Pages

Monday, May 13, 2019

ဈေးနှုန်း အဆမတန်မြှင့်တင်မှုဖြင့် ဆေးဝါးကုမ္ပဏီများကို အမေရိကန်အစိုးရ တရားစွဲဆို

လူသုံးများသော ဆေးဝါးများ၏ ဈေးနှုန်းများ ဖောင်းပွအောင် ပူးပေါင်းကြံစည်ခဲ့သည်ဟု အမေရိကန်အစိုးရက ပြည်နယ် ၄၀ ကျော်ရှိ ဆေးဝါးကုမ္ပဏီများကို စွပ်စွဲပြီး တရားစွဲဆိုထား သည်။  ကင်ဆာနှင့် ဆီးချိုကုသ သော ဆေးဝါးများ အပါအဝင် ဆေးဝါး ၁၀၀ ကျော်၏ ဈေးနှုန်း များကို တိုးမြှင့်သတ်မှတ်ရာတွင် ကုမ္ပဏီ ၂၀ အထိ ပါဝင်သည်ဟု အမှုတွဲ၌ စွပ်စွဲထားသည်။ စွပ်စွဲခံရသော ကုမ္ပဏီတွင် ကမ္ဘာ့အကြီးဆုံး ဆေးဝါးကုမ္ပဏီ တစ်ခုဖြစ်သည့် Teva Pharma-ceuticals လည်း ပါဝင်သည်။ Teva ကမူ ယင်းစွပ်စွဲမှုများ ကို ငြင်းဆိုပြီး မိမိတို့ လုပ်ရပ်များ အတွက် ပြန်လည်ချေပမည်ဟု ပြောသည်။



ငါးနှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် ထွက်ပေါ်လာသော တရားစွဲဆိုမှု၌ ကုမ္ပဏီများသည် ဆေးဝါးဈေးနှုန်းများ တိုးမြှင့်မှု၌ ပါဝင်ခဲ့ပြီး အချို့ဆေးဝါးများကို ၁,၀၀၀ ရာခိုင်နှုန်းအထိ ဈေးမြှင့်ထား သည်ဟု ဖော်ပြသည်။ ယင်းတရားစွဲဆိုမှုကို ကွန် နက်ကီကတ်ပြည်နယ် ရှေ့နေ ချုပ် ဝီလီယမ်တောင်က တင်သွင်းခဲ့သည်။

‘‘ဆေးဝါးလုပ်ငန်းက အမေ ရိကန်ပြည်သူတွေအပေါ် ကန် ဒေါ်လာဘီလီယံနဲ့ချီတဲ့ လိမ်လည်မှု ကျူးလွန်ခဲ့တယ်ဆိုတာ ကျွန်တော်တို့မှာ ခိုင်မာတဲ့ အထောက် အထားရှိပါတယ်’’ဟု ကွန်နက်ကီ ကတ်ရှေ့နေချုပ်က ပြောကြား သည်။

မိမိတို့ကုမ္ပဏီသည် ရာဇ ဝတ်မှုဖြစ်နိုင်ခြေရှိသည့် မည် သည့်လုပ်ရပ်တွင်မျှ ပါဝင်ခဲ့ခြင်း မရှိဟု အစ္စရေးကုမ္ပဏီ Teva မှ အမေရိကန် ကိုယ်စားလှယ်က ပြောကြားသည်။ အမှုတွဲ၌ ပါဝင်သည့် အခြား ကုမ္ပဏီ ၁၉ ခုက မှတ်ချက်မပေး သေးပေ။

No comments:

Post a Comment