Pages

Thursday, May 30, 2019

ရာသီဥတုပူပြင်းခြင်းနှင့် တာပိန်မြစ်ရေနည်းပါးလာသည့်အတွက် ဗန်းမော်ခရိုင်၌ မကြာခဏမီးပြတ်တောက်မှုများဖြစ်ပေါ်နေ

Image may contain: beach, outdoor, nature and waterယခုရက်ပိုင်း အတွင်း ရာသီဥတုပူပြင်းပြီးတာပိန် မြစ်ရေနည်းပါးလာသောကြောင့် တာပိန်ရေအားလျှပ်စစ်စက်ရုံမှာ လည်ပတ်ရန်အခက်အခဲဖြစ်ပေါ် လာကာ ဗန်းမော်ခရိုင်အတွင်း၌ လျှပ်စစ်မီးပြတ်တောက်မှုများ မကြာ ခဏဖြစ်ပေါ်နေကြောင်းသိရသည်။ ဗန်းမော်တစ်ခရိုင်လုံး အသုံး ပြုရန်အတွက် တာပိန်ရေအားလျှပ် စစ်စက်ရုံမှ ၁၁ မဂ္ဂါဝပ်ခန့် ထွက်ရှိ ရာမှ ယခုရက်ပိုင်းအတွင်း ရာသီဥတု ပူပြင်းခြင်း၊ တာပိန်မြစ် ရေနည်းပါး ခြင်းတို့ကြောင့် ရေအားမလုံလောက် သည့်အတွက် စက်ရုံလည်ပတ်ရာ တွင် အခက်အခဲဖြစ်ပေါ်၍ လျှပ်စစ် မီးရရှိပမာဏနည်းပါးကာ မီးပြတ် တောက်မှုများ မကြာခဏဖြစ်ပေါ် နေခြင်းဖြစ်သည်။



""ရေမရှိတဲ့အခါကျတော့ ကျွန် တော်တို့က ဘရိတ်ရတာပေါ့။ အ ပေါ်ကနေ ရေများများပြန်ရတော့ မီးပြန်ပေးတာပေါ့။ လောလောဆယ် တော့ အခြေအနေပြန်ကောင်းလာ ပါပြီ။ အခုပေးနေတာကတော့ တာပိန်မီးပါ""ဟု လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ် စစ်အင်ဂျင်နီယာ ဦးထွန်းထွန်းဦး က ပြောကြားသည်။

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ နယ်အတွင်းရှိ တာပိန်ရေအားလျှပ် စစ်စက်ရုံမှ လျှပ်စစ်မီးမရရှိသည့် အခါ တစ်ခရိုင်လုံး လျှပ်စစ်မီးအ ဆင်ပြေစေရေးအတွက် နဘား- ချီဗွေ ဓာတ်အားလိုင်းမှ ဓာတ်အား ခွဲဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက် ထားရသည်။

တရုတ်နိုင်ငံအတွင်းမှ မြန်မာ နိုင်ငံအတွင်းသို့ ဖြတ်သန်းစီးဝင် လာသော တာပိန်မြစ်ပေါ်၌ တရုတ် ဘက်ခြမ်း၌ ရေအားလျှပ်စစ်စက် ရုံများရှိသကဲ့သို့ မြန်မာဘက်ခြမ်းတွင် ၂၀ဝ၇ ခုနှစ် မတ်လမှစတင်၍ မြန်မာနိုင်ငံအမှတ်(၁)လျှပ်စစ်စွမ်း အားဝန်ကြီးဌာနနှင့်တရုတ်နိုင်ငံ Dantang (Yunnan) United Hydropower Developing-DUHD) ကုမ္ပဏီတို့ပူးပေါင်း၍ တာပိန်ရေအားလျှပ်စစ်စက်ရုံကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စက်ရုံ မှ စုစုပေါင်း မဂ္ဂါဝပ် ၂၄၀ ထွက်ရှိ ကာ မြန်မာနိုင်ငံအတွက် ခွဲတမ်း ၁၅ ရာခိုင်နှုန်းရရှိကြောင်းသိရသည်။

No comments:

Post a Comment