Pages

Saturday, May 18, 2019

AA အဖွဲ့နှင့်ပတ်သက်ဆက်နွယ်နေသူ ကျေးရွာတာဝန်ခံတစ်ဦးအား ဖမ်းဆီးရမိ

No photo description available.ကျောက်တော်မြို့နယ်တွင် AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်နေသူ ကျေးရွာတာဝန်ခံတစ်ဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာအတွင်း AA အဖွဲ့များအနေဖြင့် အရပ်သား အသွင် ပုံဖျက်စိမ့်ဝင်လှုပ်ရှားနေကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် တပ်မတော် စစ်ကြောင်းများ လုံခြုံရေးလိုက်ပါလျက် မေ ၁၆ ရက်၊ နံနက်ပိုင်းက ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့စဉ် အဆိုပါကျေးရွာတာဝန်ခံတစ်ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။


ကျေးရွာတာဝန်ခံ ဦးသိန်းစိုးအောင်သည် ၎င်း၏နေအိမ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဓာတ်ပုံရိုက်ယူ နေသည်ကိုတွေ့ရှိသဖြင့် ဖုန်းအားစစ်ဆေးခဲ့ရာ ဖုန်းအတွင်းမှ AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်နေသည့် ဓာတ်ပုံအထောက်အထားအချို့နှင့် နေအိမ်အတွင်းမှထုပ်ပိုးထားသော ထမင်းခြောက်အိတ်၊ ခေါက်ဆွဲခြောက်ဖာများ၊ ဓာတ်ဆားထုပ်များနှင့် အခြားစားသောက်ကုန်ပစ္စည်းများအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အဆိုပါ AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်နေသူ ဦးသိန်းစိုးအောင်အား တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နေကြောင်း သိရသည်။

No comments:

Post a Comment