Pages

Monday, May 6, 2019

ရခိုင်ပြည်နယ်၊ နယ်ခြားစောင့်ရဲတွေရဲ့အဆောက်အဦ မီးလင်းရေးအတွက် ကျပ်သန်း ၅၈၀ကျော် သုံးစွဲမယ်

လုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတွေရဲ့အဆောက်အဦတွေမှာ လျှပ်စစ်မီး အရေးပေါ်လိုအပ်နေတာကြောင့် လျှပ်စစ်မီး သွယ်တန်း၊ တပ်ဆင်ဖို့အတွက် ကျပ်သန်းပေါင်း ၅၈၀ကျော် သုံးစွဲသွားမယ်လို့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားလိုက်ပါတယ်။ ၂၀၁၈-၁၉ ခုနှစ်၊ ပြည်ထောင်စုရဲ့ ဘဏ္ဍာရံပုံငွေ အရအသုံးဆိုင်ရာ အရေးပေါ် ရံပုံငွေကနေ ပြည်ထဲရေး ဝန်ကြီး ဌာနက ငွေကျပ် ၅၈၇ဒဿမ ၄၃၇သန်း သုံးစွဲမှာနဲ့ ပတ်သက်ပြီး မေလ ၆ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေးဒုဝန်ကြီးက လာရောက်ရှင်းလင်းခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီးဌာနက အရေးပေါ်ရံပုံငွေကနေ သုံးစွဲမယ့် ဒီကုန်ကျစရိတ်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်တယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။

No comments:

Post a Comment