Pages

Saturday, May 25, 2019

ပေါင်မြို့တွင် (၈)နှစ်အရွယ် မိန်းကလေးကို ဆယ်ကျော်သက်အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်

မွန်ပြည်နယ် ပေါင် မြို့နေ  အသက် (၈)နှစ်အရွယ် မိန်းကလေးငယ်ကို ဆယ်ကျော်သက် အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်သောကြောင့် အမှုဖွင့်ထားကြောင်း ပေါင်မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးအေးဆွေက ပြောသည်။ အိမ်တစ်ဝိုင်းတည်းနေသတ္တမတန်းအောင်ထားသူ အသက်(၁၄)နှစ်နှင့် (၁၅)နှစ်အရွယ် အမျိုးသားနှစ်ဦးက (၈)နှစ်အရွယ် မိန်းကလေးကို လွန်ခဲ့သည့်  ၁၀ရက်ခန့်က အကြိမ်ကြိမ် အဓမ္မပြုကျင့်သဖြင့် အဘွားဖြစ်သူက မေလ ၂၃ ရက်တွင် ပေါင်မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းတွင်    ဖော်ပြထားသည်။ 
ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးထားပြီး အသက်မပြည့်သေး သည့် ကလေးငယ်များဖြစ်သော ကြောင့်  စခန်းမှူး၏ထိန်းသိမ်းမှု အောက်ရှိ ရဲဝင်းအတွင်း ထိန်းသိမ်းမည်ဖြစ်ကြောင်း    ရဲမှူးအေး ဆွေက ဆိုသည်။ ‘‘ကလေးတွေကိုတော့ စခန်း ခေါ်သွားတာဟုတ်တယ်။ ကောင်လေးနှစ်ယောက်ကလည်း စခန်း မှာ ဝန်ခံတယ်လို့ ရာအိမ်မှူးတွေ က တစ်ဆင့် သိရတယ်’’ဟု ပေါင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိန်က ပြောသည်။ ပြစ်မှုကျူးလွန်သူ  နှစ်ဦးကိုပေါင်မြို့မရဲစခန်းတွင် မုဒိမ်းမှုနှင့် အရွယ်မရောက်သေးသော ကလေးကို ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၆၃ ဖြင့်  အမှုဖွင့်စစ်ဆေး နေကြောင်း ရဲမှူးအေးဆွေက ဆို သည်။

No comments:

Post a Comment