Pages

Thursday, May 16, 2019

အစ္စလာမ် ဝတ်ပြုဆုတောင်းမှုကို တားဆီးခဲ့သူတွေဟာ တိုင်းအစိုးရထက် ပိုကြီးနေလားလို့ မေးခွန်းထုတ်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ အစ္စလာမ် ရာမာဒန် ဥပုသ် ဆုတောင်းပွဲ ပြုလုပ်ခဲ့တဲ့ ဒဂုံမြို့သစ်တောင်ပိုင်း၊ ၁၀၆ ရပ်ကွက်ရှိ ယာယီဝတ်ပြုဆောင်မှာ မေလ ၁၅ ရက်နေ့ ညပိုင်းက လူဦးရေ ၁၀၀ ခန့်က ပိတ်ဆို့တားဆီးခဲ့ပါတယ်။ြ ဖစ်စဉ်နဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ဝတ်ပြုတာကို မင်းမဲ့စရိုက်ဆန်ဆန် တားဆီးခဲ့တဲ့သူတွေရဲ့ လုပ်ရပ်ကို စိတ်ပျက်ကြောင်းနဲ့ သူတို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရထက် ပိုကြီးနေသလားလို့ ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့က ဦးဆောင်တာဝန်ခံ ဦးရာဂူနေမြင့်က အမျိုးသားပိုင် MCN သတင်းဌာနကို မေလ ၁၆ ရက်နေ့ မနက်ပိုင်းက ပြောပါတယ်။



ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တရားဥပဒေအရ အကာအကွယ် လိုချင်တဲ့အတွက် တရားဝင်ခွင့်ပြုချက် တင်ပြီး လုပ်ဆောင်ခဲ့တာဖြစ်လို့ ဥပဒေအပြင်က တားဆီးခဲ့တဲ့သူတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက အရေးယူကို ယူသင့်တဲ့ ဖြစ်စဉ်တစ်ခုလို့လည်း ဦးရာဂူနေမြင့်က ပြောပါတယ်။

No comments:

Post a Comment