Pages

Saturday, May 18, 2019

အလုပ်ရှင်အမျိုးသမီးရဲ့ခင်ပွန်းက အဓမ္မကျင့်ခဲ့ကြောင်း လိမ်လည်တိုင်တန်းတဲ့ အိမ်အကူအမျိုးသမီး ထောင်ဒဏ်ချမှတ်ခံရ

စင်ကာပူနိုင်ငံတွင် အသက် ၂၉ နှစ်အရွယ် Sumaini အမည်ရ အင်ဒိုနီးရှား အိမ်အကူအမျိုးသမီးတစ်ဦးဟာ အလုပ်ရှင်အမျိုးသမီးရဲ့ခင်ပွန်းနဲ့ မိမိမှာ ဇာတ်လမ်းတွေရှိခဲ့ကြောင်းနဲ့ အလိုမတူပဲ အဓမ္မကျင့်ခံခဲ့ရကြောင်း ရဲအား လိမ်လည်တိုင်တန်းခဲ့တဲ့အတွက် ထောင်ဒဏ် ၁၄ ရက် ကျခံဖို့ မေလ ၁၅ ရက်နေ့မှာ တရားရုံးက အမိန့်ချလိုက်ပါတယ်။

သူမရဲ့ လိမ်ညာစွပ်စွဲမှုတွေကြောင့် အလုပ်ရှင်ရဲ့ခင်ပွန်းမှာ ၄၅ မိနစ်ကြာဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၄င်းတို့နှစ်ယောက်ရဲ့ ဖုန်း၊ message နဲ facebook messenger တွေကိုစစ်ဆေးလိုက်တဲ့အခါမှာတော့ သူမဘက်ကသာ ဆွဲဆောင်ဖျားယောင်းခဲ့တဲ့ အထောက်အထားတွေ တွေ့ရပါတယ်။ ဒါ့ကြောင့် ရဲက မသင်္ကာလို့ သူမကိုစစ်ဆေးခဲ့ရာ သူကအင်ဒိုနီးရှားပြန်ချင်တာကို အလုပ်ရှင်ကခွင့်မပြုခဲ့တဲ့အတွက် အခုလိုလုပ်ရင် ပြန်ဖို့ အထောက်အကူဖြစ်လိမ့်မယ်ထင်လို့ လိမ်ညာပြောဆိုခြင်းဖြစ်ကြောင်း ၀န်ခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အလုပ်ရှင်ရဲ့ခင်ပွန်းမှာ အပြစ်မရှိတာကြောင့်လွတ်မြောက်သွားခဲ့ပြီး သူကတော့ အပြစ်မရှိသူကိုစွပ်စွဲမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုတို့ နဲ့ ထောင်ဒဏ် ၁၄ ရက်နဲ့ ဒဏ်ငွေ ဒေါ်လာ ၅,၀၀၀ ချမှတ်ခံခဲ့ရပါတယ်။

No comments:

Post a Comment