Pages

Sunday, May 19, 2019

သီရိလင်္ကာ လွတ်ငြိမ်းခွင့် အစွန်းရောက် သံဃာ မပါဝင်

သီရိလင်္ကာ သမ္မတ က အကျဉ်းသား ၇၆၂ ဦးကို ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် မနေ့က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပေမယ့် အမုန်းတရား ဟောကြားမှုနဲ့ နာမည်ကျော်တဲ့ သံဃာတော် အရှင် Gnanasara ဂနားနားစာယား တော့ ပါဝင်ခြင်း မရှိပါဘူး။ Welikada ဝယ်လီကားဒါး အကျဉ်းထောင်မှာ လွှတ်ပေးမယ့် အကျဉ်းသားတွေကို သမ္မတ Sirisena ဆီရီဆီးနာက မိန့်ခွန်းပြောရာမှာ လူ့ဘောင်အသိုင်းအဝန်းမှာ ဘဝတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် သူတို့ကို ငွေကြေးထောက်ပံ့မယ်လို့ ကတိပေးခဲ့ပါတယ်။



အခုလွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ လူသတ်မှုနဲ့ မုဒိမ်းမှု ကျူးလွန်ခဲ့သူတွေ ပါဝင်ခြင်း မရှိဘဲ သာမာန်ရာဇဝတ်မှု အသေးစားတွေနဲ့ ထောင်ဒဏ်သက်တမ်း အနည်းငယ်မျှ အပစ်ပေးခံထားရသူတွေပဲ ပါဝင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဗုဒ္ဓဘာသာ ခေါင်းဆောင်အများအပြားက အရှင် ဂနားနားစာယားကို ဗုဒ္ဓနေ့မှာ လွှတ်ပေးဖို့တောင်းဆိုခဲ့ပေမယ့် သမ္မတကတော့ သူနဲ့ပတ်သက်ပြီး တစ်စုံတရာ ပြောကြားခဲ့ခြင်း မရှိပါဘူး။ အရှင် ဂနားနားစာယား ဟာ တရားရုံးကို မထီမဲ့မြင်လုပ်မှု၊ အမျိုးသမီး တစ်ဦးကို ခြိမ်းခြောက်မှုတွေအတွက် ထောင်ဒဏ် ခြောက်နှစ် အပစ်ပေးခံနေရပြီး သူဟာ မစိုးရိမ်ဆရာတော် အရှင် ဝီရသူနဲ့ ခင်မင်ရင်းနှီးသူလည်း ဖြစ်ပါတယ်။

No comments:

Post a Comment