Pages

Tuesday, May 28, 2019

အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရာတွင် AA အဖွဲ့တည်ရှိမှုကို လိုင်ဇာတွင်သာ လက်ခံနိုင်မည်ဟု တပ်မတော်ပြော

အပစ်အခတ်ရပ်စဲ ရေးဆောင်ရွက်ရာတွင် ရခိုင်ပြည် နယ်အတွင်း AA အဖွဲ့တည်ရှိမှုကို လက်ခံနိုင်မည်မဟုတ်ကြောင်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ် မှူးချုပ် ဇော်မင်းထွန်းက ပြော ကြားသည်။  အပစ်အခတ် ရပ်စဲရေး (Bilateral) ဆောင်ရွက်ရာတွင် AA လက်နက်ကိုင်အဖွဲ့တည်ရှိမှု ကို ယခင်လိုင်ဇာနေရာတွင်သာ လက်ခံနိုင်မည်ဖြစ်ကြောင်း ယမန် နေ့က နေပြည်တော်၌ ပြုလုပ်သည့် အစိုးရသုံးနှစ်ပြည့် သတင်း စာရှင်းလင်းပွဲအပြီးတွင် မီဒီယာ များ၏မေးမြန်းမှုကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြားခဲ့သည်။ ရခိုင်ပြည်နယ်ကို ယခင်အဖြူရောင် နယ်မြေအဖြစ်သာ တပ်မတော်အနေဖြင့် ခံယူထား ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ဆိုသည်။
‘‘ဒီယခင်တည် ရှိတဲ့ နေရာပဲ လိုင်ဇာနဲ့ပတ်သက် ပြီးပဲ လိုင်ဇာမှာ တည်ရှိတဲ့ အနေ အထားနဲ့ပဲ လက်ခံနိုင်မယ့်အနေ အထားမျိုး ရှိပါတယ်လို့ ဒါက အ ကြမ်းဖျင်းပြောခြင်းဖြစ်ပါတယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ AA အဖွဲ့သည် ကချင်လက် နက်ကိုင်အဖွဲ့ (KIA) နယ်မြေ လိုင်ဇာဒေသ၌ ၂၀၀၉ က အခြေ ပြုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ကစ၍ ရခိုင်ပြည်နယ်အတွင်း အ ခြေပြုနိုင်ရေး ကြိုးပမ်းရာ တပ်မ တော်နှင့် တိုက်ပွဲများစတင်ဖြစ် ပွားခဲ့ပြီး ၂၀၁၈ နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့သည်။

တပ်မတော်ဘက်က AA တပ်များ ရခိုင်ပြည်နယ်အတွင်း တည် ရှိမှုကို လက်မခံသော်လည်း AA ၏အဓိကရည်မှန်းချက်မှာ ရခိုင် ပြည်နယ်အတွင်း ၎င်းတို့တပ်များ အခြေပြုနိုင်ရေးဖြစ်သည်ဟု ယင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများက မကြာခဏ ထုတ်ဖော်ပြောကြားထားသည်။  AA အပါအဝင် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့သည် အစိုး ရဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က မူဆယ်မြို့၌ တွေ့ဆုံပြီး Bilateral အပစ်ရပ်စဲရေး ဆက်လက်ညှိနှိုင်း ရန် သဘောတူခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် AA အပါအဝင် မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့က တစ်ဖွဲ့ချင်းစီ၏ အပစ်ရပ်စာချုပ်မူကြမ်းကို အစိုးရ ထံ ပေးအပ်ခဲ့သည်။ လက်ရှိတွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးစာ ချုပ်ညှိနှိုင်းရန် ဆွေးနွေးပွဲကို လည်း ကျင်းပမည့်နေရာ ညှိနှိုင်း နိုင်ခြင်းမရှိသေး၍ ရွှေ့ဆိုင်းထား သည်။

No comments:

Post a Comment