ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မလေးရှားနိုင်ငံကို လှေစီးထွက်ပြေးဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၈၄ ယောက် ကို တားဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ ကုတုပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၆၇ ယောက်ဟာ ထွက်ပြေးမယ့် ငါးဖမ်းလှေပေါ်တက်ဖို့ စောင့်ဆိုင်းနေချိန်မှာ ဖမ်းမိတာဖြစ်ပြီး အဲဒီအထဲမှာ အမျိုးသမီး ၃၁ ယောက်နဲ့ ကလေး ၁၅ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ စိန့်မာတင်ကျွန်းက ရိုဟင်ဂျာ ၁၇ ယောက်ကိုလည်း သူတို့ထွက်ပြေးမယ့် ငါးဖမ်းလှေပေါ်မတက်ခင်မှာ ကမ်းခြေစောင့်တပ်က ဖမ်းမိတာဖြစ်ပါတယ်။
No comments:
Post a Comment