊ရေ၊ လေ မိသားစုမှ ကျပ် သိန်း ၄၀၀၊ မကွေးတိုင်းဝန်ကြီးချူပ်မှ ကျပ်တစ်သိန်း၊ မြန်မာ့သြဘာလုပ်ငန်းစုကုမ္ပဏီ ဦးသတိုးဟိန်း၊ ဒေါ်စိုးမာလာမိသားစုမှ ကျပ်သိန်း ၁၀၀၀ ကျော် ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။  အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ ၊ တိုင်းဝန်ကြီးများဖြစ်သော ဒေါက်တာခင်မောင်အေး၊ ဦးနေမျိုးကျော်တို့နှင့်အတူ အလှူရှင်မိသားစုများ နှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။ - တင်ရွှေ/ဖြိုးမောင်မောင်

ရီးယဲလ်နှင့် ဘာစီလိုနာတို့မှ စိတ်ဝင်စားနေသည့် ဒိုင်ဘာလာကို ဂျူဗင်တပ်စ် စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်း

စပိန်ထိပ်သီးကလပ်များဖြစ်သည့် ရီးယဲလ်နှင့်ဘာစီလိုနာတို့မှ စိတ်ဝင်စားနေသည့် အာဂျင်တီးနားတိုက်စစ်မှူး ဒိုင်ဘာလာကို ဂျူဗင်တပ်စ်အသင်းက စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ဂျူဗင်တပ်စ်အတွက် ခြေစွမ်းပြခဲ့သည့်ဒိုင်ဘာလာမှာ ယခုနှစ် ပထမရာသီဝက်တွင် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ရုန်းကန်ရလျက်ရှိသည်။ သို့သော် ဒိုင်ဘာလာမှာ အတ္တလန္တာကို ၃-၂ ဂိုးဖြင့် အနိုင်ရသည့် ကိုပါအီတာလီယာပွဲစဉ်တွင် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထိုဂိုးမှာ ယခုနှစ်ရာသီတွင် ဂျူဗင်တပ်စ်အတွက် ၎င်းသွင်းယူသော ၄ ဂိုးမြောက်ဂိုးဖြစ်သည်။

သမ္မတဦးထင်ကျော်အား ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး လာရောက်တွေ့ဆုံ

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး H.E.Mr.Pavlo KLIMKIN ဦးဆောင်သောအဖွဲ့မှ နိုင်ငံတော်သမ္မတထံသို့ ဇန်နဝါရီ ၁၂ရက်၊ နံနက် ၁၁နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင်ဧည့်ခန်းမတွင် လာရောက်ဂါရဝပြု တွေ့ဆုံစဉ်

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဆောက်အဦများ တင်ဒါလုပ်ငန်း အတည်ပြု ရွေးချယ်ခြင်း ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဆောက်အဦများ တင်ဒါလုပ်ငန်း အတည်ပြုရွေးချယ်ခြင်းအား ဇန်နဝါရီလ ၁၂ရက်နေ့တွင် ပုသိမ်မြို့၊ကျန်းမာရေးဦးစီးဌာန တိုင်းရုံးတွင်ပြုလုပ်ခဲ့သည်။

မောင်တောတွင် ရပ်နားထားရသည့် ငါးဖမ်းစက်လှေများ ပင်လယ် ထွက်ခွာခွင့် အတွက် မှတ်ပုံတင် ပြုလုပ်ပေးနေ

 ပဋိပက္ခဖြစ်ပွားရာ မောင်တောဒေသအတွင်း လုံခြုံရေးကြောင့် ရပ်နားထားရသည့် ငါးဖမ်းလှေများကို လိုင်စင်မှတ်ပုံတင် ပြုလုပ်ကာ ပင်လယ်ပြင်သို့ ထွက်ခွင့်ပြုနေပြီ ဖြစ်ကြောင်း မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ အဆိုပါဒေသတွင် ကမ်းနီးငါးဖမ်းလှေ ၃၀၀ ကျော် နှင့် တစ်နိုင်တစ်ပိုင် ငါးဖမ်းစက်လှေ ၁၃၀၀ ကျော် ရှိနေပြီး အောက်တိုဘာ ၉ ရက်နေ့ မောင်တောရဲစခန်းများ တိုက်ခိုက်ခံရပြီးချိန်မှစ၍ ပင်လယ်ပြင် ထွက်ခွင့် ရပ်နားနေခဲ့ခြင်း ဖြစ်သည်။ “ လုံခြုံရေးအခြေနေကြောင့် ရပ်နားထားတာပဲ ဖြစ်ပါတယ်။ အခု ငါးဖမ်းစက်လှေတွေကို လိုင်စင်နဲ့ ထုတ်ပေးနေပြီ ဖြစ်တာကြောင့် စိစစ်ပြီးရင် ပင်လယ်ပြင် ထွက်ခွင့်ရမှာပါ ” ဟု မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်ဝင်းသိန်း က ပြောသည်။

Spotify ဂီတ ဝန်ဆောင်မှုလုပ်ငန်းမှာ အလုပ်ရလိုတဲ့ အိုဘားမား

အင်တာနက် အခြေပြု တေးဂီတ နားဆင်တဲ့ အင်တာနက်စာမျက်နှာ Spotify ဟာ အောင်မြင်ကျော်ကြားလာတဲ့ ဂီတလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အိမ်ဖြူတော်က ထွက်ခွာလာပြီးတဲ့အခါ အဲဒီကုမ္ပဏီမှာ အလုပ်လိုချင်ပါတယ်လို့ အိုဘားမားက အရွှန်းဖောက် ပြောဆိုခဲ့ပါတယ်။

အင်းစိန်အကျဉ်းထောင် နိုင်ငံခြားသား အကျဉ်းသားများ၌ တရုတ်နိုင်ငံသား အများဆုံးဖြစ်

အင်းစိန်အကျဉ်းထောင်၌ ခိုးမှုနှင့် လိမ်လည်မှုများ ကျူးလွန်ခြင်းကြောင့် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသား အကျဉ်းသားများတွင် တရုတ်နိုင်ငံသား အများဆုံး အကျဉ်းကျ ခံနေရကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။

ပါတီ၏ ဆုံးဖြတ်ချက်အတိုင်း လက်ခံမည်ဟု တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး တုံ့ပြန်

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးထဲတွင် တစ်ဦးအား အရေးယူမည်ဆိုသည့် အပေါ် ပါတီ၏ ဆုံးဖြတ်ချက်အတိုင်း ခံယူမည်ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံသား မောင်းသည့် ကုန်တင်ကားက ဆိုင်ကယ်ကို ဝင်တိုက်၊ နှစ်ဦးသေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က တရုတ်နိုင်ငံသား မောင်းနှင်လာသည့် ကုန်တင်ကားတစ်စီးက ဆိုင်ကယ်တစ်စီးကို တိုက်မိရာ ဆိုင်ကယ်စီးသူ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှ သိရသည်။ ကုန်တင်ကားတိုက်မိခြင်းကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးမှာ နေရာတွင်ပင် သေဆုံးပြီး နောက်မှ စီးနင်းလိုက်ပါလာသူ အမျိုးသမီးမှာ ဦးနှောက်ဒဏ်ရာ ရရှိသဖြင့် ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့စဉ် သေဆုံးခဲ့ကြောင်း ယင်းစခန်းထံမှ သိရသည်။
R-06

တိုက်ခန်းများ အရစ်ကျစနစ်နှင့် ရောင်းချနေသော်လည်း ဝယ်ယူနိုင်သူ နည်းပါး

ရန်ကုန်၊ တိုက်ခန်းများအား အရစ်ကျစနစ် ဖြင့် ရောင်းချခြင်းများရှိနေသော်လည်း ဝယ်ယူ သူနည်းပါးနေဆဲဖြစ်ကြောင်း ပြည်တွင်းအိမ် ခြံမြေဈေးကွက်အသိုင်းအဝိုင်းမှ သိရသည်။ ''အရစ်ကျစနစ်နဲ့ ရောင်းပေးတာကို အချို့က လိုချင်ရင်တောင်မှ လခစားဝန်ထမ်း တွေဖြစ်နေတော့ သွင်းရမယ့်ငွေပမာဏကို မတတ်နိုင်လို့ မဝယ်တာတွေလဲရှိတယ်။ ကိုယ် ပိုင်စီးပွားရေးလုပ်နေတဲ့သူတွေအတွက် ရုံး ခန်းဖွင့်ဖို့လောက်ပဲ ဝယ်တာများတယ်''ဟု ဝါရင့်အိမ်ခြံမြေအကျိုးဆောင် ဦးချစ်က ပြော သည်။ ယခုကာလတွင် တိုက်ခန်းများအား တစ်နှစ်၊ ငါးနှစ်၊ ၁ဝ နှစ် စသည်ဖြင့် အရစ်ကျ စနစ်များဖြင့် ရောင်းချပေးခြင်းများရှိလာပြီး ကွန်ဒိုမှအစ တန်ဖိုးသင့် ကျပ်သိန်း ၁ဝဝ ကျော် ခန့်နှင့် ကျပ်သိန်း ၂ဝဝ ခန့် တိုက်ခန်းများ ပါဝင်ကြောင်း သိရသည်။

ကြမ်းတမ်းခက်ခဲမှုများဖြင့် ရှည်လျားနေဦးမည့် လမ်း

ပြီးခဲ့သည့်သတင်းပတ်က လူနှင့်သစ်ပင်များအကြောင်း ရေးသားခဲ့ပြီး ယခုတစ်ပတ် တွင်မူ လမ်းအကြောင်းကို ရေးချင်ပါသည်။ တခြားလမ်းကားမဟုတ်၊ ဒီမိုကရေစီ ဟု အမည်ပေးထားသော လမ်းပင်ဖြစ်သည်။ အကယ်စင်စစ် မြန်မာ့ဒီမိုကရေစီခရီးလမ်းကား ကြမ်းတမ်းစွာ၊ ခက်ခဲစွာဖြင့် ရှည်လျားနေဦးမည်ဖြစ်သည်။
ပထမဦးဆုံး အရပ် သားအစိုးရတက်ခဲ့သော ၂ဝ၁၆ ခုနှစ် ဧပြီလအတွင်းက လူထုခေါင်းဆောင်ဖြစ်သော ဒေါ် အောင်ဆန်းစုကြည်က တိုင်းပြည်ကို ပထမဆုံး မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းထဲတွင် ¤င်းတို့အစိုးရအနေဖြင့် နိုင်ငံတော်အတွက် အဓိကဖော်ဆောင်ရန် လုပ်ငန်းစဉ်ကြီးငါးရပ်ကို ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။ ယင်းလုပ်ငန်းစဉ် ငါးရပ်မှာ (၁) အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ (၂) ပြည်တွင်းငြိမ်းချမ်းရေး၊ (၃) တရားဥပဒေ စိုးမိုးရေး၊ (၄) အခြေခံဥပဒေပြင်ဆင်ရေး၊ (၅) ဒီမိုကရေစီစနစ် ရှင်သန်အမြစ်တွယ်ရေးတို့ဖြစ် သည်။

ဆီးရီးယားရှိ အဓိက သဘာဝဓာတ်ငွေ့ စက်ရုံကို IS များ ဖောက်ခွဲ ဖျက်ဆီး

IS စစ်သွေးကြွများသည် ဆီးရီးယားနိုင်ငံ၏ သုံးပုံတစ်ပုံကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသော သဘာဝဓာတ်ငွေ့စက်ရုံအား ဖောက်ခွဲဖျက်ဆီးလိုက်သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့က ဇန်နဝါရီ ၉ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်ကြောင်း ဇန်နဝါရီ ၁ဝ ရက် သတင်းများအရ သိရသည်။ ''IS တွေဟာ ဟွမ်းမြို့အရှေ့ ဘက်က ဟေယန်သဘာဝဓာတ်ငွေ့ စက်ရုံကို လွန်ခဲ့တဲ့ ၄၈ နာရီအတွင်းက ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ကြတယ်''ဟူ၍ ဆီးရီးယားပြည်တွင်းစစ်အရေး စောင့်ကြည့်နေသော ယင်းအဖွဲ့ က ပြော ဆိုလိုက်သည်။ အဆိုပါသတင်း မှန်ကန်ကြောင်းကိုလည်း ဆီးရီးယား ရေနံဝန်ကြီးဌာနက အေအက်ဖ်ပီသို့ အတည်ပြုပြောဆိုလိုက်သည်။ ယင်းဓာတ်ငွေ့စက်ရုံသည် ပါမီယာဗဟိုဒေသသို့ ဘာသာရေး အစွန်းရောက် များက သိမ်းပိုက်လာခဲ့ပြီးနောက် လွန်ခဲ့သောတစ်လအကြာကပင် ထုတ်လုပ်မှုရပ်ဆိုင်းထားသော စက်ရုံဖြစ်သည်။

ဒေါ်လာဈေး ပြန်ကျသွားသလိုစက်သုံးဆီဈေးနှုန်းတွေဘယ်တော့ပြန်ကျမလဲ

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ တတိယပတ်လောက်က စတင်ပြီး ပြည်တွင်း ငွေကြေးဈေးကွက်မှာ ဒေါ်လာဈေးနှုန်း ပြန် လည်ကျဆင်းသွားပါတယ်။ ဒါပေမဲ့ 'ဒေါ်လာဈေးတက်လို့ လိုက် တက်ရတာပါ' ဆိုလေ့ရှိတဲ့ စက်သုံးဆီဈေးနှုန်းကတော့ အလိုက် သင့် ပြန်လည်ကျဆင်းသွားခြင်းမျိုး မရှိသေးဘဲ အမြင့်ဈေးမှာပဲ ဆက် ရှိနေသေးတာကြောင့် အချိန်ဘယ်လောက်ကြာကြာ တင်းခံနေမလဲ ဆိုတာ စောင့်ကြည့်စရာ ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့လအတွင်း မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒအပြောင်း အလဲနှင့် တိုက်ဆိုင်စွာပဲ ဒေါ်လာဈေးနှုန်း တစ်ဟုန်ထိုး မြင့်တက် သွားပြီး ဒီဇင်ဘာ ၁၇ ရက်က တစ်ဒေါ်လာကို ၁၄၄၄ ကျပ်အထိ စံချိန်တင်သွားတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၂ဝ ရက်မှာ တစ်ဒေါ်လာကို ကျပ် ၁၄ဝဝ အောက်ဘက်ကို ပြန်လည်ကျဆင်းလာပြီး ဒီဇင်ဘာ ၂၃ ရက် ဈေးကွက်ပိတ်ချိန်မှာ ၁၃၇၅ ကျပ် ဖြစ်သွားခဲ့တယ်။

ရာဇဝတ်မှု တရားမမှု ကူညီရေး စင်တာ ဦးစီးတည်ထောင်သူ တရားလွှတ်တော်ရှေ့နေ ဦးစန်းဝင်းနှင့် တွေ့ဆုံခြင်း

ရာဇဝတ်မှု တရားမမှု ကူညီရေးစင်တာကို ၂ဝ၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမှန်တကယ် ဆင်းရဲနွမ်းပါးပြီး ဥပဒေကြောင်းအရ အမှန်တကယ် နစ်နာနေသူများအား အကျိုးဆောင်ခ အခမဲ့ဖြင့် ကူညီပေးခဲ့သည်။ လက်ရှိတွင် အဆိုပါစင်တာအနေဖြင့် ငါးနှစ်ကျော် ခဲ့ပြီဖြစ်သည်။ ၄င်းစင်တာ စတင် တည်ထောင်ဖြစ်ခဲ့ပုံ၊ စင်တာရဲ့ အောင်မြင်မှု အခြေအနေနှင့် လက်ရှိ မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်၏ အခြေအနေများအား ရာဇဝတ်မှု တရားမမှု ကူညီရေးစင်တာ ဦးစီးတည်ထောင်သူ တရားလွှတ်တော် ရှေ့နေဦးစန်းဝင်းနှင့် ရန်ကုန်တိုင်းမ်ဂျာနယ်မှတွေ့ဆုံမေးမြန်းထားပါသည်။
ရာဇဝတ်မှု တရားမမှု ကူညီရေးစင်တာ တည်ဖြစ်ခဲ့ပုံကို ပြောပြ ပါဦးခင်ဗျ။
ကျွန်တော် ရှေ့နေလုပ်လာတာတော့ ကြာပါပြီ။ ဒီစင်တာ စပြီးထောင်တာက ၂ဝ၁၂ ခုနှစ်လောက်က စထောင်တာပါ။ ဖြစ်လာပုံ ကလည်း ပထမပိုင်းတုန်းကတော့ ဒီစင်တာထောင်မယ်ဆိုတဲ့ ရည် ရွယ်ချက်မရှိပါဘူး။ တပည့်တွေထဲမှာပဲ ဥပဒေပညာလိုအပ်နေတဲ့သူ တွေကို သင်ကြားပေးမယ်။ ရှေ့နေဖြစ်ကာစကလေးတွေကိုလည်း သိသင့်သိထိုက်တာတွေ သင်ကြားပေးမယ်ဆိုပြီး စာသင်တဲ့အပိုင်း ကိုပဲ စဖွင့်တာပါ။ ဖွင့်ရင်းဖွင့်ရင်းနဲ့ ဥပဒေကြောင်းအရ နစ်နာတဲ့သူ တွေက ပေါ်ပေါ်လာတယ်။ လာလာမေးကြတယ်။ အဲဒီမှာ စပြီးလုပ် ဖြစ်သွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်နှင့် NCA ရေးထိုးထားသောအဖွဲ့ခေါင်းဆောင်များ ဆွေးနွေးမည်

လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ် အောင်ဆန်းစုကြည်နှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံဆွေးနွေးရန် စေလွှတ်မည့် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်သည့် အရေးပေါ်အစည်းအဝေး၌ ဖွဲ့စည်းခဲ့ကြောင်းတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးသည့် အဖွဲ့ခေါင်းဆောင်အချို့က ပြောသည်။
‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကြီးအကဲ နိုင်ငံတော်ရဲ့ အတိုင် ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာသွားမယ့်ကိစ္စရပ် နည်း နည်းရှိတာပေါ့။ နောက်ပြီးတော့ လာမယ့် ၂၁ ရာစု ပင်လုံ ဒုတိယ ဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်စေဖို့၊ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်စေဖို့ ညှိနှိုင်းတိုင်ပင်ဖို့ လိုတယ်ဆိုပြီး ကိုယ်စားလှယ် အဖွဲ့ကို ပြင်ဆင်တာဖြစ်တယ်’’ ဟု ပအို့ဝ်အမျိုးသားလွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြော သည်။

ထရမ့်က ရန်မီးစမွှေးရင် တရုတ်က အမေရိကန်လုပ်ငန်းတွေကို ကျပ်မယ်လို့ ဆို

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကုန် ပစ္စည်းတွေကို စည်းကမ်းတင်းကျပ်ရင် တရုတ်က လက်စားချေဖို့ပြင်ထားပြီး ကမıာ့အကြီးဆုံးစီးပွားရေးနှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲတစ်ခု ဖြစ်ပေါ်စေမယ် လို့ သည်ကိစ္စနဲ့ နီးစပ်တဲ့လူတွေက ပြောပါ တယ်။ လုပ်နိုင်တဲ့အထဲမှာ လူသိများတဲ့ အမေရိကန်ကုမဏီတွေဒါမှမဟုတ် ကြီးမားတဲ့ကုမဏီလုပ်ငန်းကြီးတွေကို အခွန် ဒါမှမဟုတ် အပြိုင်အဆိုင်ထိန်းချုပ်မှုတွေကို လုပ်သလားဆိုတာ စစ်ဆေးမှာဖြစ် ကြောင်းအမည်မဖော်လိုသူတွေက ပြောပါတယ်။ တခြားဖြစ်နိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေထဲမှာ ပြည်တွင်းမှာ မစွံတဲ့ပစ္စည်းတွေကို ပြည်ပကို လျှော့ဈေးနဲ့ ရောင်းသလားစစ်ဆေးတာ၊အမေရိကန်ကုန်ပစ္စည်းတွေကိုအစိုးရက လျှော့ထုတ်တာတွေပါဝင်ကြောင်း သူတို့က ဆိုပါတယ်။

သူရိယနေ၀န်းဂျာနယ်အား သူရဦးရွှေမန်းမှ ၆၆(ဃ)ဖြင့် အမှုဖွင့်

တပ်မတော် အရာရှိကြီးများ၏ ဂုဏ်သိက္ခာ ထိခိုက်စေမည့် သတင်းများ ဖော်ပြခဲ့သည်ဟုဆိုသော သူရိယနေ၀န်း ဂျာနယ်မှ ထုတ်ဝေသူ အပါအဝင် သုံးဦးကို ဇန်နဝါရီလ ၉ ရက်နေ့က မင်္ဂလာဒုံမြို့မရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
ဆောင်းပါးရှင် ထောင်သူရဲဘအုပ်နှင့် သူရိယနေ၀န်း ဂျာနယ်တိုက်မှ ထုတ်ဝေသူ ဦးခင်အေး၊ ဂျာနယ်တိုက် အုပ်ချုပ်သူ ဦးကျော်တင့်တို့ သုံးဦးကို အွန်လိုင်း ၀က်ဘ်ဆိုက်ပေါ်တွင် တပ်မတော် အရာရှိကြီးများ ဖြစ်သည့် ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ငြိမ်း)နှင့် ဗိုလ်ကြီး တိုးနိုင်မန်း (ငြိမ်း)တို့ အမည်များကို အများပြည်သူ ဖတ်ရှုလျှင် ဂုဏ်သိက္ခာ ထိခိုက်ခြင်းနှင့် မြန်မာနိုင်ငံအပေါ် မမှန်မကန် လုပ်ရပ်များ ပြုလုပ်ခြင်းဟု ယုံကြည်ခြင်း ဖြစ်စေရန် ရည်ရွယ်၍ သတင်း ဖော်ပြခဲ့သည်ဟုဆိုကာ တပ်မတော် မှ ဗိုလ်ကြီး မြင့်ဇော်(ငြိမ်း)က တရားလိုပြု တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုတော် ကဗျာဘွဲ့မှူးကို ငွေကျပ်သိန်း ၂၅၀၀အား ၅ရက်အတွင်း ပြန်လည်ပေးအပ်ရန် ကြေညာခဲ့ပြီး ကျော်လွန်ပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း

ရှေ့နေမှတစ်ဆင့် အများပြည်သူ သိရှိစေရန် ကြေညာခဲ့ခြင်းဖြစ်သည်။ ကဗျာဘွဲ့မှူး၏ ZTH စက်သုံးဆီဆိုင်လုပ်ငန်းနှင့် အခြားသောလုပ်ငန်းများတွက် ငွေကြေးအကူအညီတောင်းခံမှုကြောင့် မမိုးနှင်းသက် ပိုင်ဆိုင်သော လက်ဝတ်ရတနာများ၊ မြေကွက်များကို အသိဆွေမျိုးများထံ အာမခံအပေါင်ထားကာ စုစုပေါင်း ငွေကျပ် သိန်း၂၅၀၀ အားကူညီပေးခဲ့ပြီးနောက် ကဗျာဘွဲ့မှူးမှ ၂၀၁၆ ခုနှဏ် ၅ လပိုင်းထဲက ပြန်လည်ဖြေရှင်းမှုမရှိခဲ့ပဲ ရှောင်တိမ်းနေခဲ့သည့်အတွက် ချေးယူထားသော အတိုးငွေများကိုလည်း မမိုးနှင်းသက်မှ ဆိုက်ရှင်းထားခဲ့ရပြီး ယခုအခါ အပေါင်ထားသည့် ပစ္စည်းများ လက်လွှတ်ဆုံးရှု့းရတော့မည့် အခြေအနေကို ရောက်နေကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ဆိုင်ကယ်သူခိုး Show Room အထိ ဖွင့်လှစ်နိုင်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာ အတွင်းရှိ ဂုဏ်ထူးရှင်ဘော်ဒါဆောင်၏ နောက်ဖေး လမ်းကြား မှောင်ရိပ်တွင် မသင်္ကာ ဖွယ်လူတစ်ဦးကို တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ နယ် ညောင်စောက်ကျေးရွာနေ မောင်ခိုင်(ခ) လှမင်းထွန်းဖြစ်ပြီး မှောင်ရိပ် ခိုမှုနှင့်ပတ်သက်၍ ဆားလင်းကြီးမြို့မရဲစခန်းက စစ်ဆေးခဲ့ရာမှ ¤င်းသည် ၂ဝ၁၆ ခုနှစ် မေလခန့်က ရေဦးမြို့နယ် တင်းတိန်ရံကျေးရွာ ဘုန်းကြီးပျံပွဲ ခင်း၌ ရပ်ထားသောBo Bo ၁၂၅ အမျိုးအစား ဆိုင်ကယ်တစ်စီးအား ခိုးယူခဲ့ပြီး ဆားလင်းကြီး- ကျားတက် ကျေးရွာသွား ကားလမ်းမဘေး ချုံပုတ်ထဲတွင် ဝှက်ထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် သက်သေများနှင့်အတူ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

ကလောက်ခ်ျနှင့် ဖာဂူဆန် စံချိန်ကို အမီလိုက်လိုကြောင်း မော်ရင်ညို ဖွင့်ဟ

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် လိဂ်ဖလားပြိုင်ပွဲကို တန်ဖိုးထား၍ ယှဉ်ပြိုင်နေသည်မှာ ဂန္ထဝင် နည်းပြကြီးများ ဖြစ်သည့် ဘရိုင်ယန်ကလောက်ခ်ျနှင့် ဖာဂူဆန်တို့၏ စံချိန်များကို အမီလိုက်လို၍ ဖြစ်သည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူ တစ်ယောက် (သို့မဟုတ်)ကိုပေါက်(အောင်လံ)

မြန်မာနိုင်ငံအလယ်ပိုင်း၏ အပူပိုင်း ဒေသတစ်ခုဖြစ်သည့် မကွေး တိုင်းဒေသကြီး အောင်လံမြို့၏ ဆောင်းနံနက်ခင်းက အေးမြခြင်းအရသာကို မပေးစွမ်းနိုင်သေး။ သို့သော် အေးချမ်းစရာ မြင်ကွင်းတစ်ခုကတော့ အဆင်သင့် ဆီးလို့ကြိုနေသည်။ ထိုမြင်ကွင်းက နံနက် နေရောင်ခြည်အောက်မှာ ဘုရားသား တော်များဖြစ်သည့် ကိုရင်လေးများအား အသက် ၅ဝ ခန့်ရှိသည့် အမျိုးသားကြီးတစ်ဦးက ဆွမ်းလောင်းနေခြင်းပင် ဖြစ်သည်။ ထို လူကြီးက ကိုရင်လေးများအား ဖော့ဘူးဖြင့် အဆင့်သင့်ထည့်ထား သည့် ဆွမ်းခဲဖွယ်များကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကပ်လှူနေ သည်။ ကိုရင်လေးများက ဆုပေးရာတွင် လက်အုပ်လေးချီကာ မျက် လုံးလေးမှိတ်ပြီး နာယူနေသည်မှာ ကြည်နူးစရာ မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

ကိုယ်ဝန်တားဆေး အခမဲ့ ပေးဖို့ ဖိလစ်ပိုင် သမ္မတ ညွှန်ကြား

ဖိလစ်ပိုင် နိုင်ငံက အစိုးရ ကျန်းမာရေး ဌာနတွေ အနေနဲ့ ပဋိသန္ဓေ တားဆေး တွေ အခမဲ့ ထုတ်ဝေ ပေးဖို့ သမ္မတ ရိုဒရီဂို ဒူတာတေး က ညွှန်ကြားချက် ထုတ်ပြန် လိုက်ပါတယ်။ ဖိလစ်ပိုင် အမျိုးသမီး ၆ သန်း လောက်ဟာ ကိုယ်ဝန် တားဆေး ရဖို့ အခွင့်အရေး မရှိကြဘူး လို့ စာရင်း ဇယားတွေ က ဖော်ပြ နေပါတယ်။ ဆင်းရဲမွဲတွေမှု ကြောင့် ကိုယ်ဝန် မဆောင်လို ကြတဲ့ မိသားစုတွေကို အခမဲ့ ကိုယ်ဝန် တားဆေး ပေးဖို့ သမ္မတ ဒူတာတေး က ညွှန်ကြား ခဲ့တာလည်း ဖြစ်ပါတယ်။ မိသားစု သားဆက်ခြားရေး အစီအစဉ်ဟာ မဖြစ်မနေ လိုအပ်ကြောင်း ဖိလစ်ပိုင် အရာရှိ တစ်ဦး က ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရအရာရှိ ၇ ဦးအပေါ် ကန် ဒဏ်ခတ်မှုချမှတ်

မြောက်ကိုရီးယားရဲ့ စိုးရိမ်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆင်ဆာပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်ဆိုပြီး မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un’s ရဲ့ ညီမတော်စပ်သူ အပါအ၀င် မြောက်ကိုရီးယားအရာရှိ ၇ ယောက်အပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လိုက်ပါတယ်။ြေ မာက်ကိုရီးယားအစိုးရဌာန ၂ ခုဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ နိုင်ငံတော် စီမံကိန်းရေးဆွဲရေး ကော်မရှင် တို့ကိုလည်း ဗုဒ္ဓဟူးနေ့က အရေးယူဒဏ်ခတ်ခဲ့တာပါ။ ပိတ်ဆို့ဒဏ်ခတ်မှုအသစ်အရ၊ အရေးယူခံရသူတွေရဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားတွေကို ထိန်းချုပ်ခံရမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေအနေနဲ့လည်း အခုဒဏ်ခတ်လိုက်တဲ့ မြောက်ကိုရီးယားအရာရှိ ၇ ယောက်အပြင် မြောက်ကိုရီးယား အစိုးရဌာနတွေနဲ့လည်း စီးပွားရေး လုပ်ကိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး။

SSA(၀မ်ဟိုင်း)အဖွဲ့၏ ဆက်ကြေးကောက်ခံခြင်းနှင့် အတင်းအဓမ္မလူသစ်စုဆောင်းခြင်းတို့ကြောင့် ပြောင်းရွှေ့လာသည့် တိုင်းရင်းသားပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်အတွင်း SSA(၀မ်ဟိုင်း)အဖွဲ့၏ ဆက်ကြေးကောက်ခံခြင်းနှင့် အတင်း အဓမ္မ လူသစ်စုဆောင်းခြင်းတို့ကြောင့် ဟိုဆိုင်းကျေးရွာအုပ်စု၊ပန်နှင်းကျေးရွာနှင့် ၀မ်မိုင်းကျေးရွာတို့မှ ရပ်စောက်မြို့နယ်၊ မားသဲကျေးရွာအုပ်စု၊ရေဖြူကျေးရွာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် တိုင်းရင်းသား ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဇန်န၀ါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ရေဖြူကျေးရွာဘုန်းကြီးကျောင်း၌ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ကိုယ်ပိုင်အိမ်ဝယ်ဖို့ ပိုက်ဆံစုနေတဲ့ ရဲလေး

လက်ရှိ အိပ်မက်မှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် ထက် အိမ်ခန်းတစ်ခန်းဝယ်ယူနိုင် ရေးသာဖြစ်သည်ဟု အဆိုတော် ရဲလေးက ပြောသည်။ ‘‘ကျွန်တော် တစ်နေ့တော့ စီးပွားရေးလုပ်သွားဖို့ စိတ်ကူး ထားတာရှိတယ်။ ဒါပေမဲ့ အခု တော့ လောလောဆယ် အိမ်ဝယ် နိုင်ဖို့ ပိုက်ဆံစုနေရတယ်။ အခုက ကျွန်တော်က အိမ်ငှားနေနေတာ ပါ။ အမေတို့၊ ဂျိုကာတို့နေတဲ့အိမ် ကတော့ ကျွန်တော်ဝယ်ပေးထား တာ ဖြစ်ပေမယ့် ကျွန်တော့်ဘာ သာ အေးအေးချမ်းချမ်း ကျွန် တော့်ကမ္ဘာလေးကို တည်ထောင် ဖို့၊ အေးဆေးတစ်ယောက်တည်း နေဖို့အတွက်တော့ အိမ်ခန်းလေး တစ်ခန်း လိုချင်တယ်’’ဟု ရဲလေး က ပြောသည်။ ၎င်းတစ်ဦးတည်း သီးသန့် နေထိုင်နိုင်ရန် အိမ်ကို ယခုနှစ်အ တွင်း ဝယ်ယူနိုင်ရေး ကြိုးစားရှာ ဖွေနေခြင်းဖြစ်ပြီး အိမ်ခန်းဝယ် ယူပြီးမှသာ စီးပွားရေးဘက်သို့ ဦးတည်မည်ဟု ရဲလေးက ဆို သည်။

ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ ပြည်ပသို့ရေထွက်ပစ္စည်းကန်ဒေါ်လာသန်း ၄၀၀ ဖိုးနီးပါးတင်ပို့ထား၊ ယခင်နှစ်ထက်ပို

ယခုဘဏ္ဍာ နှစ် ဒီဇင်ဘာလအထိ ပြည်ပနိုင်ငံများ သို့ ရေထွက်ပစ္စည်းကန်ဒေါ်လာသန်း ၄၀၀ ဖိုးနီးပါးတင်ပို့ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။ ယခုဘဏ္ဍာနှစ် ဧပြီလ၁ရက်မှ ဒီဇင်ဘာလ၃၀ရက်အထိ ပြည်ပနိုင်ငံ များသို့ အမေရိကန်ဒေါ်လာ၃၉၄ဒသမ ၀၉၈သန်းတန်ဖိုးရှိ ရေထွက်ပစ္စည်း များကို ပုဂ္ဂလိကပိုင်မှတင်ပို့ထားပြီး နိုင်ငံပိုင်မှတင်ပို့မှုမရှိကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ""ရေ ထွက်ပစ္စည်းက နိုင်ငံပိုင် တင်ပို့မှုမရှိတာ ကြာပြီ။ ပုဂ္ဂလိကပဲတင်ပို့မှုတွေပြုလုပ် နေတာပါ။ ဒီနှစ်ရေထွက်ပစ္စည်းက မနှစ်ကထက် ပိုမိုမယ့်အနေအထား တော့ရှိတယ်။ ဒီဇင်ဘာလကုန်အထိ မနှစ်ကကာလတူနဲ့နှိုင်းယှဉ်ရင် ကန် ဒေါ်လာ၆၆သန်းကျော်လောက် ပိုနေ တာတွေ့ရတယ်""ဟု ဇန်န၀ါရီ ၁၁ ရက်က ဒီမိုကရေစီတူဒေးသို့ ပြော သည်။

ဇန်န၀ါရီလ ဒုတိယပတ်အတွင်း ပြည်တွင်းရွှေဈေးနှုန်း ကျပ်နှစ်သောင်းနီးပါး ပြန်လည်မြင့်တက်လာ

ယခုဇန်န၀ါရီလ ဒုတိယ ပတ်အတွင်း ပြည်တွင်း ရွှေဈေးနှုန်း အကယ်ဒမီရွှေ တစ်ကျပ်သားလျှင်ကျပ်နှစ်သောင်းနီးပါး ဈေးနှုန်း ပြန်လည်မြင့်တက်ခဲ့ကြောင်း ပြည်တွင်းရွှေလုပ်ငန်း ရှင်အသိုင်းအ၀ိုင်းမှ သိရသည်။
ယခင် ဇန်န၀ါရီ ၂ရက်က အကယ်ဒမီရွှေတစ် ကျပ်သားလျှင် ကျပ် ၈၄၂၀၀၀ ၀န်းကျင်မှ လက်ရှိ ဇန်န၀ါရီဒုတိယပတ်တွင် အကယ်ဒမီရွှေတစ်ကျပ် သားလျှင် ကျပ် ၈၆၄၅၀၀သို့ မြင့်တက်ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ""အရင်အပတ်ထဲမှာ ရွှေဈေးက ကျပ် ၈၄၈၀၀၀ လောက်အထိ တက်ခဲ့ပြီး အခုနေ့လယ်ပိုင်းမှာ ကျပ် ၈၆၄၅၀၀ လောက်ဖြစ်နေ တယ်။ ဒီအပတ်ထဲမှာ ရွှေဈေးကနှစ်သောင်းလောက် တက်လာတယ်ပြောရမယ်""ဟု ဇန်န၀ါရီ ၁၁ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

သီတဂူမော်ကွန်းတင်ခေါင်းလောင်းတော်ကြီးကို ကြေးသွန်းပညာရှင် ၂၀၀ ဖြင့် စတင်သွန်းလောင်း

သီတဂူ ဆရာတော်ကြီး သက်တော်(၈၀)ပြည့်အထိမ်းအမှတ် မော်ကွန်း တင်ခေါင်း လောင်းတော်ကြီးမှာ ဖယောင်းပုံစံ ပိုင်းရာနှုန်းပြည့်ပြီး စီးပြီဖြစ်သော ကြောင့် မန္တလေးမြို့တောင်ဘက်၊ တံတိုင်းရှည်မြောက်ရွာ သစ်တွင် ကြေး သွန်းလောင်းခြင်းအဆင့်ကို ပြည့်ဝ ကြေးသွန်းလုပ်ငန်း မှဦးဆောင်၍ ဇန်န၀ါရီ ၁၀ ရက်မှစတင်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ ""ခေါင်းလောင်းတော်ကြီးကို စတင်ကြေးသွန်းလောင်းရာမှာ ကြေး သွန်းပညာရှင်အယောက် ၂၀၀ ခန့် ပါဝင်ပြီးကြေးရည်ကြို ဖိုပေါင်း ၂၂ ဖိုနဲ့ အသုံးပြုခဲ့တာဖြစ်ပါတယ်။ သီ တဂူဆရာတော်ကြီးကတော့ ဖယောင်း ပုံစံပိုင်းအဆင့်မှာ လာရောက်ကြည့် ရှုသွားခဲ့တယ်။ ဇန်န၀ါရီ ၁၁ ရက် နံနက် ၅ နာရီ ၁၅ မိနစ်မှာတော့ အောင်မြင်စွာကြေး သွန်းလောင်းပြီး ဖြစ်တာကြောင့် ကျန်ရှိတဲ့လုပ်ငန်း စဉ်တွေအတိုင်း ဆက်လက်ဆောင် ရွက်သွားမှာဖြစ်ပြီး ဆရာတော်ကြီး မွေးနေ့ဖြစ်တဲ့ တပေါင်းလပြည့်နေ့အမီ အပြီးအစီးအပ်နှံရမှာဖြစ်ပါတယ်။

နမ့်ဆန်မြို့တွင်TNLA အကြမ်းဖက်သောင်းကျန်းသူများ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့်ပစ်ခတ်၊ စာသင်ကျောင်းနှင့်အဆောက် အအုံအချို့ ပျက်စီး

TNLA အကြမ်းဖက်သောင်းကျန်းသူများက နမ့် ဆန်မြို့အား အကြိမ်ကြိမ် လာရောက် နှောင့်ယှက်ပစ်ခတ်နေသဖြင့် မြို့လုံခြုံ ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ နမ့်ဆန်မြို့အနီးနှင့် ပတ်ဝန်းကျင်တစ် ၀ိုက်အား တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေးကို ပုံမှန်ဆောင်ရွက် လျက်ရှိစဉ် ဇန်န၀ါရီ ၁၀ရက် ည ၇နာရီ ၁၅ မိနစ်ခန့်တွင် နမ့်ဆန်မြို့၏အရှေ့ တောင်ဘက် မီတာ ၁၃၀၀ ခန့်အကွာ သို့အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူအင်အား ၂၀ ခန့်နှင့် ထိတွေ့တိုက် ပွဲဖြစ်ပွား ခဲ့ပြီး ည ၇ နာရီ ခွဲ ခန့်တွင် ရန်သူများတောင်ဘက်သို့ ဆုတ် ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ဆုတ်ခွာ သွားသည့်ရန်သူ့နောက်သို့ တပ်မတော်စစ်ကြောင်းက လိုက်လံ ရှင်းလင်းစဉ် ည ၈ နာရီခန့်တွင် နမ့်ဆန်မြို့အ၀င်ရှိ မန်ခိုက်နတ်စင် ကုန်းတစ်ဝိုက်၌ TNLA အကြမ်း ဖက်သောင်းကျန်းသူများက ခေတ္တ ခြေကုပ်ယူ၍ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန် လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရန်သူ့ပစ်ခတ် မှုရပ်တန့်သွားခဲ့ကြောင်း သိရ သည်။

ဆိုင်ကယ်စီးနင်းခွင့်များကို ဥပဒေနှင့်အညီ စည်ကမ်းတကျစီးနင်းခွင့်ပြုစေလို

စည်ပင်သာယာနယ်နမိတ်အတွင်းရှိ မြို့နယ်တွေက မော်တော်ဆိုင်ကယ်စီးနင်းနေသူတွေနဲ့ ဆိုင်ကယ်ကယ်ရီသမားတွေအတွက် ဆိုင်ကယ်စီးနင်းခွင့်တွေကိုဥပဒေနဲ့အညီစည်ကမ်းတကျပြေးဆွဲခွင့်ပြုသင့်တယ်လို့ မြို့နယ်တွေရှိရပ်ကွက်တွေက မော်တော်ဆိုင်ကယ်အသုံးပြုစီး နင်းနေကြတဲ့ ပြည်သူအချို့ကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်းမှာ ဒလမြို့နယ်နဲ့ ဆိပ်ကြီးခနောင်တိုမြို့ နယ်တွေကလွဲပြီး ကျန်မြို့နယ်တွေအတွင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ မော်တော်ဆိုင်ကယ်စီးနင်းခွင့်မပြုတော့ကြောင်း ဇန်န၀ါရီ(၆)ရက်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ကထုတ်ပြန်မှုအပေါ် အခုလို ပြောကြား ကြတာဖြစ်ပါတယ်။

ရန်ကုန်အပါအ၀င် မြို့ကြီးလေးမြို့တို့ရှိ ကလေးငယ် ၄၀ ရာခိုင်နှုန်းခန့် သွေးအားနည်းရောဂါဖြစ်ပွားနေဟုဆို

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့်တောင်ကြီး မြို့တို့ရှိ ကလေးငယ် ၄၀ ရာခိုင်နှုန်း ခန့်တွင် သွေးအားနည်းရောဂါဖြစ် ပွားမှုကိုတွေ့ရှိရကြောင်းေ ဆးသု တေသနဦးစီးဌာန၊ အာဟာရဓာတ် သုတေသနဌာနခွဲမှသိရသည်။ အဆိုပါမြို့လေးခုရှိ မြို့လယ် ကောင်၊ မြို့စွန်နှင့်ကျေးရွာများရှိ မူလ တန်းအရွယ် (အထူးသဖြင့် ရှစ်နှစ်၊ ကိုးနှစ်၊ ၁၀နှစ်) ကလေးငယ်အ ယောက် ၅၀၀ ခန့်အား သုတေသန ပြုလုပ်ခဲ့ရာတွင် ၄၀ ရာခိုင်နှုန်းခန့် သည် သွေးအားနည်းရောဂါဖြစ်ပွား နေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ""ကလေး ၅၀၀ လောက်ကို လက်ထိပ်မှာသွေးဖောက်ပြီးတော့ေ သွးအားနည်းရောဂါရှိမရှိကို တိုင်း တာခဲ့ပါတယ်။ သွေးအားနည်းရောဂါ ကတော့ ကလေးအားလုံးပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းလောက်မှာဖြစ်နေတာ ကိုတွေ့ရပါတယ်။ သွေးအားနည်း ရောဂါကတော့ မန္တလေးမှာများတယ်။

ဘုရင့်နောင်ပွဲရုံဝင်းတွင် ယာဉ်ကြောနှင့် ဒုစရိုက်လုပ်ငန်းများ သုံးရက်စီ မံချက်ဖြင့်ရှင်းလင်းမည်

ဘုရင့်နောင် ပွဲရုံဝင်းအတွင်း ယာဉ်ကြောရှင်းလင်း ရေးနှင့် ဒုစရိုက်လုပ်ငန်းများပပျောက် ရေးဆိုင်ရာကိစ္စများကို သုံးရက်တာ စီမံချက်ချဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင် ယာဉ်ရပ်နားစခန်းနယ်မြေတွင် ယာဉ် ကြောရှင်းလင်းရေး၊ စည်းကမ်းမဲ့ပျံ ကျဈေးသည်များရှင်းလင်းရေး၊ ကား လမ်းနံဘေးပစ္စည်းများစုပုံသူများ အား စည်းကမ်းထိန်းသိမ်းရေး၊ မှုခင်း ကြိုတင်ကာကွယ်ရေးနှင့် ဒုစရိုက်လုပ် ငန်းများပပျောက်ရေးတို့အတွက် ဇန် န၀ါရီ ၁၆ ရက်မှစတင်၍ သုံးရက် တာစီမံချက်ချဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များစာတမ်းဖတ်ပွဲ ရန်ကုန်တက္ကသိုလ် တွင် ပြုလုပ်မည်

ရန်ကုန်တက္ကသိုလ်၊ မနုဿဗေဒဌာနနှင့် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း ကျင်းပသော""မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ""စာတမ်းဖတ်ပွဲကို ဇန်န၀ါရီ ၁၃ ရက်တွင်ရန်ကုန်တက္ကသိုလ်၊  ၀ိဇ္ဇာခန်းမတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာတမ်းဖတ်ပွဲတွင် ကမ္ဘာ့အမွေအနှစ် UNESCO စာ ရင်းဝင်""ပျူ""မြို့ဟောင်းများနှင့် ကမ္ဘာ့အမွေအနှစ်မှတ်တမ်း ၀င်နိုင်သော မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များအကြောင်းနှင့် ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေး မှုများအကြောင်းကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း ဒေါ်စန္ဒာခင် (ဥက္ကဋ္ဌ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့) က ဇန်န၀ါရီ ၁၁ ရက်တွင်ပြောသည်။ ""ဆရာမတို့ မြန်မာ့ယဉ်ကျေးမှုအကြောင်းပြောရင်တော့ အများကြီး ကျယ်ပြန့်ပါတယ်။ ဒါကြောင့် အခု စာတမ်းဖတ်ပွဲမှာ မြန်မာ့ယဉ်ကျေးမြှု ဒပ်ရှိ၊ ဒြပ်မဲ့အကြောင်းတွေကိုခွဲပြီးတော့ ကျောင်းသား၊ ကျောင်းသူတွေ နားထောင်လို့ရအောင် ဒီစာတမ်းဖတ်ပွဲကိုကျင်းပတာပါ။ နောက်ပြီး ဒီအကြောင်းအရာတွေကို မနုဿဗေဒက ဆရာ၊ ဆရာမတွေက စာတမ်း ပြုစုထားတာရှိတယ်။ သုတေသနပြုထားတာလည်းရှိတော့ ဒါတွေကိုဖတ် ကြားကြမယ်ပေါ့။ ဆရာမကတော့ ပျူမြို့သုံးမြို့ဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ ဘယ်လိုတွေလုပ်ခဲ့တယ်။ ဘယ်လိုမျိုးစံချိန်စံညွှန်းတွေကြောင့် ၀င်ရောက်ခဲ့တယ်ဆိုတာကို သိရှိရအောင်ပြောပြသွားမယ်""ဟု ဒေါ်စန္ဒာ ခင်ကပြောသည်။စာတမ်းဖတ်ပွဲကို ဇန်န၀ါရီ ၁၃ ရက် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ MTZ

ပုဇွန်တောင်ဈေးရှေ့ လမ်းဖြတ်ကူးသူ KMD ၀န်ထမ်းအမျိုးသမီးကားတိုက်ခံရ

ရန်ကုန်၊ ဇန်န၀ါရီ ၁၁ -ပုဇွန်တောင်ဈေးရှေ့ လူကူးမျဉ်းကျားမှ လမ်းဖြတ် ကူးသည့် KMD ၀န်ထမ်းအမျိုးသမီး ကားတိုက်ခံရသဖြင့် နေရာတွင် ဦး ခေါင်းကြေမွဒဏ်ရာဖြင့်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
ဇန်န၀ါရီ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပုဇွန်တောင်မြို့နယ် အမှတ်(၇) ရပ်ကွက်အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်ဈေးရှေ့တောင် မှ မြောက်သို့ မောင်းနှင်လာသောယာဉ်မောင်း ဦးရဲထွန်းဇော်(၅၂)နှစ် တောင် ဥက္ကလာပမြို့နေ မထသယာဉ်လိုင်းအမှတ် (၆၂)/5B----သည် ကားဘီးဘ
ရိတ်ပေါက် ၍ အရှေ့မှအနောက်သို့ လူကူးမျဉ်းကျားမှ လမ်းဖြတ် ကူးသည့်ေ ဒ်ါချောစုလတ်၊ အသက် (၂၄)နှစ်ခန့် ကျောက်တံတားမြို့နယ်၊ အနော်ရထာ လမ်းနေ KMD ၀န်ထမ်းကို ၀င်ရောက်တိုက်မိပြီး ဆက်လက် မောင်းနှင် စဉ် ဈေးရှေ့ယာဘက်လမ်းစပ်တွင်ရပ်ထားသော 5F---ဆူစူကီးကာြး ဖူပြာရောင်အား ထပ်မံတိုက်မိပြီး ကားနှစ်စီးပျက်စီးခဲ့ကြောင်းသိရသည်။ ၅၁ လမ်းရှိ ယာဉ်မှုစစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ""တရားခံကို ဖမ်းမိထား ပါတယ်။ ယာဉ်မောင်းက ယာဉ်ပေါ်ကဆင်းပြေးစဉ် ဈေးရှေ့မှာရပ်ထားတဲ့ လှည့်ကင်းယာဉ်ထိန်း ရဲတပ်ဖွဲ့ကတပ်ဖွဲ့ဝင်တွေတွေ့ပြီး ဖမ်းဆီးလိုက်နိုင် ပါတယ်""ဟု ဇန်န၀ါရီ ၁၁ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။အဆိုပါ မထသယာဉ်လိုင်းအမှတ် (၆၂) ယာဉ်မောင်းကို ပုဇွန်တောင် မြို့မရဲစခန်းက ယာဉ်(ပ) ၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)/၂၉၇ အမှု ဖွင့်အရေးယူထားကြောင်း သိရသည်။

