Star Awards ဆုပေးပွဲတွင် ဇာတိမြေ ဇာတ်ကားဖြင့် Best Special Performance ဆုရရှိခဲ့သည့် မိုရီဆာကီဝင်းကို ဆုတံဆိပ် နှင့် ဆုငွေများ ပြန်လည်လွှဲပြောင်းပေးသည့် အခမ်းအနားကို မေလ ၁၀ ရက်က ပါ့ခ်ရိုင်ရယ် ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ ဆုပေးပွဲအခမ်းအနားပြုလုပ်သည့် အချိန်က မိုရီဆာကီဝင်း မြန်မာနိုင်ငံတွင်မရှိသောကြောင့် ဇာတိမြေဇာတ်ကား၏ထုတ်လုပ်သူ ဒေါ်နန်းမောက်လောဝ်ဆိုင်က ဆုလက်ခံယူခဲ့ခြင်းဖြစ်ပြီး ယင်းဆုကို အခမ်းအနားပြုလုပ်ကာပြန်လည် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယင်း အခမ်းအနား၌ မိုရီဆာကီဝင်း အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ထားသည့် Win's Show Time Season 2 ကိုလည်း မိတ်ဆက်ပေးခဲ့သည်။
No comments:
Post a Comment