Pages

Tuesday, May 28, 2019

ဘင်္ဂလားပင်လယ်အော်တွင် လေထုမငြိမ်မသက်ဖြစ်နေ ဒေသ ၁၁ ခု မိုးတိမ်တောင်အန္တရာယ် သတိပြုရန် ဒေါက်တာထွန်းလွင်နှိုးဆော်ထား

ဘင်္ဂလားပင်လယ်အော် တွင် လေထုမငြိမ်မသက်ဖြစ်နေ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုတွင် မိုးတိမ်တောင်အန္တရာယ် ရှိနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး သည်။ မေလ ၂၇ ရက် တိုင်းတာ ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အရှေ့အ လယ်ပိုင်းတွင် လေထုမငြိမ်မ သက်ဖြစ်နေပြီး မြန်မာနိုင်ငံဒေသ အများစု၌ လေပြင်းတိုက်ခတ်ခြင်း နှင့် မိုးကြိုးပစ်ခြင်းတို့ဖြစ်စေသော မိုးတိမ်တောင်အန္တရာယ်ရှိနေ သည်ဟု ပညာရှင်က ပြောသည်။



‘‘မုတ်သုံလေကလည်းဆက် ဝင်နေတယ်၊ လေထုမတည်မငြိမ် ကလည်းဖြစ်နေတော့ မိုးတိမ် တောင်ဖြစ်တဲ့ ဒေသတွေများနေ ပါတယ်’’ ဟု ဒေါက်တာထွန်းလွင် က ပြောသည်။ အနောက်တောင်မုတ်သုံ လေသည် မြစ်ဝကျွန်းပေါ်ကို ဝင် ပြီးနောက် မြန်မာနိုင်ငံအလယ် ပိုင်းဒေသသို့ ဆက်ဝင်နေရာ မိုး တိမ်တောင်ဖြစ်နေသည့် ဧရိယာ ပိုမိုကျယ်ပြန့်လာခြင်းဖြစ်သည်။ လက်ရှိကာလ၌ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရခိုင်၊ မွန်၊ ရှမ်းနှင့် ကရင် ပြည်နယ်တွင် မိုးတိမ်တောင်အန္တ ရာယ်ရှိနေသည်ဟု သတိပေးထား သည်။ မိုးတိမ်တောင်ကြောင့်ဖြစ် ပေါ်သည့် လေပြင်းနှင့် မိုးကြိုး ကြောင့် လူသေဆုံးမှုနှင့်နေအိမ် ပျက်စီးမှုများ ဆက်တိုက်ဖြစ်နေ ပြီး ရန်ကုန်တိုင်းဒေသကြီး ခရမ်း မြို့နယ်နှင့် ထိစပ်နေသော ပင် လယ်ပြင်တွင် လေပြင်းကျသည့် မေလ ၂၆ ရက်က စက်လှေတိမ်း မှောက်၍ လူရှစ်ဦးရေနစ်သေဆုံး မှုဖြစ်ခဲ့သည်။ မေလ ၂၆ ရက်တစ် ရက်တည်းတွင် ပဲခူးတိုင်းဒေသ ကြီး မင်းလှ၊ မကွေးတိုင်းဒေသကြီး စလင်းနှင့် နတ်မောက်မြို့၌ လေ ပြင်းကျ၍ နေအိမ် ၁၅၀ ခန့် ပျက်စီးခဲ့သည်။

No comments:

Post a Comment