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ မှ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၊ ရပ်ကွက်(၃)နေ ဦးထွန်းဦးသည် ဗန်းမော်မြို့သို့ ဆိုင်ကယ်ဖြင့် ဈေးပစ္စည်းများသွားရောက်ပို့ဆောင်စဉ် ဇန်န၀ါရီ ၁၀ရက် ညနေ ၃ နာရီခွဲခန့်တွင် ကန်တော်ယန် ကျေးရွာနှင့် နမ်ပေါင်ကျေးရွာအကြား၌ ဆိုင်ကယ်အားခေတ္တရပ်နားပြီး လမ်း၏၀ဲဘက်ဘေး ၃ ပေခန့်အကွာသို့ ရေခပ်ရန်သွားရောက်ရာ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။ အဆိုပါမိုင်းထိလူနာအား မြစ်ကြီးနားမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိပြီး တပ်မတော်စစ်ကြောင်းမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးစကားပြောကြားကာ စားသောက် ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သာကေတ အနော်မာမင်္ဂလာကန်အနီးမြေကွက်များကို ခြံစည်းရိုးကာနေသူ များနှင့် ရပ်ကွက်ပြည်သူများ အပြန်အလှန်အချင်းများ

သာကေတ မြို့နယ် အနော်မာမင်္ဂလာရေကန်နံ ဘေးရှိမြေကွက်များကို ခြံစည်းရိုး ခတ်နေသော ဆောက်လုပ်ရေးအလုပ် သမားများနှင့် ရပ်ကွက်နေပြည်သူများ အပြန်အလှန် အချင်းများခဲ့ကြောင်း သိရသည်။  ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ၁/အနော်မာရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးတင်စိန်က """ရေကန်ဘေးကမြေ ကွက်ကို ဆောက်လုပ်ရေးအလုပ်သမားေ တွက ခြံစည်းရိုးခတ်ဖို့လာတာကို ရပ်ကွက်နေပြည်သူတချို့က တားရင်း နဲ့ နှစ်ဖက်အချင်းများပြီး သွပ်ပြားတွေ ကိုကန်တာတို့ ပြည်သူဘက်ကခဲတွေ နဲ့ပေါက်တဲ့အတွက် ဆောက်လုပ်ရေး လုပ်သားတစ်ယောက် ခေါင်းထိသွား တယ်""ဟု ဇန်န၀ါရီ၁၁ရက်က ဒီမို ကရေစီတူဒေးသို့ ပြောသည်။ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် စည်ပင် မှတာဝန်ရှိသူများ လာရောက်ကြည့်ရှု ပြီး ခြံစည်းရိုးခတ်ခြင်းကိုရပ်ဆိုင်းရန် ညွှန်ကြားသောကြောင့် ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သိရသည်။

မောတောင်ဒေသတွင် ရေဘေးသင့်သူများပိုမိုများပြားလာ၊ ကယ်ဆယ်ရေးစခန်းများတွင်လူ ၅၀၀ နီးပါးရောက်ရှိ

တနင်္သာရီ တိုင်းဒေသကြီး မောတောင်ဒေသ တွင်မိုးသည်းထန်စွာ ရွာသွန်းခြင်း ကြောင့် ရေဘေးသင့်သူများပိုမိုများ ပြားလာနေပြီး ကယ်ဆယ်ရေးစခန်း များတွင် လူဦးရေ ၅၀၀ နီးပါးရောက် ရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးကယ်ဆယ်ရေးနှင့်ြ ပန်လည် နေရာချထားရေးဦးစီးဌာန၊ တိုင်းဦး စီးမှူး ဒေါ်ဖြူဖြူဝင်း က ဇန်န၀ါရီ ၁၁ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ အဆိုပါဒေသတွင် ဇန်န၀ါရီ ၁၀ ရက်အထိ အိမ်ထောင်စုပေါင်း ၁၁ စုလူဦးရေ ၅၀ ခန့်ရေဘေးလွှတ် ရာသို့ ပြောင်းရွှေ့ထားရှိထားသော် လည်း ဇန်န၀ါရီ ၁၁ ရက်တွင် မော တောင်ဒေသ သိန်းခွန်းကျေးရွာအုပ် စု၊ ချောင်း လမုကျေးရွာတွင် ရေကြီး နစ်မြုပ်မှုဖြစ်ပွားခြင်းကြောင့် အိမ် ထောင်စု ၆၄ စုမှ လူဦးရေ ၃၆၂ ဦးကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ ထားရကြောင်း သိရသည်။

မလေးရှားရဲထိန်းသိမ်းထားသည့် မြန်မာရှစ်ဦးကိုစစ်ဆေးပြီးပါက မြန်မာနိုင်ငံ သို့ ပြန်ပို့မည်

မလေးရှား တွင် တိုက်ခိုက်ခံရသည့် မြန်မာ ၁၅ ဦးအနက်မှ လုံခြုံရေးအရထိန်း သိမ်း ခံရသည့် မြန်မာရှစ်ဦးအား စစ်ဆေး မှုများပြီးပါက အမိနိုင်ငံသို့ အမြန် ဆုံးပြန်လည်ပို့ဆောင်သွားမည်ဟု သိရသည်။ အဆိုပါရှစ်ဦးအား ပြန်လည်ပို့ ဆောင်ပေးမည့်အပြင် တိုက်ခိုက်ခံခဲ့ ရသည့် မြန်မာလုပ်သားများလုပ်ကိုင် ရာစက်ရုံတွင် ဆက်လက်မလုပ်ကိုင် လိုသည့် ကျန်မြန်မာလုပ်သားများ ကိုလည်း ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်နေကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။ ""အခုငါးဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် အတွက် မလေးရှားရဲဌာနချုပ်ကိုယ် တိုင်က တိုက်ရိုက်ကွပ်ကဲပြီး အမှုမှန် ပေါ်ပေါက်ဖို့ အပူတပြင်းစုံစမ်းစစ်ေ ဆးပေးနေပါတယ်။ လုံခြုံရေးအရ ထိန်းသိမ်းခံထားရတဲ့ရှစ်ဦးကိုလည်း အမှုမှန်ပေါ်ပေါက်ဖို့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးရင်တော့ မြန်မာနိုင်ငံကို အမြန်ဆုံးပြန်ပို့ဖို့ လုပ်သွားမှာပါ။ အဲ ဒီစက်ရုံမှာဆက်ပြီးမလုပ်ရဲတဲ့ အလုပ် သမားတွေကိုလည်း မြန်မာနိုင်ငံကို အမြန်ဆုံးပြန်ပို့နိုင်ဖို့ဆောင်ရွက်နေ ပါတယ်""ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအရာရှိတစ်ဦးက ဇန်န၀ါရီ ၁၁ ရက်တွင် ပြောသည်။

အင်အား(၁၄၄)ဦးဖြင့်ဘုရင့်နောင်ပွဲရုံဝင်း၊ယာဉ်ရပ်နားစခန်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုရေး ဆောင်ရွက်သွားမည်

ဘုရင့်နောင်ပွဲရုံဝင်းအတွင်းနဲ့ကုန်တင်ယာဉ်ရပ်နားစခန်းတွေမှာလုံခြုံရေးအပါအ၀င်ယာဉ်ကြပ်တည်းမှုနဲ့တရားမဝင်ဒုစရိုက်လုပ်ငန်းကင်းစင်ရေးလုပ်ငန်းစဉ်တွေထိန်းသိမ်းရေးကိုဇန်နဝါရီ(၁၆)ရက်ကစပြီးအစိုးရအဖွဲ့အစည်းတွေနဲ့ပွဲရုံဝန်းသာယာရေးကော်မတီဝင်တွေရပ်မိရပ်ဖတွေပူးပေါင်းပြီးအရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမယ်လို့ဇန်န၀ါရီ(၁၁)ရက်ညနေပိုင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ဘုရင်နောင်ကုန်စည်ဒိုင်ပွဲရုံဝန်းတာဝန်ရှိသူတွေတွေ့ဆုံရာမှာဆွေးနွေးပြောကြားချက်တွေအရသိရပါတယ်။ဆောင်ရွက်တဲ့အခါပူးပေါင်းအင်အား(၁၄၄)ဦးပါဝင်တဲ့အမှတ်(၉)လုံခြုံရေးရဲတပ်ဖွဲ့အင်အား(၃၅)ဦး၊စည်ပင်သာယာဝန်ထမ်းအင်အားအရာရှိဝန်ထမ်း(၁၄)ဦး၊စည်ပင်ရဲအင်အား(၁၀)ဦး၊ဘုရင့်နောင်ရဲစခန်းအင်အား(၁၀)ဦး၊ရပ်မိ/ရပ်ဖအဖွဲ့(၁၅)ဦး၊ယာဉ်ရှင်းနဲ့ညလုံခြုံရေးအင်အား(၃၁)ဦးအရံမီးသတ်တပ်ဖွဲ့(၁၅)ဦး၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအင်အားအဖြစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င်စုစုပေါင်း(၁၇)ဦးတို့နဲ့ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဖက်ဒရယ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ရန်ကုန်တိုင်းလွှတ်တော်တွင် သုံးရက်ကြာပြုလုပ်

ဖက်ဒရယ် ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် တွင် ဇန်န ၀ါရီ၁၁ရက်မှစတင် ပြုလုပ်လျက် ရှိကြောင်း သိရသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဖက်ဒရယ်နိုင်ငံများဖိုရမ် (Forum of Federations) မှ ကျင်းပခြင်းဖြစ်ပြီး ဇန်န၀ါရီ၁၁ရက်မှ၁၃ရက်အထိ သုံး ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ ချခြင်း၏သဘောသဘာဝများ၊ ဖက် ဒရယ်စနစ်အတွင်း၌ မတူကွဲပြားမှုများ ကို စီမံခန့်ခွဲခြင်းနှင့် အသိအမှတ်ပြု နေရာပေးခြင်းဆိုင်ရာ အစီအမံများ၊ အစိုးရအလွှာအသီးသီး၏ လုပ်ပိုင် ခွင့်ခွဲဝေပုံများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ များ၏အခန်းကဏ္ဍ၊ ဘဏ္ဍာရေးနှင့် သဘာဝသယံဇာတ အရင်းအမြစ်ခွဲ ဝေသုံးစွဲရေးအစီအမံများ၊ သီအိုရီများ၊ နိုင်ငံတကာ အတွေ့အကြုံများ၊ ဖက် ဒရယ်စနစ်ကျင့်သုံးလျက်ရှိသည့် နိုင်ငံ များ၏လက်တွေ့ဖြစ်ရပ်များနှင့်နှိုင်း ယှဉ်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဝန်ကြီးချုပ်မန်းဂျော်နီသက်သာလာ၊ အထူးခန်းသို့ပြောင်းရွှေ့ကုသပေးနေ

ယာဉ်မတော် တဆမှုဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် တက်ရောက်ဆေး ကုသမှုခံ နေရသော ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်မန်းဂျော်နီသည် ဒဏ်ရာ အခြေအနေသက်သာလာသဖြင့် အ ထူးကြပ်မတ်ကုသဆောင်မှ အထူး ခန်းသို့ ပြောင်းရွှေ့ကုသပေးနေ ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှ ဆေးရုံအုပ်ကြီးဒေါက်တာအေးကို ကိုကပြောသည်။ ""၀န်ကြီးချုပ်ဦးမန်းဂျော်နီကို အထူးကြပ်မတ်ကုသဆောင်ကနေ ပြီးတော့ အပြင်ဘက်အထူးခန်းတစ် ခန်းမှာ ဇန်န၀ါရီ ၉ ရက်က နေရာ ရွှေ့ထားပြီး ဆက်လက်ကုသမှုခံယူ နေပါတယ်။ သက်သာလာပါပြီ။ သူ့ လက်နဲ့သူ့ခေါင်းပိုင်းကိုင်နိုင်နေပါပြီ။ နည်းနည်းတော့ ကျင်တယ်လို့ပြော ပါတယ်။ အရင်က သူ့လက်က မလှုပ် နိုင်ဘူး။ နာ့ဗ်ကြောတစ်ခု ရောင်နေ တာလည်းလျော့သွားပါပြီ""ဟု
ဒေါက် တာအေးကိုကိုက ဒီမိုကရေစီတူဒေး သို့ ဇန်န၀ါရီ ၁၁ရက် မွန်းလွဲပိုင်း တွင် ပြောသည်။

သတင်းစာဆရာကြီးဦးကောင်းညွန့် နှလုံးရောဂါဖြင့် ကွယ်လွန်

သတင်းစာ ဆရာကြီးဦးကောင်းညွန့် သည် နှလုံး ရော ဂါဖြင့် ရုတ်တရက်ကွယ်လွန် သွားကြောင်း သိရသည်။ သတင်းစာဆရာကြီးဦးကောင်း ညွန့်သည် ဇန်န၀ါရီ ၁၁ ရက်က ည နေ ၅ နာရီခွဲအချိန်က နေအိမ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၇၁) နှစ်အရွယ်ရှိပြီဖြစ်သည်။ ဦးကောင်းညွန့်၏သားဖြစ်သူ ဦးအောင်သိုက်က " ဆရာဝန်မှတ် ချက်ရော၊ မော ပြီး ရုတ်တရက်ဖြစ် သွားတာတာဖြစ်တဲ့ အတွက်ကြောင့် နှလုံးရော ဂါနဲ့ ဆုံးသွားတာဖြစ်ပါ တယ် " ဟု ဇန်န၀ါရီ ၁၁ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။

ဆားမလောက်ကျေးရွာတွင် ပြိုကျသောကမ်းထိန်းခြင်းလုပ်ငန်း ကို၂၀၁၇-၂၀၁၈ ခုနှစ် ဘတ်ဂျက်ဖြင့်သာ ထိန်းသိမ်းနိုင်မည်ဟုဆို

ညောင် တုန်းမြို့နယ် ဆားမလောက်ကျေး ရွာ မြစ်ကမ်းပါးပြိုကျမှု၏ ကမ်းထိန်း ခြင်းလုပ်ငန်းများကို ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်ဘတ်ဂျက်ခွဲဝေမှု ရရှိမှ သာလျှင် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း တိုင်းဒေသကြီးမြစ်ကြောင်း ဖြိုးဦးစီးဌာနမှ သိရသည်။ေ ညာင်တုန်းမြို့နယ် ဆားမ လောက်ကျေးရွာ၌ ပေ ၁၀၀၀ အရှည် ခန့် ကမ်းထိန်းလုပ်ငန်းအတွက် အသုံး ပြုရမည့် ဘတ်ဂျက်ငွေမှာ ၂၀၁၇ ခုနှစ်အတွင်း သုံးစွဲဆောင်ရွက်နိုင် ခြင်းမရှိဘဲ ၂၀၁၇-၂၀၁၈ ဘတ်ဂျက် ခွဲဝေချထားမှုရရှိမှသာ အဆိုပါကမ်း ထိန်းလုပ်ငန်းများကို သုံးစွဲဆောင်ရွက်နိုင်မည်ဖြစ်သည်။ ""၂၀၁၆ ခုနှစ် သုံးလပိုင်းက အခုဖြစ်တဲ့ ဆားမလောက်ကျေးရွာ နန္ဒရာမဘုန်းကြီးကျောင်းနောက်မှာ ပေ ၁၇၀ လောက်ကမ်းပြိုဖူးတယ်။ ဌာနရဲ့နည်းပညာပံ့ပိုးမှု၊ ဒေသပံ့ပိုးငွေနဲ့ယာယီထိန်းသိမ်းဆောင်ရွက်ခဲ့ ပြီး ရေရှည်ကမ်းထိန်းလုပ်ငန်းအတွကတွက်ချက်ပြီးတောင်းခံခဲ့ပါတယ်။ ပြည် ထောင်စုအစိုးရကိုရောက်ပြီး စီးပွားရေး ကော်မရှင်က ၂၀၁၇-၂၀၁၈ ဘတ်ဂျက်မှ တင်တောင်းပါဆိုလို့ ကမ်းပြိုထိန်းသိမ်း ဆောင်ရွက်မှုကို ဌာနကမဆောင်ရွက် နိုင်ခဲ့ဘူး။

