Pages

Monday, May 27, 2019

အခြေခံပညာကျောင်း ၅,၆၀၀ ကျော် အဆင့်တိုးမြှင့်ဖွင့်ခွင့်ပြု အဆင့်တိုးကျောင်းများအတွက် ဆရာအင်အား မလုံလောက်မှုများ ရှိနိုင်ဟုဆို

၂၀၁၉-၂၀ ပညာသင် နှစ်တွင် တစ်နိုင်ငံလုံးရှိ အခြေခံ ပညာကျောင်း ၅,၆၅၁ ကျောင်းကို ပညာရေးဝန်ကြီးဌာနက ကျောင်းအဆင့် တိုးမြှင့်ဖွင့်ခွင့်ပြုခဲ့သည်။ ယခုပညာသင်နှစ်တွင် မန္တ လေးတိုင်းဒေသကြီးသည် တစ် နိုင်ငံလုံး၌ ကျောင်းအဆင့်တိုးအများဆုံးရရှိပြီး ၉၃၃ ကျောင်းအဆင့်တိုး ဖွင့်ခွင့်ရခဲ့သည်။ကယားပြည်နယ်တွင် ၄၈  ကျောင်း သာ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရ ခဲ့သည်။

ယခင်က  သတ်မှတ်ကျောင်း သားဦးရေပြည့်မီမှသာ ကျောင်း အဆင့်တိုးမြှင့်ပေးရာမှ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသော ဒေသ များ၊ သဘာဝဘေးအန္တရာယ်၊ အ တားအဆီးရှိသော ဒေသများဖြစ် ပါက ပင်မကျောင်း၊ တစ်ဆင့်မြှင့် ကျောင်းနှင့် နှစ်မိုင်အထက် ကွာ ဝေးလျှင်ပင် ကျောင်းအဆင့်တိုး မြှင့်ခွင့် လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ပြင်ဆင် သတ်မှတ်ခဲ့သည်။

‘‘ကျောင်းသားဦးရေ တစ်ခုတည်းအပေါ် မူတည်ပြီး ကျောင်းအဆင့်တိုးတွေကို အရင်က သတ်မှတ်ပေမယ့်လည်း အခုခရီးအကွာအဝေး အခြေအနေကိုပါထည့် သတ်မှတ်ထားတယ်’’ဟု ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက  ဆိုသည်။

ကျောင်းအဆင့် တိုးမြှင့်ပေး ရန် ကျောင်းအုပ်ကြီးများက ပညာ ရေးဝန်ကြီးဌာနသို့ နှစ်စဉ်အောက် တိုဘာခန့်တွင် လျှောက်ထားရ ပြီး ကိုယ့်အားကိုယ့်ကိုး မူလတန်း ကျောင်းမှ မူလတန်းကျောင်းခွဲ၊ မူလတန်းကျောင်း၊ မူလတန်းလွန်ကျောင်း၊ အလယ်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲ၊ အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့် လျှောက်ထားရခြင်းဖြစ်သည်။

ကျောင်းအဆင့်တိုးမြှင့်ဖွင့် လှစ်ခွင့်ပြုပါက ဆရာ၊ ဆရာမ၊ စာသင်ခန်း၊ စာသင်ခုံ၊ သင် ထောက်ကူပစ္စည်း လိုအပ်ချက် များလည်း ပြည့်စုံအောင် ဖြည့် ဆည်းပေးရန် လိုအပ်ကြောင်း အ ခြေခံပညာဆရာ၊ ဆရာမအချို့ က ထောက်ပြပြောကြားသည်။

‘‘ကိုယ့်ရွာမှာ လေးတန်းအ ထိ တက်ပြီးရင် အလယ်တန်းကို  အနီးဆုံးရွာက အလယ်တန်း  ကျောင်းခွဲဖြစ်ဖြစ်၊ အလယ်တန်း  ကျောင်းဖြစ်ဖြစ် သွားတက်ရတာ မျိုးရှိတယ်။ အခုကတော့ နှစ်မိုင်  ကွာရင်ကို အဆင့်တိုးက လျှောက် လို့ရတယ်။ ဒါပေမဲ့ အားနည်းချက် က အဆင့်တိုးရင် ဆရာလည်း  တိုးခန့်ပေးရမှာ။ ဆရာအင်အား  က ဖွဲ့စည်းပုံအပြည့်မရတာပေါ့’’ ဟု ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ကျောင်း အုပ်ကြီးတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်မှုကြောင့် အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမ နှစ်သောင်းခန့် (၁၈,၄၆၄ ဦး) လစ်လပ်ခဲ့သည်။

‘‘မူလတန်းကျောင်းအတွက်  မူပြဆရာ၊ ဆရာမ ၁၀ ယောက်နဲ့  လုံလောက်ပေမယ့် အလယ်တန်း အဆင့်တိုးရင် ဒီလူနဲ့ မရတော့ ဘူး။ အလယ်တန်းပြ လုံလောက်အောင် ချပေးရမှာ။ တချို့ကျောင်းတွေဆို ကျောင်းအဆင့်သာ တိုး တယ်၊ ဆရာက တစ်ယောက် လောက်ပဲ အသစ်ဝင်တာရှိတယ်’’ ဟု ချင်းပြည်နယ် မင်းတပ်မြို့မှ အလယ်တန်းပြ ဆရာတစ်ဦးက ပြောသည်။

ဒီချုပ်အစိုးရသက်တမ်း သုံး နှစ်အတွင်း အခြေခံပညာကျောင်း ၁၄,၈၀၇ ကျောင်းကို ကျောင်းအဆင့် တိုးမြှင့်ပေးနိုင်ခဲ့သည်ဟု ပညာရေးဝန်ကြီးဌာနက ကြေ ညာထားသည်။ ၂၀၁၆-၁၇ ပညာသင်နှစ် တွင် အခြေခံပညာကျောင်း ၃,၃၂၀ ကျောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ၅,၁၀၀၊ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ၆,၃၈၇ ကျောင်းကို ကျောင်းအ ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်ဟု ပညာရေးဝန်ကြီးဌာန အချက်အ လက်များ၌ ဖော်ပြထားသည်။

No comments:

Post a Comment