Pages

Thursday, May 30, 2019

(၄)ကြိမ်မြောက် ၁၀၀၀ ကျပ်တန်ထီစောင်ရေ ၁၄ရာခိုင်နှုန်းကျော်ရောင်းမကုန်ပဲ ကျန်ရှိဟုဆို

ဇွန်လ(၁)ရက်နေ့တွင် ဖွင့်လှစ်မည့် (၄)ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ်(၃၅၁၈၁၇၄)အုပ်ရောင်းချပေးခဲ့ရာတွင် ထီစာအုပ်(၅၀၆၀၃၃)အုပ် ရောင်းမကုန်ပဲ ကျန်ရှိခဲ့ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ ကြေညာထားသည်။ ယင်းသည် ရောင်းချသော ထီစာအုပ်ရေစုစုပေါင်း၏ (၁၄.၃၈)ရာခိုင်နှုန်း ရောင်းမကုန်ပဲ ကျန်ရှိခြင်းဖြစ်သည်။



ပြီးခဲ့သည့် (၃)ကြိမ်မြောက်ကမူ ထီစာအုပ်(၃၀၂၇၂၆၆)အုပ် ရောင်းချခဲ့ရာ၊ (၂၆၁၂၉၅)အုပ် ရောင်းမကုန်ထီအဖြစ်ကျန်ရှိခဲ့ပြီး (၈.၆၃)ရာခိုင်နှုန်း ရောင်းမကုန်ပဲကျန်ရှိခြင်းဖြစ်သည်။

(၂)ကြိမ်မြောက်ကမူ ထီစာအုပ်(၃၂၇၂၇၂၀)အုပ်ရောင်းချခဲ့ရာ(၄၃၅၅၇၇) ရောင်းမကုန်ကျန်ရှိခဲ့ကာ(၁၃.၃၀)ရာခိုင်နှုန်းမျှ ရောင်းမကုန်ကျန်ရှိခြင်းဖြစ်သည်။

(၁)ကြိမ်မြောက်ကမူ ထီစာအုပ်(၃၂၇၂၇၂၀)အုပ်ရောင်းချခဲ့ရာ အားလုံးရောင်းကုန်ခဲ့ကြောင်းသိရသည်။

No comments:

Post a Comment