မကွေးကျွန်းမကြီး ကဗျာရွတ်ပွဲကို ဧရာဝတီမြစ်လယ်ရှိသောင်ပြင်ပေါ်၌ ကဗျာဆရာ ၁၀၀ ကျော်ဖြင့်ကျင်းပ

ငွေရတု အထိမ်းအမှတ် ကျွန်းမကြီးကဗျာရွတ် ပွဲကို ဇန်န၀ါရီ ၁၀ ရက်က မကွေးမြို့ အနီးဧရာဝတီမြစ်လယ်ရှိ သောင်ပြင် ပေါ်၌ကျင်းပရာ မြန်မာနိုင်ငံ အရပ်ရပ်မှ ကဗျာဆရာ၊ ဆရာမများတက် ရောက်ခဲ့ကြကြောင်း သိရသည်။ ကျွန်းမကြီးကဗျာရွတ်ပွဲကို ၁၉၉၁ ခုနှစ်မှ စတင်၍ အခက်အခဲအကျပ် အတည်း အတားအဆီးများကြားမှ နှစ်စဉ်ကျင်းပခဲ့သည်မှာ ၁၉၉၈ ခုနှစ် အထိဖြစ်ပြီး အကြောင်းအမျိုးမျိုး ကြောင့် ကဗျာမရွတ်ဖြစ်ခဲ့ဘဲ ၂၀၁၀ ခုနှစ်တွင် မြေနုကျွန်းကဗျာရွတ်ပွဲကို နောက်မျိုးဆက်သစ်ကဗျာဆရာ၊ ဆရာမ များနှင့်အတူ မြစ်လယ်ရှိမြေနုကျွန်း တွင် ဆက်လက်ရွတ်ဆိုခဲ့ကြသည်။

လောက်ကိုင်မြို့နယ်အတွင်း ယမ်းထုတ်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း၌ ယမ်းများမြှုပ်ထားကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေရှင်းလင်းလျက်ရှိရာ ဇန်န၀ါရီ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လောက်ကိုင်မြို့၏ အရှေ့ဘက် မြန်မာ-တရုတ် နယ်နိမိတ်မျဉ်း၏ အတွင်းဘက်မီတာ ၁၀၀ ခန့်အကွာ၌ အလျား ၄၄ ပေ၊ အနံ ၃၄ ပေ၊ အမြင့် ၁၈ ပေရှိ အုတ်စီသွပ်မိုးထားသော ယမ်းထုတ်လုပ်သည့်စက်ရုံ အဟောင်း ၁ လုံးနှင့် အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၆ ပေရှိ အုတ်စီသွပ်မိုး အဆောက်အဦ ၃ လုံးတို့အား တွေ့ရှိခဲ့ပြီး ပတ်ဝန်းကျင်အား အသေးစိတ် ရှာဖွေတူးဖော်စစ်ဆေးခဲ့သည်။


လီဗာပူးနှင့်ပွဲတွင် အီဘရာဟီမိုဗစ် ပါဝင်မည်၊ ဆွီဒင်ဘုရင် ဖြစ်လိုကြောင်း အီဘရာဟီမိုဗစ် အသိပေး

မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့် တနင်္ဂနွေနေ့၌ လီဗာပူးနှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းပွဲထွက် လူစာရင်း၌ တိုက်စစ်မှူး အီဘရာဟီမိုဗစ် ကျိန်းသေပါဝင်လာလိမ့်မည် ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပြီး မန်ယူက ဟားလ်စီးတီးကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွင် အီဘရာဟီမိုဗစ်ကို ထည့်သွင်းအသုံးပြုရန် စီစဉ်ထားခဲ့သော်လည်း ၎င်း၏ ကစားသမားဖြစ်သူမှာ အဖျားဝေဒနာ ခံစားနေခဲ့ရသည့်အတွက် အဆင်မပြေခဲ့ကြောင်း မော်ရင်ညိုက အသိပေးသွားခဲ့သည်ဟု Manchester Evening News က ဖော်ပြထားသည်။

တရားမ၀င်သစ်များ ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူကျေးရွာနှင့် မိုင်းတုံမြို့ကြားတွင် တရားမ၀င်သစ်များ ထုတ်လုပ်နေကြောင်း သတင်းအရ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဇန်န၀ါရီ ၁၀ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် နားကောင်းမူကျေးရွာ၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ၌ တရားမ၀င် ပိတောက်သစ်ခွဲသား ၉၉ တုံး(၃ ဒသမ ၂တန်ခန့်)ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိသစ်များအား မိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့၌ အများပိုင်ယာဉ်လိုင်းစနစ် စတင်ချိန်တွင် ခရီးစဉ်လမ်းကြောင်းများ မသိသည့် ပြည်သူများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်အလိုက် စေတနာ့ဝန်ထမ်းများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖိတ်ခေါ်

ရန်ကုန်မြို့၌ ဇန်န၀ါရီ ၁၆ ရက် အများပိုင်ယာဉ်လိုင်းစနစ် စတင်ချိန်တွင် ခရီးစဉ် လမ်းကြောင်းများ မသိသည့် ပြည်သူများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်အလိုက် စေတနာ့ဝန်ထမ်း (Volunteers) များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖိတ်ခေါ်ထားကြောင်း သိရသည်။ စက်တင်ဘာ ၁၆ ရက်တွင် စတင်မည့် ရန်ကုန်မြို့၏ အများပိုင်ယာဉ်လိုင်းစနစ် နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်သဉ္ဇာမျိုးတို့နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်များ ဇန်န၀ါရီ ၁၀ ရက်က တွေ့ဆုံရာတွင် ယင်းကိစ္စကို ထည့်သွင်းပြောကြာခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် အိမ် ၁၁ လုံး မျောပါနစ်မြုပ်ပြီး လူ ၅၀ ခန့် ရေဘေးသင့်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် အိမ် ၁၁ လုံး မျောပါနစ်မြုပ်ခဲ့ပြီး လူ ၅၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်တွင် ဇန်န၀ါရီ ၉ ရက်က တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု အမှတ် (၉) ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် အိမ်လေးလုံး ရေမျောပါခဲ့ပြီး အိမ်ခုနစ်လုံး နစ်မြုပ်ခဲ့ကာ လူ ၅၀ ရေဘေးဒုက္ခခံစားခဲ့ရကြောင်း ဖော်ပြထားသည်။

နောက်ဆုံး နှုတ်ဆက်မိန့်ခွန်းကို မျက်ရည်များဖြင့် အမေရိကန်သမ္မတအိုဘားမား ပြောကြား

အိမ်ဖြူတော်တွင် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ချီကာဂိုမြို့တွင်  အမေရိကန်ပြည်သူတွေနှင့် တစ်ကမ္ဘာလုံးကို သမ္မတတစ်ဦးအနေဖြင့် နောက်ဆုံး နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့သည်။ အိုဘားမား၏ နူတ်ဆက်မိန့်ခွန်းတွင် မဲဆွယ်စည်းရုံးရေးကာလက ၎င်း၏ဆောင်ပုဒ်ဖြစ်သည့် ‘ကျွန်တော်တို့ လုပ်နိုင်ပါတယ်’ ဆိုသည့် စကားကို ‘ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်’ လို့ ပြောင်းလဲ သုံးနှုန်းခဲ့သလို အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရခြင်းသည် ၎င်းဘ၀အတွက် ဂုဏ်ယူစရာကောင်းသည့် အထိမ်းအမှတ် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတအိုးဘားမားက မီးရှူးတိုင်ကို ကိုင်မြှောက်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကာ လူမှုအကျိုးစီးပွားဆိုင်ရာ အပြန်အလှန်သဘောတူညီမှုကို ပိုမိုခိုင်မာအောင် ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။

လားရှိုးမြို့ရှောင်လမ်းတွင် သိန်း၂၀၀ တန်ဘိုးရှိ ဆေးပြားများဖမ်းဆီးရမိ။

၁၁.၁.၂၀၁၇ နံနပ် ၁၀နာရီ ၃၀ ခန့်တွင် အမှတ် ၂၄ မူးယစ်တပ်ဖွဲ့စု လားရှိုးမှ ရဲအုပ်ဇော်မျိုးနိုင် ဦးစီးသော အဖွဲ့ သည် လားရှိုးမျြိ့ မြို့ ရှောင်လမ်း၊ အိုရီယန်တယ်ဟိုင်းဝေး တိုးဂိတ်အနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးများဆောင်ရွက်နေစဉ်၊ ကွတ်ခိုင်ဖက်မှ မန္တလေးဖက်သို့ ထွက်ခွာလာသည့် ခရီးသည်တင် မော်တော်ယာဉ်ငယ်တစီးအား ရပ်တန့်ရှာဖွေရာ ယာဉ်ရှေ့ခန်းတွင် စီးနှင်းလိုက်ပါလာသော ခရီးသည် ချယ်ရီကျော် နှင့် ယာဉ်နောက်ခန်း ၀ဲဖက်စွန်းတွင် စီးနင်းလာသော ပြည့်ပြည့်မွန်တို့နှစ်ဦး ယူဆောင်လာသော သော့ခတ်ထားသည့် ကာတွန်းရုပ်ပုံများပါ အနက်ရောင် ပလတ်စတစ်လက်ဆွဲအိတ်အား ရှာဖွေရန် သော့တောင်းရာ ချယ်ရီကျော် ကသော့ထုတ်ပေးပြီး ပြည့်ပြည့်မွန် ကိုယ်တိုင် သော့ဖွင့်ပေးခဲ့သည်။

ပခုက္ကူမြို့နယ်တွင် လွန်ခဲ့သည့် ၁၆ နှစ်ကျော်က အစ်မဖြစ်သူ သေဆုံးမှုမှာ မတော်တဆမှုကြောင့် မဟုတ်ဘဲ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည်ဟုဆိုကာ သေဆုံးသူ၏ ညီမက ပခုက္ကူရဲစခန်း၌ လူသတ်မှုဖြင့် အမှုဖွင့်

ပခုက္ကူမြို့နယ် ရွှေပေးကျေးရွာတွင် လွန်ခဲ့သည့် ၁၆ နှစ်ကျော်က အစ်မဖြစ်သူ သေဆုံးမှုမှာ မတော်တဆမှုကြောင့် မဟုတ်ဘဲ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည်ဟုဆိုကာ သေဆုံးသူ၏ ညီမဖြစ်သူက ယခုလ ၇ ရက်တွင် ပခုက္ကူရဲစခန်း၌ လူသတ်မှုဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ တရားလို မစိုးမိုးခိုင်က အစ်မဖြစ်သူ မအေးဆွေ သေဆုံးရခြင်းမှာ ၎င်း၏ညီမ၀မ်းကွဲ တော်စပ်သူ မမြင့်မြင့်ခိုင်၏ ခင်ပွန်း ကိုဖိုးပေါက် (ခ) ၀င်းသန်း (၄၅ နှစ်) က ထွန်ခြစ်ဖြင့် ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဆိုကာ ပခုက္ကူမြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

၂၀၂၆ ကမ္ဘာ့ဖလားတွင် ၄၈သင်းအထိ တိုးချဲ့ယှဉ်ပြိုင်မည့်ကိစ္စကို ဖီဖာ အတည်ပြုဆုံးဖြတ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ၄၈သင်းအထိ တိုးချဲ့ကာ ၃သင်း တစ်အုပ်စုဖြင့် ၁၆အုပ်စု ပါဝင်ယှဉ်ပြိုင်မယ့် ကိစ္စကို ဇန်န၀ါရီလ ၁၀ ရက်နေ့က အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

စစ်ပွဲများကို တားဆီးနိုင်ရေး ပိုမိုကြိုးပမ်းအားထုတ်ရန် လုံခြုံရေးကောင်စီအား ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်သစ် တိုက်တွန်း

ပဋိပက္ခတွေနဲ့စစ်ပွဲတွေကို တုန့်ပြန်ခြင်းထက် ဖြစ်မလာအောင်တားဆီးဖို့ ပိုမိုကြိုးပမ်းအားထုတ်ရန် လုံခြုံရေးကောင်စီကို ကုလအတွင်းရေးမှုးချုပ်သစ် အန်တိုနီယိုဂူတာရပ်စ်က ဇန်န၀ါရီ(၁၀)၇က်နေ့က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြည်တွင်းပြည်ပ ပညာရှင်များ၏ စာတမ်းပေါင်း (၁၅၉)စောင် တင်သွင်းဖတ်ကြားမည့် ကျန်းမာရေးသုတေသနညီလာခံ ကျင်းပနေ

ပြည်တွင်းပြည်ပ ပညာရှင်များရဲ့ ကျန်းမာရေးဆိုင်ရာ သုတေသနစာတမ်းပေါင်း (၁၅၉)စောင် တင်သွင်း ဖတ်ကြားမယ့် သုတေသနညီလာခံ တစ်ခုကို ရန်ကုန်မြို့မှာ ကျင်းပနေပါတယ်။

အဆုံးသတ်တွေ လှပဖို့

 အောင်မြင်ကျော်ကြားသူများရဲ့ ဘ၀နိဂုံးတွေအကြောင်း ရေးထားတဲ့ စာအုပ်နှစ်အုပ်ကို ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဖတ်ဖြစ်ခဲ့တယ်။ အောင်မြင်သူတွေ သူတို့ဘ၀ကို ဘယ်လိုလျှောက်လှမ်းခဲ့တယ်၊ အခက်အခဲတွေ ဘယ်လိုကျော်လွှားခဲ့တယ်၊ အောင်မြင်မှုကို ဘယ်လိုတည်ဆောက်ရယူခဲ့တယ်၊ သူတို့ရဲ့ စိတ်ဓာတ်က ဘယ်လို၊ သူတို့ရဲ့ အမူအကျင့်တွေက ဘယ်လိုကောင်းတယ် စသဖြင့် ရေးသားထားတဲ့ ဘ၀အောင်မြင်ရေး တက်ကျမ်းစာအုပ်တွေ ကြားထဲမှာ ဒီစာအုပ်နှစ်အုပ်က အတော်ထူးခြားတယ်ပဲ ဆိုရမယ်။ တစ်အုပ်က မြန်မာဘုရင်တွေ လက်ထက်ကနေ လွတ်လပ်ရေးရပြီးခေတ်အထိ သမိုင်းမှာ နာမည်ကျော်ကြားခဲ့သူများရဲ့ ဘ၀အဆုံးသတ်ကို ရေးထားတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေကြသူတွေတော့ မဟုတ်ဘူး၊ ဆင်းဆင်းရဲရဲနဲ့ ဘ၀ကို နိဂုံးချုပ်ခဲ့ရသူ၊ မထင်မရှား ဇာတ်သိမ်းခဲ့ရသူတွေရဲ့ အကြောင်းပေါ့။ နောက်တစ်အုပ်ကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့၊ နိုင်ငံတကာက ထင်ရှားလှတဲ့ အနုပညာရှင်တွေရဲ့ ဘ၀ဖြတ်သန်းမှု အကြောင်းကို စုစည်းပြီး ရေးထားတာ။ ဒါကိုဖတ်ပြီးတဲ့အခါ သူတို့ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရသလဲဆိုတာကို အနည်းအပါး ခန့်မှန်းမိလိမ့်မယ်။

သလိပ်မထုတ်နိုင်သေးသည့် ကလေးငယ်များအား တီဘီရောဂါပိုး ရှိ/မရှိ Gene Xpert စက်ဖြင့် တိကျစွာ စစ်ဆေးပေးနိုင်

