Pages

Sunday, May 12, 2019

မိုက်ဖီလန်ကို လက်ထောက်နည်းပြအဖြစ် မန်ယူခန့်အပ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ မိုက်ဖီလန်ကို နည်းပြ အိုလီဂန်နာဆိုးလ်ရှားရဲ့ လက်ထောက်နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ အဆိုပါ အသက် ၅၆ နှစ်အရွယ် ဖီလန်ဟာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး နည်းစနစ်ဒါရိုက်တာအဖြစ်လည်း မကြာသေးတဲ့ အချိန်ကမှ ယူနိုက်တက်ဘက်က ကမ်းလှမ်းထားခဲ့တာလည်းဖြစ်ပါတယ်။ ဖီလန်က မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိခဲ့တဲ့ ၁၉၈၉ ခုနှစ်ကတည်းက သူ့ဘဝရဲ့အကြီးမားဆုံး အစိတ်အပိုင်းဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး အခုလို အရေးပါတဲ့နေရာကနေ အသင်းအတွက် လုပ်ဆောင်ပေးလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment