Pages

Tuesday, May 21, 2019

ကမ္ဘောဇသာဒီနန်းတော် ဆက်စပ်မြေတွင် သမိုင်းအမွေအနှစ် အထိမ်းအမှတ်ဥယျာဉ် ဖော်ဆောင်ရေး အဆိုပြုလွှာခေါ်ယူ

ကမ္ဘောဇသာဒီနန်း တော်နှင့် ဆက်စပ်တည်ရှိသည့် မြေ ၃၅ ဧကတွင် Historical Park (သမိုင်းအမွေအနှစ်အထိမ်း အမှတ်ဥယျာဉ်) အဖြစ်အဆင့် မြှင့်တင်အကောင်အထည်ဖော် ရန် စိတ်ဝင်စားသူများကို ပဲခူး တိုင်းအစိုးရက မေလ ၂၀ ရက် တွင် ဖိတ်ခေါ်သည်။ စိတ်ဝင်စားသည့် ကုမ္ပဏီ  သည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပဲခူး ဌာနခွဲ) သို့ ဇွန်လအတွင်းတိုက် ရိုက်လျှောက်ထားရမည်ဆိုသည်။ အဆိုပါနေရာတွင် ရှေး ဟောင်းနယ်မြေနှင့် သက်ဆိုင် သည့် အနားယူအပန်းဖြေသည့် နေရာများနှင့် ကဇာတ်ရုံတစ်ခု လည်း ပါဝင်မည်ဟု ပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးညွန့်ရွှေကပြော သည်။



‘‘ဆောက်မှာတော့ ရှေး ဟောင်း ယဉ်ကျေးမှုဌာနက ခွင့် ပြုတဲ့အတိုင်းဆောက်ရမယ်။ ဆောက်ချင်တဲ့ပုံစံဆောက်လို့မရ ဘူး’’ ဟု ၎င်းကဆက်လက်ပြော ကြားသည်။ အဆိုပါ လုပ်ငန်းလုပ်ကိုင် လို၍ ကြိုးပမ်းနေသည့် ကုမ္ပဏီ ၁၂ ခုရှိနေပြီး ၎င်းတို့ထဲမှ စိတ် ၀င်စားမှု ဖော်ပြလွှာတင်ပြသည့် ကုမ္ပဏီကို ရွေးချယ်ရမည်ဟု ၎င်းကဆိုသည်။

ကေတုမတီနန်းတော်မြို့ ဟောင်းနှင့် ကမ္ဘောဇသာဒီနန်း တော်ကို အခြေခံ၍ ပဲခူးတိုင်းအ တွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး  တက်ရေးမဟာဗျူဟာစီမံကိန်း ရေးဆွဲရန် စီစဉ်နေကြောင်းပဲခူး တိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက  ပြည်သူ့အတွက် တတိယတစ်နှစ် တာတွင် ပြောကြားထားသည်။ ပဲခူးတိုင်းအတွင်း ခရီးသွား  လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စိတ်ဝင်စားသည့် ခရီးစဉ်များနှင့် အခြားခရီးစဉ်များ ချိတ်ဆက်ရေး ဆွဲမည်ဟု ၀န်ကြီးချုပ်က ပြော သည်။

No comments:

Post a Comment