သလိပ်မထုတ်နိုင်သေးတဲ့အရွယ် ကလေးငယ်တွေမှာ တီဘီရောဂါပိုး ရှိ/မရှိကို Gene Xpert တီဘီရောဂါပိုး ရှာဖွေစက်ဖြင့် အတိကျဆုံး စစ်ဆေးပေးနိုင်ပြီလို့ သိရပါတယ်။

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရိစ်မြို့တွင် ထားရှိသည့် မက်ဆီ၏ ပုံတူရုပ်တု ဖြတ်တောက် ဖျက်ဆီးခြင်းခံခဲ့ရ

မိခင်နိုင်ငံ၏မြို့တော် ဗျူနိုအေရိစ်တွင် ဂုဏ်ပြုထားရှိသည့် နာမည်ကျော် တိုက်စစ်မှူး မက်ဆီ၏ ပုံတူရုပ်တုမှာ ဇန်န၀ါရီ ၉ ရက်က ဖြတ်တောက် ဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရသည်။ FIFA ကမ္ဘာ့အကောင်းဆုံး ဆုပေးပွဲတွင် ခါးသီးသည့် မဟာပြိုင်ဘက် စီရော်နယ်လ်ဒို၏ ကျော်ဖြတ်ခြင်း ခံခဲ့ရသည့်နေ့နှင့် တိုက်ဆိုင်စွာပင် ရုပ်တုမှာတစ်ရက်တည်း ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

မိုဘိုင်းဂိမ်းများရဲ့ ခေတ်

မိုဘိုင်းဖုန်းတွေ အလွန်အကျွံ ခေတ်စားလာတာနဲ့အတူ ဂိမ်းလောကဟာလည်း တစ်ဆစ်ချိုး ပြောင်းလဲသွားပါတယ်။ ဗီဒီယို ဂိမ်းတွေ၊ ပီစီဂိမ်းတွေကို ကျော်ပြီး သိသိသာသာ လွှမ်းမိုးလာခဲ့တာက မိုဘိုင်းဂိမ်းတွေပဲ ဖြစ်ပါတယ်။ မိုဘိုင်းဂိမ်းတွေ သိသိသာသာ ခေတ်စားလာတာနဲ့အတူ အရင်ကလူစည်ကားခဲ့တဲ့ Play Station ဂိမ်းဆိုင်တွေ၊ ကွန်ပျူတာဂိမ်းဆိုင်တွေ ဟာလည်း ကျဲပါးသွားပါတော့တယ်။ တကယ်တမ်း ကစားတဲ့အခါ ခံစားမှုကွာ ခြားတယ်ဆိုရင်တောင် အစားထိုးနေရာယူ သွားတာကိုတော့ မငြင်းနိုင်ခဲ့ပါဘူး။ မိုဘိုင်းဂိမ်းတွေက စုံလင်လွန်းပြီး အုတ်စီတဲ့ဂိမ်း၊ အရုပ်ဆက်တဲ့ ဂိမ်းကအစ၊ စစ်တုရင်ထိုးတာ၊ ဖဲကစားတာ၊ ကားမောင်း၊ ဆိုင်ကယ်မောင်းတာအလယ်၊ The Walking Dead, Game of Thrones အဆုံးရှိနေတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တွင် နိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှုများကြောင့် တစ်ရက် ပျမ်းမျှ ၁၂ ဦးသေဆုံးခဲ့

၂၀၁၆ ခုနှစ်မှာ နိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှုတွေကြောင့် ၄၆၈၈ ဦး သေဆုံးခဲ့ပြီး တစ်ရက်ပျမ်းမျှ ၁၂ ဦးခန့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရပါတယ်။

ပန်းချီ၊ တေးရေးပညာရှင် ရတနာပုံမောင်စု

ရတနာပုံမောင်စုသည် စစ်ကြိုခေတ်ကပင် ပန်းချီဦးထွန်းလှ၊ ဆရာဆောင်တို့နှင့်အတူ ထင်ရှားခဲ့သော ပန်းချီဆရာကြီးဖြစ်သည်။ ဆရာစု၏ ရေဆေးလက်ရာသည် သူ့ခေတ်သူ့အခါတွင် တီထွင်ဆန်းသစ်မှုရှိသည့် လက်ရာဖြစ်ပြီး တောင်တန်းဒေသနေ တိုင်းရင်းသား ပန်းချီကားများကို နိုင်ငံခြားသားများက အလွန်ပင် ကြိုက်နှစ်သက်ကြသည်။ ဆရာစု၏လက်ရာမှာ စုတ်ချက်ပေါ်လွင်အောင် မဖော်ဘဲ အနုစိတ် ရေးခြယ်လေ့ရှိသည်။ ဆရာစုသည် ပန်းချီပညာရှင် ဖြစ်သည်သာမက ထင်ရှားသော ဓာတ်ပြားအဆိုတော်၊ တေးရေးပညာရှင် တစ်ဦးလည်း ဖြစ်လေသည်။ ထို့ကြောင့် မြန်မာခေတ်ဟောင်း တေးပညာရှင်ကြီးများ စာရင်းတွင် ဆရာစုကို မှတ်တမ်းတင်ထားရလေသည်။ ယခုချိန်တိုင် ဆရာစု၏ ပန်းချီလက်ရာများကို သာမက ဆရာစု သီဆိုခဲ့သော ဓာတ်ပြားများကိုပါ စုဆောင်းသိမ်းဆည်းထားသူများ ရှိကြသည်။

အမေရိကန် မရိန်းတပ်ဖွဲ့ F-35 လေယာဉ်အုပ်စုကို ဂျပန်သို့တပ်ဖြန့်ရန် စေလွှတ်

အမေရိကန် မရိန်းတပ်ဖွဲ့က ဂျပန်သို့ F-35B တိုက်လေယာဉ်တစ်စုကို စေလွှတ်လိုက်ပြီဖြစ်ကြောင်း ဇန်န၀ါရီ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းသည် အငြင်းပွားစရာ ဖြစ်နေသော F-35 လေယာဉ်များ၏ ပထမဆုံး ပြည်ပတပ်ဖြန့်မှု ဖြစ်လာခဲ့သည်။ ထို F-35 လေယာဉ်တို့သည် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏ စေ့စေ့စပ်စပ်စစ် ဆေးမှုများနှင့်လည်း ရင်ဆိုင်နေရသည်။ ဟွန်ရှူးကျွန်းရှိ အိုင်ဝါကူနီ မရိန်းကော်ပိုရေးရှင်း လေတပ်စခန်းသို့ လေယာဉ် ၁၀ စင်းတပ်ဖြန့်ခြင်းက F-35 လေယာဉ်များအတွက် အဓိကသမိုင်း မှတ်တိုင်တစ်ခု ဖြစ်လာခဲ့သည်။ သို့သော် ထို F-35 သည် နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက်များ၊ သတ်မှတ်ချက်ထက် ကျော်လွန်ခဲ့သော စရိတ်စကများကြောင့် အကျပ်အတည်း ဖြစ်နေသည့် လေယာဉ်အမျိုးအစားဖြစ်သည်။

BRT ယာဉ်မောင်းများ၏ အချိန်ပိုကြေးကို ရာခိုင်နှုန်းဖြင့် ပေးချေမည့်အပေါ် ယာဉ်မောင်းများနှင့် ယာဉ်လိုင်းတာဝန်ရှိသူတို့ ညှိနှိုင်း

BRT ယာဉ်မောင်းတွေရဲ့ အချိန်ပိုကြေးကို ရာခိုင်နှုန်းနဲ့ ပြောင်းလဲပေးချေမယ့်အပေါ် မကျေနပ်တာကြောင့် ယာဉ်မောင်း တွေဟာ ယာဉ်လိုင်းတာဝန်ရှိသူ၊ မင်္ဂလာဒုံမြို့နယ် အလုပ်သမားညှိနှိုင်းဖြန်ဖြေရေး အဖွဲ့တို့နဲ့ ဇန်န၀ါရီလ ၁၀ ရက်နေ့၊ ညနေပိုင်းက မင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှာညှိနှိုင်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နမ့်ဆန်မြို့နှင့် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့တပ်စခန်းတို့အား TNLA အကြိမ်ကြိမ်လာရောက် နှောင့် ယှက်ပစ်ခတ်ဟု ထုတ်ပြန်

နမ့်ဆန်မြို့နဲ့ ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့တပ်စခန်းတို့ကို TNLA က အကြိမ်ကြိမ် လာ ရောက်နှောင့်ယှက်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကယနေ့ ဇန်န၀ါရီလ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

လပွတ္တာ - ရန်ကုန် ရွှေမင်းသား ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရ

ဇန်နဝါရီ ၁၁ ရက် နံနက် ၁ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်မြို့ကနေ လပွတ္တာမြို့ကို ထွက်ခွာ လာသော ရွှေမင်းသားခရီးသည် ယာဉ်လိုင်းမှ မော်တော်ယာဉ်တစ်စီး လပွတ္တာမြို့တွင် မီးလောင်မှု ဖြစ်ပွားခဲ့ ပါတယ်။

အမှတ် ၃ လမ်းဆုံ အနီး ကားမီးလောင်ရာတွင် လူတစ်ဦးပါ မီးလောင်

့(၁၀-၁-၂၀၁၇) မွန်းလွဲ ၁နာရီ ၃၀ မိနစ်ခန့် က လှည်းကူးမြို့နယ်၊ ကျွန်းကလေးရွာပိုင်အတွင်းရှိ မြေကွက်တစ်ကွက် (အမှတ် ၃ လမ်းဆုံ အနီး) တွင် ယာဉ်မောင်း က်ုဇော်ဝင်းထွဋ် (အသက် ၂၅ နှစ်) မောင်းနှင်သည့် မြေသည်ကားတစ်စီးသည် မြေကြီးချစဉ် ကားအစွန်းနှင့် မဟာဓာတ်အားလိုင်း၏ လျှပ်စစ်ကြိုးတို့ ငြိရာမှ ကားမီးလောင်သည့်အပြင် ယာဉ်မောင်းပါ မီးလောင်သေဆုံးခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဘန်ကီမွန်၏ ဆွေမျိုးများအား လာဘ်ပေးမှုအတွက် အမေရိကန်က တရားစွဲ

ဟနွိုင်းမှ အဆောက်အအုံတစ်လုံးကို ဒေါ်လာသန်း ၈၀၀ ဖြင့် ရောင်းချရေးအတွက် အရှေ့အလယ်ပိုင်းမှ အရာရှိတစ်ဦးကို လာဘ်ထိုးရန် ကြိုးပမ်းမှုဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်၏ ဆွေမျိုးနှစ်ဦးကို အမေရိကန် အစိုးရရှေ့နေများက စွဲချက်တင်ခဲ့ကြောင်း သိရသည်။ မန်ဟက်တန် အိမ်ခြံမြေပွဲစားတစ်ဦးဖြစ်ပြီး ဒင်းနစ်ဟုသိကြသည့် ဂျိုးဟန်ဘန်းနှင့် ၎င်း၏ဖခင်ဖြစ်သူ တောင်ကိုရီးယား ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ အကြီးတန်းအမှုဆောင် အရာရှိဖြစ်သူ ဘန်ကီဆန်တို့အပေါ် စွဲချက်တင်ထားသည့် ၃၉ မျက်နှာပါ စွဲဆိုချက်အား ဇန်န၀ါရီ ၁၀ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဘန်ကီဆန်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်နှင့် ညီအစ်ကိုတော်သူဖြစ်ပြီး ဒင်းနစ်မှာ ဘန်ကီမွန်၏တူဖြစ်သည်။

ရန်ကုန် - မန္တလေး အမြန်လမ်းတွင် အိမ်စီးယာဉ်ငယ်များ မတော်တဆမှု နှစ်ရက်ဆက် ဖြစ်ပွားပြီး တစ်ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ဇန်န၀ါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ အိမ်စီးယာဉ်ငယ် တွေ မတော်တဆမှု ဆက်တိုက်ဖြစ်ပွားခဲ့ရာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်တွေ ပျက်စီးမှု ဖြစ်ပွားခဲ့ပါ တယ်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီမွန်ပြည်နယ်ရှိ အကျဉ်း ဦးစီးဌာန ဇင်းကျိုက်ကုန်ထုတ်စခန်းသို့ သွားရောက်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဇန်န၀ါရီ လ ၁၁ ရက်နေ့မှာ မွန်ပြည်နယ်ရှိ အကျဉ်းဦးစီးဌာန ဇင်းကျိုက်ကုန်ထုတ်စခန်းကို သွားရောက်ခဲ့ပါတယ်။

ဥရောပတွင် အပူချိန်ကျဆင်းမှုကြောင့် သေဆုံးသူဦးရေ မြင့်တက်လာ

ဥရောပတစ်လွှားတွင် ရေခဲမှတ်အောက် လျော့နည်းသည့် အပူချိန်တို့ကြောင့် ပြီးခဲ့သည့် ရက်အတွင်းမှာပင် သေဆုံးသူဦးရေမှာ ၆၀ ကျော်သွားပြီဖြစ်ကြောင်း အစိုးရအရာရှိများက ဇန်န၀ါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် ပိုလန်၊ ရိုမေးနီးယားနှင့် ဘော်လ်ကန်တို့မှ ရွှေ့ပြောင်းအခြေချသူများနှင့် အိမ်ခြေယာမဲ့တို့မှာ အန္တရာယ်ကြုံတွေ့ရနိုင်ဆုံးလူများ ဖြစ်နေကြကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၄ နာရီ ကာလအတွင်းက ဥရောပတစ်လွှားတွင် အပူချိန်များထိုးကျခဲ့ရာ ပိုလန်တွင် လူခြောက်ဦးနှင့် ဘော်လ်ကန်ဒေသ နိုင်ငံများတွင် ခုနစ်ဦး သေဆုံးခဲ့သည်။ ရိုမေးနီးယားတွင်မူ ပြီးခဲ့သည့်ရက်များ အတွင်းက လူခြောက်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ပိုလန် အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ၎င်းတို့နိုင်ငံတွင် နိုဝင်ဘာ ၁ ရက်နောက်ပိုင်း ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းမှုကြောင့် သေဆုံးရသူဦးရေမှာ ၇၁ ဦးအထိ မြင့်တက်လာပြီဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျော့ဆိုးရော့စ် တွေ့ဆုံရာတွင် အခွန်ကောက်ခံမှု၊ ဘတ်ဂျက်ရေးဆွဲမှု၊ ကျောက် မျက် တူးဖော်ရေးဆိုင်ရာ ကိစ္စများအပေါ် ဆွေးနွေးခဲ့

မြန်မာနိုင်ငံရဲ့ အခွန်ကောက်ခံမှု၊ ဘတ်ဂျက်ရေးဆွဲမှု၊ ကျောက်မျက်တူးဖော်ရေးနဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေအပေါ် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ Soros Fund Management ဥက္ကဌ မစ္စတာဂျော့ဆိုးရော့စ်တို့ တွေ့ဆုံရာမှာ ဆွေးနွေးခဲ့တယ်လို့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

မက္ကဆီကိုနိုင်ငံသုံး ပီဆိုငွေကြေးတန်ဖိုး စံချိန်တင် ကျဆင်း

မက္ကဆီကိုနိုင်ငံမှာ လောင်စာဆီဈေးနှုန်း မြင့်တက်တာကို ဆန္ဒပြမှုတွေအပြင် ဒေါ်နယ်ထရမ့်ရဲ့ ဝေ ဖန်မှုကြောင့် ကားထုတ်လုပ်ရေးလုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံမှုရပ်ဆိုင်းခဲ့ပြီး ပီဆိုငွေကြေးဟာ စံချိန်တင် ကျ ဆင်းမှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

IS အဖွဲ့နှင့်ဆက်နွှယ်သော အင်ဒိုနီးရှား အစွန်းရောက် အဖွဲ့တစ်ဖွဲ့အား အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းစာရင်းသို့ ထည့်သွင်း

ပြီးခဲ့သောနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာ၌ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သော IS အဖွဲ့နှင့်ဆက်နွှယ်သော အင်ဒိုနီးရှား အစွန်းရောက် ကွန်ရက်တစ်ခုအား အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်း စာရင်းသို့ ထည့်သွင်းခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားအခြေစိုက် အကြမ်းဖက်အဖွဲ့ဖြစ်သော Jamaah Ansharut Daulah (JAD) အား ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး IS နောက်လိုက်များ ပါဝင်သော အင်ဒိုနီးရှား အစွန်းရောက်အဖွဲ့ နှစ်ဒါဇင်နီးပါးဖြင့် ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်န၀ါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားတွင် နျူကလီးယားဗုံးဆယ်လုံး ပြုလုပ်နိုင်သည့် ပလူတိုနီယမ် ပမာဏရှိနေကြောင်း တောင် ကိုရီးယား ကာကွယ်ရေးဌာန ပြောကြား

