Pages

Thursday, May 16, 2019

ချဲလ်ဆီးတိုက်စစ်မှူး လော့ဖ်တပ်စ်ချိခ် ဒဏ်ရာရ၊ ယူရိုပါလိဂ် ဗိုလ်လုပွဲ လွဲချော်ဖွယ်ရှိ

ချဲလ်ဆီးတိုက်စစ်မှူး လော့ဖ်တပ်စ်ချိခ်ဟာ အမေရိကန်ကလပ်နဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရခဲ့လို့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို လွဲချော်ဖို့ ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ အမေရိကန် မေဂျာလိဂ်ကလပ် New England Revolution အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ရာမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ လော့ဖ်တပ်စ်ချိခ်က လူစားဝင်ကစားခဲ့ပြီး မိနစ် ၂၀ အတွင်းမှာပဲ ခြေချင်းဝတ်ဒဏ်ရာရခဲ့လို့ လူစားပြန်လဲခဲ့ရပါတယ်။



လော့ဖ်တပ်စ်ချိခ်ရဲ့ ဒဏ်ရာအခြေအနေဟာ ပြင်းထန်တာကြောင့် လမ်းမလျှောက်နိုင်ဘဲ ချိုင်းထောက်နဲ့ အသင်းကားပေါ် တက်ခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့် မေလ ၂၉ ရက်မှာ အာဆင်နယ်အသင်းနဲ့ အဇာဘိုင်ဂျန်က ဘာကူမြို့မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။

အသင်းကွင်းလယ်လူ ကန်တေ၊ လူငယ်တိုက်စစ်မှူး အိုဒွိုင်းတို့လည်း ဒဏ်ရာရနေတဲ့အတွက် လော့ဖ်တပ်စ်ချိခ် ဒဏ်ရာရသွားတာက ချဲလ်ဆီးအသင်းအတွက် ထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ်။

No comments:

Post a Comment