မြောက်ကိုရီးယားနိုင်ငံမှာ နျူကလီးယားဗုံးဆယ်လုံးကို တီထွင်ပြုလုပ်နိုင်တဲ့ ပလူတိုနီယမ်ဒြပ်စင် ပမာဏကိုပိုင်ဆိုင်ထားတယ်လို့ ဇန်န၀ါရီလ ၁၁ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံဘက်က ပြောကြားလိုက် ပါတယ်။

ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိသူနှစ်ဦးကို ဖမ်းဆီးရမိစစ်ဆေးရာမှ ဆိုင်ကယ်ခိုးယူမှုများ ပေါ်ပေါက်ခ

ခိုးမှုတွေ ကျူးလွန်ထားတယ်လို့ သတင်းရရှိသူနှစ်ဦးကို ဒလမြို့နယ် တာကြီးရပ်ကွက်အတွင်းမှာ ဆိုင်ကယ်တစ်စီးနဲ့အတူ တွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးရာကနေ အခြားဆိုင်ကယ်ခိုးယူမှုတွေ ပေါ်ပေါက်ခဲ့ တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

ဆွေးနွေးညှိနှိုင်းမှုများဖြင့် အဖြေရှာ ဖြေရှင်းခြင်း

အစိုးရအနေဖြင့် ၂၀၁၆ ခုနှစ်အတွင်း တာဝန်ယူခဲ့သည့် ကိုးလတာ ကာလတစ်လျှောက်တွင် တိုင်းပြည်အကျိုးအတွက် ရည်ရွယ်ထားသော မူဝါဒများဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်ရေး၊ ပြည်သူများ၏ လူနေမှုဘ၀များ တိုးတက်မြင့်မားရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုနှစ်သစ်တွင်လည်း ယင်းမူဝါဒများ ပီပြင်စွာ အကောင်အထည်ဖော်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်တော့မည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၇ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားတွင် ထည့်သွင်းပြောကြားထားသည်။

EFL ဖလားဗိုလ်လုပွဲတက်နိုင်ဖို့ အိမ်ကွင်းမှာ ရုန်းကန်ရတော့မယ့် လီဗာပူးလ

EFL ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် ဆောက်သမ်တန်နဲ့ လီဗာပူးလ်အသင်းတို့ပွဲမှာတော့ လီဗာပူးလ် အသင်းဟာ အဝေးကွင်းမှာ ဆောက်သမ်တန်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အရှုံးပေးခဲ့ရပြီး EFL ဖလားဗိုလ်လုပွဲ တက်နိုင်ဖို့ အိမ်ကွင်းမှာ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

သီတဂူဆရာတော်ကြီး၏ နှစ် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ်ထားရှိမည့် ကြေးပိဿာချိန် ၈၀၀၀ ကျော်ရှိ ကြေးခေါင်းလောင်းကြီးကို လူအင်အား၂၀၀ ခန့်ဖြင့် တစ်ညတည်းအပြီး သွန်းလောင်း

သီတဂူဆရာတော်ကြီး၏ နှစ် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ထားရှိမည့် ကြေးပိဿာချိန် ၈၀၀၀ ကျော်ရှိ ကြေးခေါင်းလောင်းကြီးကို ဇန်န၀ါရီ ၁၀ ရက်က မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာအနီးရှိ တံတိုင်းရှည် သာစည်ရွာသစ်၌ တစ်ညတည်းအပြီး ကြေးသွန်းလောင်းမှု ပြီးစီးခဲ့ကြောင်း သိရသည်။ အဆိုပါ ခေါင်းလောင်းကြီးကို စစ်ကိုင်းမြို့ရှိ သီတဂူအကယ်ဒမီ ၀ိပဿနာရိပ်သာတွင် ထားရှိမည်ဖြစ်ပြီး ကြေးသွန်းလောင်းစဉ်က တမ္ပ၀တီအရပ်ရှိ ကြေးသွန်းပညာရှင် ၂၀၀ နီးပါးဖြင့် ၀ိုင်းဝန်း ကြေးသွန်းလောင်းခဲ့ကြောင်း၊ ကြေးရည် သွန်းလောင်းနိုင်ရန်အတွက် ကြေးကျိုသည့် ဖို၂၂  ဖို အသုံးပြုပြင်ဆင်ခဲ့ရကြောင်း သိရသည်။ “ကြေးလောင်းဖို့အတွက် ကြေးပိဿာ ချိန် ၁၀၀၀၀ ကျော်လောက် ကြိုတင်ကြေးရည် ကျိုထားရတယ်။ ကြေးကျိုဖို့နဲ့ ကြေးရည်လောင်းဖို့အတွက် တမ္ပ၀တီ အရပ်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက် ကြေးသွန်း ပညာရှင်တွေကို အကူအညီတောင်းရတယ်။ အခုလိုထုထည်ကြီးမားတဲ့ ကြေးခေါင်းလောင်းကြီးကို သွန်းလောင်းတယ်ဆိုရင် တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းနဲ့ လုပ်ဆောင်လို့မရဘူး။ အားလုံး စည်းစည်းလုံးလုံးနဲ့ စုဖွဲ့လုပ်နိုင်မှ ပြီးမြောက်အောင်မြင်တယ်။ ကိုယ့်အလှည့်လာကူသလို တခြားသူတွေ အခုလို ထုထည်ကြီးမားတာကို သွန်းလောင်းရင်လည်း ကိုယ်ကသွားကူရပါတယ်” ဟု ကြေးသွန်းလောင်းရာတွင် ပါဝင်သည့် ကြေးသွန်း ပညာရှင်တစ်ဦးက ဆိုသည်။

ပန်းဘဲတန်းမြို့နယ် City Center ရှိ ဂိမ်းဆိုင်အား ရဲတပ်ဖွဲ့က ညပိုင်းတွင် ၀င်ရောက်စစ်ဆေး ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် City Center အတွင်းရှိ ဂိမ်းဆိုင်အား ဇန်န၀ါရီ ၁၁ ရက် ည ၇ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ City Center တတိယထပ်ရှိ အကြွေစေ့ဖြင့် ဂိမ်းကစားမှုပြုလုပ်နိုင်သည့် ဂိမ်းစက်များဖြင့် လောင်းကစားများ ပြုလုပ်လျက်ရှိနေမှုကြောင့် ရဲတပ်ဖွဲ့က ယင်းကဲ့သို့ ၀င်ရောက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်းသိရသည်။ ထိုသို့ ဖမ်းဆီးမှုကို မြို့နယ်ရဲတပ်ဖွဲ့ဝင်များအပြင်၊ ခရိုင်၊ တိုင်းရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဂိမ်းဆိုင်မန်နေဂျာ၊ ၀န်ထမ်းများနှင့်အတူ လာရောက် ဆော့ကစားနေသူများကို ပန်းဘဲတန်းမြို့မရဲစခန်းသို့ ခေါ်ဆောင်ထိန်းသိမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဘုရင့်နောင်ဝင်းအတွင်းရှိ တရားမ၀င် အနှိပ်ခန်းများနှင့် လောင်းကစားဝိုင်းများအပါအ၀င် ဥပဒေမဲ့ လုပ်မှုများ ကို ကြပ်မတ်သွားရန် နယ်/လုံဝန်ကြီးပြော

ဘုရင့်နောင်ကုန်စည်ဒိုင်ဝင်းအတွင်းမှာရှိတဲ့ ဥပဒေနဲ့မညီတဲ့ တရားမ၀င်အနှိပ်ခန်းတွေ၊ လောင်း ကစားဝိုင်းတွေနဲ့ ဥပဒေမဲ့လုပ်မှုတွေကို ကြပ်မတ်ဆောင်ရွက်သွားဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောပါတယ်။

ပန်းဘဲတန်းမြို့နယ်အတွင်းရှိ City Center အတွင်း အကြွေစေ့လောင်းကစားမှုပြုလုပ်နေသည့် ဂိမ်းဆိုင်အား ရဲတပ်ဖွဲ့ ၀င်ရောက်ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ပန်းဘဲတန်းမြို့နယ်ရှိ City Center အတွင်း အကြွေစေ့ လောင်းကစားမှု ပြုလုပ်နေတဲ့ ဂိမ်းဆိုင်တစ်ဆိုင်ကို ဇန်န၀ါရီလ ၁၁ ရက်နေ့  ည ၇ နာရီဝန်းကျင်ခန့်က ရဲတပ်ဖွဲ့မှ ၀င်ရောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ပန်းဘဲတန်းမြို့နယ်အတွင်းရှိ City Center အတွင်း အကြွေစေ့လောင်းကစားမှုပြုလုပ်နေသည့် ဂိမ်းဆိုင်အား ရဲတပ်ဖွဲ့ ၀င်ရောက်ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ပန်းဘဲတန်းမြို့နယ်ရှိ City Center အတွင်း အကြွေစေ့ လောင်းကစားမှု ပြုလုပ်နေတဲ့ ဂိမ်းဆိုင်တစ်ဆိုင်ကို ဇန်န၀ါရီလ ၁၁ ရက်နေ့  ည ၇ နာရီဝန်းကျင်ခန့်က ရဲတပ်ဖွဲ့မှ ၀င်ရောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စပါးရိတ်လုပ်သားရှားပါးမှုနှင့်လုပ်ခတိုးမြှင့်တောင်းခံမှုများကြောင့်တောင်သူ များရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်းအသုံးပြုလာ

စပါးရိတ် လုပ်သားရှားပါးမှုနှင့် ဈေးနှုန်းတိုး မြှင့်တောင်းခံမှုများကြောင့် စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုခရိုင်ရှိ လယ် ပိုင်ရှင်များမှာ ရိတ် သိမ်းခြွေလှေ့စက် များကို ငှားရမ်းအသုံးပြုမြှု မှင့်တက် လာကြောင်း ဒေသခံတောင်သူများ ထံမှသိရသည်။ေ ကာက်ကြီးစပါးဟုခေါ်သော မိုးစပါးရိတ်သိမ်းချိန်ဖြစ်သည့် ဇန်န ၀ါရီလတွင် လူနှင့်အချိန်ကုန်သက် သာသည့် ရိတ်သိမ်းခြွေလှေ့စက်များ ကို ငှားရမ်းအသုံးပြုမှု ယခုနှစ်တွင် ပိုမိုများပြားလာခြင်းဖြစ်သည်။ ""စပါးရိတ်တာက အခြားနယ် က လူကိုတကူးတကခေါ်ရတယ်။ အရင်ကဆို စပါးရိတ်အဖွဲ့တွေ ဒီ ရာသီဆို ရွာထဲခြေချင်းလိမ်နေတာ ပဲ။ တစ်ဧကကို လူရှစ်ယောက် လောက်သုံးရတယ်။ သူတို့ကလည်း မကိုက်တော့ တိုးတောင်း၊ ကိုယ်က လည်း အထွက်လျှော့တော့ ပိုမပေး နိုင်၊ ဒီချိန်မှာ စက်တွေရောက်လာေ တာ့ အံကိုက်ဖြစ်သွားတယ်။ စက် က လူသုံးယောက်လောက်ဆို အ ကုန်ပြီးတယ်။ လူနဲ့ရိတ်သိမ်းခြွေလှေ့ တာလောက်တော့ မကောင်းဘူးပေါ့။ စက်နဲ့က အလေအလွင့်များတယ်"" ဟု ဒီပဲယင်းမြို့နယ် ကြခတ်ရွာမှေ တာင်သူဦးနီက ဇန်န၀ါရီ ၁၁ ရက်တွင် ပြောကြားသည်။

အင်္ဂလန်မြောက်ပိုင်းလိဂ်အသင်း ဟက်နက်စ်ဖို့ဒ်တောင်း နောက်ခံလူကို အာဆင်နယ် ခေါ်ယူ

အာဆင်နယ်အသင်းဟာ အင်္ဂလန် အောက်တန်းလိဂ်ကလပ်အသင်းတသင်းဖြစ်တဲ့ ဟက်နက်စ်ဖို့ဒ်တောင်းအသင်း နောက်ခံလူ ဘရာမောလ်ကို စာချုပ်ခေါ်ယူလိုက်ပါတယ်။ အသက် ၂၀ ရှိ ဘယ်နောက်ခံလူ ဘရာမောလ်ဟာ ဘန်တလေကားစက်ရုံက အလုပ်သမားဖြစ်ပြီး အချိန်ပိုင်းကစားနေတဲ့ ဟက်နက်စ်ဖို့ဒ်အသင်းမှာ ခြေစွမ်းပြနေတာကြောင့် အာဆင်နယ်အသင်းက ခေါ်ယူခဲ့တာပါ။ အင်္ဂလန်မြောက်ပိုင်းလိဂ်အသင်း ဟက်နက်စ်ဖို့ဒ်ကစားသမား ဘရာမောလ်ကို ခရစ္စတယ်ပဲလေ့စ်နဲ့ ရှက်ဖီးဝက်နက်စ်ဒေး အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၄ သိန်းနဲ့ စာချုပ်ခေါ်ယူခဲ့တာပါ။ ဘရာမောလ်ဟာ ငယ်ရွယ်ပြီး ထိပ်တန်းလိဂ်ပြိုင်ပွဲ အတွေ့အကြုံ မရှိသေးပေမယ့် နေရာလွတ်ရှာဖွေတာ ကောင်းပါတယ်။ ဘယ်ခြေထောက်ကန်ချက် ကောင်းမွန်ပြီး အလားအလာရှိတဲ့ ကစားသမားကောင်းတဦး ဖြစ်တာကြောင့် စာချုပ်ခေါ်ယူခဲ့တာဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

"တတိယအခွေ စီစဉ်နေပြီဆိုတဲ့ မိစန္ဒီ"

အဆိုတော် မိစန္ဒီက ပစ်တိုင်းထောင် ဒီဗီဒီနဲ့ စီးတီးအက်ဖ်အမ်ရဲ့ ၁၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ ၂၀၁၆ ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး စတီရီယို တေးစီးရီး သီဆိုသူ အမျိုးသမီးတေးသံရှင်ဆု ရရှိခဲ့ပါတယ်။ ရောင်းအား အကောင်းဆုံးဆုရရှိခဲ့သောကြောင့် အားပေးခဲ့သည့် ပရိသတ်များကို ကျေးဇူးတင်တယ်လို့ မိစန္ဒီကပြောခဲ့ပြီး တတိယခွေကို စီစဉ်နေပြီလို့လည်း ဆိုပါတယ်။

အဂတိမှုဖြင့် တရားစွဲဆိုခံရသော ပွင့်ဖြူမြို့နယ် တရားသူကြီး ထွက်ပြေးနေ

ယစ်မျိုးမှုနှင့် လောင်းက စားမှုတွင်လာဘ်ယူခဲ့ကြောင်း စွပ်စွဲချက်ဖြင့် တိုင်ကြားခံရသော မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ တရား စွဲဆိုရာထွက်ပြေးတိမ်းရှောင်နေကြောင်း ယမန်နေ့ထုတ် နိုင်ငံပိုင် မီဒီယာများကဖော်ပြသည်။ ယခုအစိုးရလက်ထက်တွင်  တရားသူကြီးတစ်ဦးကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ဖြင့်အရေးယူခြင်းသည် ပထမဆုံး ဖြစ်ကြာင်း တရားရေးအသိုင်းအ ၀ိုင်းကပြောသည်။ တရားသူကြီးသည် ယစ်မျိုး မှုဖြင့် တရားစွဲခံရသူများအနက် ငွေမပေးသူများကို ထောင်ချပြီး ငွေပေးသူများကို ငွေဒဏ်ချသည်ဟု တိုင်ကြားလာမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းခဲ့သည်။

"စက်ချွတ်ယွင်းသွားတဲ့ ရိုလာကိုစတာပေါ်က လူ ၂၀ ကို ကယ်တင်"

ဩစတြေးလျ နိုင်ငံက အပန်းဖြေ ဥယျာဉ်တစ်ခုမှာ ရိုလာကိုစတာတစ်စင်း စက်ချွတ်ယွင်းပြီး ခရီးတဝက်မှာ ရပ်တန့်သွားခဲ့ပေမယ့် လိုက်ပါစီးနင်းသူ ၂၀ ကို ဘေးမသီရန်မခ ကယ်တင်နိုင်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၁ ရက်က ဩစတြေးလျနိုင်ငံ၊ ဂိုးလ်ကို့စ်က အပန်းဖြေ ဥယျာဉ်မှာ ဖြစ်ခဲ့တာပါ။ အဲဒီ ဥယျာဉ်မှာပဲ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက အပျော်စီးဖောင် မတော်တဆမှု တစ်ခုကြောင့် လူ ၄ ယောက် သေဆုံးခဲ့ပါသေးတယ်။
အဲဒီ အပန်းဖြေ ဥယျာဉ်ဟာ ဩစတြေးလျမှာ အထင်ရှားဆုံး အပန်းဖြေ နားနေဇုန်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာတုန်းက ဒီဥယျာဉ်ရဲ့ Dreamwolrdလို့ခေါ်တဲ့ မြစ်ရေစီးကြောင်းအတိုင်း အမြန်လိုက်ပါ စီးနင်းရတဲ့ ဖောင်တစ်ခုမှာ မတော်တဆမှု ဖြစ်ပွားပြီး လူ ၄ ယောက် သေဆုံးခဲ့ဖူးပါတယ်။ ဒါဟာ သမိုင်းတလျှောက် အပန်းဖြေ ဥယျာဉ်တွေမှာ အသေအပျောက် အများဆုံး မတော်တဆမှု အနေနဲ့ မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

တနင်္သာရီတွင် ရေကြီးနေသဖြင့် ပြည်သူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲမှာ အချိန်အခါမဟုတ်မိုးများပြီး ရေကြီးနေတဲ့ အတွက် အိမ်ခြေ ၅၀ ကျော် နစ်မြုပ်ပြီး ဒေသခံ လူဦးရေ ၃၀၀ ကျော်လောက်ကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြောပါတယ်။ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု ချောင်းလမုကျေးရွာနဲ့ တာပလပ်ကျေးရွာတွေမှာ ဇန်န၀ါရီ ၁၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေကြောင့် မြေနိမ့်ပိုင်းက အိမ်ခြေတွေ ရေကြီးနစ်မြုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ဒုဦးစီးမှူး ဦးလွှမ်းမိုးအောင်က ပြောပါတယ်။ လူနေအိမ် ၅၇ လုံး ရေနစ်မြုပ်ခဲ့ပြီး အိမ်ထောင်စု ၅၇ စု၊ လူဦးရေ ကျား (၁၆၆) ဦးနဲ့ မ (၁၃၉) ဦး စုစုပေါင်း (၃၀၅) ဦးကို ဇန်န၀ါရီလ ၁၁ ရက်နေ့က နီးစပ်ရာ တောင်ကုန်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့ ချထားရတယ်လို့ ဆိုပါတယ်။

တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်မှုက အိမ်ခြံမြေဈေးကွက်ကို သက်ရောက်မှုမရှိနိုင်

တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်နေတာဟာ အိမ်ခြံမြေဈေးကွက်ကို သက်ရောက်မှုမရှိဘူးလို့ အိမ်ခြံမြေလုပ်ငန်းရှင်အသင်းက ပြောပါတယ်။ လက်ရှိအချိန်မှာ တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်နေမှုက အလွန်နည်းပါးနေတာဖြစ်လို့ အိမ်ခြံမြေဈေးကွက်ကို လှုပ်ခတ်မှု မရှိနိုင်သလို အိမ်ခြံမြေဈေးကွက် တည်ငြိမ်နေတာဟာလည်း တန်ဖိုးနည်းအိမ်ရာတွေ ဖော်ဆောင်နေမှုကြောင့် မဟုတ်ဘူးလို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ ဦးသန်းဦးက ပြောပါတယ်။ “လက်ရှိကာလမှာက တန်ဖိုးနည်းဆိုပြီး ထွက်လာတဲ့ အခန်းတွေက ပြောပလောက်အောင် သိပ်မရှိသေးဘူး။ နောက်တခုက လက်ငင်းအနေအထားအရ လိုအပ်နေတဲ့နေရာ ဖြည့်စွမ်းနိုင်မှု ဆိုတာကလည်း အနီးစပ်ဆုံးပြောရရင် ဆင့်ပါးစပ် နှမ်းပက်သလိုပဲ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အိမ်ခြံမြေဈေးကွက်တခုလုံးကို လက်ရှိ ဖော်ထုတ်ပါတယ်ဆိုတဲ့ တန်ဖိုးနည်းအိမ်ရာ တက်အောင်လို့ ဘာမှထူးခြားမှုမရှိဘူး။ အခု အိမ်ခြံမြေဈေးကွက် အေးတာက နဂိုကတည်းကိုက သူ့အကြောင်းနဲ့သူ အေးနေတာ။ အခုလို တန်ဖိုးနည်းအိမ်ရာတွေ ဖော်ထုတ်တဲ့အတွက် အိမ်ခြံမြေဈေးကွက်ကို လှုပ်နှိုးနိုင်တဲ့ အနေအထား မရှိသေးဘူး။”

နာဂနှစ်သစ်ကူးရိုးရာပွဲတော်သို့ သမ္မတ ဦးထင်ကျော် တက်ရောက်မည်

 နာဂနှစ်သစ်ကူးရိုးရာ ပွဲတော်သို့  နိုင်ငံတော်သမ္မတ ဦးထင်ကျော်တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ နာဂနှစ်သစ်ကူးရိုးရာပွဲ တော်ကို ဇန်န၀ါရီ ၁၃ ရက်ကစ၍ လေးရက်ကြာ နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ကျင်းပမည် ဖြစ်သည်။ နှစ်ဟောင်းတွင် တောင်ယာ၊လယ်လုပ်ငန်းများပြီးစီးအောင် မြင်သည့် အထိမ်းအမှတ်နှင့် နှစ် သစ်ကိုကြိုဆိုသည့် အထိမ်းအ မှတ်အဖြစ်   နှစ်သစ်ကူးရိုးရာပွဲ တော်ကို နှစ်စဉ်ကျင်းပခြင်းဖြစ် ကြောင်း နာဂယဉ်ကျေးမှုအဖွဲ့ အစည်းများက ဆိုသည်။ ‘‘နှစ်ဟောင်းမှာ တောင်ယာ၊လယ်၊ ယာခင်းလုပ်ငန်းတွေ အောင်မြင်တဲ့ ကောက်ရိတ်သိမ်း ပွဲကို အသိအမှတ်ပြုတဲ့အနေနဲ့၊နောက်ပြီးတော့လည်း နောက်နှစ် မှာလည်း ကောက်ပဲသီးနှံတွေအ ထွက် တိုးပြီးကောင်းမွန်တဲ့ ရိတ် သိမ်းခြင်းကို ပိုင်ဆိုင်နိုင်အောင် နာဂညီအစ်ကိုတွေ၊ မျိုးနွယ်စုတွေ အားလုံးစုပေါင်းပြီး နှစ်သစ်ကို ကြိုဆိုတဲ့ပွဲပေါ့’’ဟု နာဂအမျိုးသား ရေးရာကောင်စီဥက္ကဋ္ဌ Athong Makury က ပြောသည်။

နီလာရုပ်ကလေးတွေ ဖန်တီးသူတွေရဲ့ ဘဝတွေ

သနပ်ခါး ပါးကွက်ကလေးနဲ့ ဒီပိတ်ရုပ်လေးရဲ့ နာမည်က နီလာလို့ ခေါ်ပါတယ်။ လက်ဆောင်ပစ္စည်းအရောင်းဆိုင်ကလေး တွေပေါ်မှာ အခန့်သားထိုင်နေတဲ့ ဒီအရုပ်ကလေးကို ဖန်တီးပေးရသူတွေရဲ့ ဘဝတွေကတော့ အရုပ်ကလေးတွေလို မလှပမခန့်ညားပါဘူး။ ဒါပေမယ့်လည်း နီလာရုပ်ကလေးတွေလိုပဲ ဘဝကိုတန်ဖိုးရှိအောင် ရုန်းကန်နေကြတာကိုတော့ မြင်တွေ့ရပါတယ်။ အိတ်ခ်ျအိုင်ဗီ ပိုးရှိနေပြီး အလုပ်လက်မဲ့ဘဝနဲ့ ပတ်ဝန်းကျင်ရဲ့ ဖယ်ကျဉ်မှုတွေကြားက သားသမီးလေးတွေ ပညာရေးဆုံးခန်းတိုင်ဖို့ ရုန်းကန်နေရတဲ့ အမေတစ်ယောက်ရဲ့ဘဝက ဒီ နီလာရုပ်ကလေးတွေပေါ်မှာ မှီတည်နေလို့ပါ။ အရုပ်ကလေးတွေရဲ့ တန်ဘိုးက ကျပ် ၂၀၀၀၀ နဲ့ရောင်းတာပါ။ ရန်ကုန်မြို့ သိမ်ဖြူလမ်းက Pomelo လက်ဆောင်ပစ္စည်း အရောင်းဆိုင်နဲ့ ၊ ကုန်သည်လမ်းထောင့် ပန်းဆိုးတန်း လမ်းအပေါ်က Hladay လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေမှာ ရရှိနိုင်ပါတယ်။  နီလာ အရုပ်မလေးတွေအပြင် ၊ ကြောင်ရုပ် ကလေးတွေ ၊ ပိုက်ဆံအိတ်လေးတွေကို လည်း ချည်ထည် လေးတွေနဲ့ ချုပ်လုပ် ရောင်းချနေတာဖြစ်ပါတယ်။ - ခင်ဝိုင်းဖြူဖြူ

ရွေးကောက်ပွဲတွင် ရုရှားဟက်ကာများ နှောင့်ယှက်ခဲ့သည် ဆိုခြင်းကို ထရမ့် ပထမဆုံးအကြိမ် လက်ခံ

အမေရိကန် ရွေးကောက်ပွဲတွင် ရုရှားဟက်ကာများ ကြားဖြတ်နှောင့်ယှက် တိုက်ခိုက်မှု ရှိခဲ့ကြောင်း စွပ်စွဲချက်များနှင့် ပတ်သက်၍ လက်ခံသည့် သဘောထားမျိုး ဒေါ်နယ်လ်ထရမ့်က ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုခဲ့သည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ရွေးကောက်ပွဲတွင် ထရမ့် အနိုင်ရစေရန် ရုရှားဟက်ကာများက ကြားဝင် နှောင့်ယှက်ခဲ့ကြောင်း ထောက်လှမ်းရေး ဌာနများက စစ်ဆေး တွေ့ရှိထားသည်ဟု တရားဝင် စွပ်စွဲခဲ့သလို ရုရှားသံအရာရှိ အချို့ကိုလည်း ပြည်နှင်ဒဏ် ပေးခဲ့သည်။ ထရမ့်သည် အစောပိုင်းက ရုရှားဟက်ကာများ ရွေးကောက်ပွဲ ရလဒ်ပိုင်း၌ ပါဝင်စွက်ဖက်ကြောင်း စွပ်စွဲချက်များကို အစဉ်တစိုက် ငြင်းပယ်ခဲ့သော်လည်း ဇန်နဝါရီ ၁၁ ရက်၊ ၎င်းပိုင် ထရမ့်တာဝါ အဆောက်အအုံတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ယင်းကို ပထမဆုံးအကြိမ် လက်ခံကြောင်း မှတ်ချက်ပေးခဲ့သည်။

CES 2017 မှာ ပွဲထွက်လာတဲ့ စိတ်ဝင်စားစရာ ထုတ်ကုန်သစ် ၇ မျိုး









ဒီနှစ် CES 2017မှာ Sony၊ LGနဲ့ Samsungတို့လို ကုမ္ပဏီတွေဟာ အထင်ကြီးလောက်စရာ TV အမျိုးအစားသစ်တွေကို မိတ်ဆက် ပြသခဲ့ပါတယ်။ အဲဒီထဲမှာမှ LGရဲ့ W7ကတော့ လူကြိုက်အများဆုံး ဖြစ်ခဲ့တယ်။ Prototype အဆင့်မှာပဲ ရှိသေးတဲ့ W7ရဲ့ မျက်နှာပြင်ဟာ ၄၀ ရာခိုင်နှုန်းလောက် အလင်းပေါက်တယ်လို့ LGက ပြောပါတယ်။ ၅၅ လက်မ အကျယ်ထိ အရွယ်အစား အစုံအလင်ရှိတဲ့ OLED Screenက ၂.၅ မီလီမီတာသာ ထူတာကလည်း အံ့ဩစရာ တည်ဆောက်မှုမျိုးပါ။ ပုံရိပ်ဖော် အရည်အသွေး အမြင့်ဆုံး ရှိနေတဲ့အပြင် နောက်ဆုံးပေါ် ဒီဇိုင်းနဲ့ Dolby Atoms အသံဘားကို သီးခြား ဖြည့်စွက်ထားတာကြောင့် မြင်လိုက်တာနဲ့ စွဲမက်သွားစေမယ့် ဖန်တီးမှုမျိုးလို့ ညွှန်းရမှာ ဖြစ်ပါတယ်။

တိမ်းမှောက်သွားသည့် သင်္ဘောမှ မြောက်ကိုရီးယား အမှုထမ်း ၂၆ ဦးကို ဂျပန်ကယ်ဆယ်

တိမ်းမှောက်နစ်မြုပ်သွားသည့် မြောက်ကိုရီးယား ကုန်တင်သင်္ဘော တစ်စီးမှ အမှုထမ်း ၂၆ ဦးကို ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။ ဇန်နဝါရီ ၁၁ ရက် ညပိုင်းက အရေးပေါ် အကူအညီ တောင်းခံမှု တစ်ခုကို လက်ခံရရှိပြီးနောက် ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က ကျူရှူးကျွန်း ကမ်းလွန်ရှိ ဂိုတိုကျွန်းစု အနောက်တောင်ဘက် ၃၈ မိုင်အကွာ ရေပြင်သို့ သွားရောက်ကာ မြောက်ကိုရီးယား သင်္ဘောသားများကို ကယ်တင်ခဲ့ရသည်။ ဂျပန် ကမ်းခြေစောင့်တပ် ရောက်သွားချိန်တွင် သင်္ဘောသားများမှာ အဆိုပါ ကုန်တင်သင်္ဘောကို စွန့်ခွာပြီး အသက်ကယ် လှေများဖြင့် ပင်လယ်ပြင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မြောက်ကိုရီးယား ကုန်တင်သင်္ဘောသည် တရွေ့ရွေ့ နစ်မြုပ်နေပြီး ဇန်နဝါရီ ၁၂ ရက် နံနက်အစောပိုင်းတွင် ပင်လယ်ရေအောက်သို့ လုံးဝ ရောက်ရှိသွားခဲ့သည်။

မြောက်ကိုရီးယား ဒုံးကျည်များကို စောင့်ကြည့်ရန် အမေရိကန်က ရေဒါစနစ်တစ်ခု စတင်ဖြန့်ကျက်

မြောက်ကိုရီးယား တိုက်ချင်းပစ် ဒုံးကျည်အန္တရာယ်ကို ပထမဆုံးအကြိမ် ထိထိရောက်ရောက် အရေးယူကာကွယ်တုံ့ပြန်မှုအဖြစ် ဟာဝိုင်ယီတွင် အမေရိကန်က ရေဒါစနစ်တစ်ခုကို စတင်ဖြန့်ကျက်လိုက်ကြောင်း သိရသည်။ြေ မာက်ကိုရီးယား အစိုးရက အမေရိကန် ပိုင်နက်ထိ တိုက်ခိုက်နိုင်သည့် တာဝေးပစ်တိုက်ချင်းပစ် ဒုံးကျည်များ စမ်းသပ်ရန် အသင့်အနေအထားရှိနေပြီဟု ကြေညာခဲ့ပြီးနောက် အမေရိကန်ဘက်က ပင်လယ်ပြင် အခြေစိုက် SB-X ရေဒါကို ဖြန့်ကျက်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် စစ်တပ်က မြောက်ကိုရီးယားအနေဖြင့် တာဝေးပစ်ဒုံးကျည်များ တီထွင်နိုင်ခြင်း မရှိသေးဟု ယုံကြည်နေသည့်တိုင် ယင်းအဆိုနှင့် ပတ်သက်၍ အရေးကြီးသည့် မဟာဗျူဟာကာကွယ်ရေး အစီအစဉ်တစ်ရပ်ကို စတင် အကောင်အထည် ဖော်လာခြင်း ဖြစ်သည်။