Pages

Wednesday, May 22, 2019

မိုးကုတ်-ပြင်ဦးလွင်လမ်းမှာ ကားတွေကို သေနတ်နဲ့ချိန်ပြီး ဆက်ကြေးတောင်းနေတဲ့ အဖွဲ့

Image may contain: outdoor and nature May 21 ၁၀:၃၅လောက် ပြင်ဦးလွင်နဲ့မိုးကုတ်လမ်း ဟိုခိုအကျော်လောက် လမ်းအချိုးမှာ ကားကွေ့လိုက်တယ်ဆို ဗြုန်းခနဲ လူတစ်စုထိုင်နေတာတွေ့လိုက်တယ်ဗျ ရုတ်တရက်ဆိုတော့ သူလိုကိုယ်လိုသာမာန်ပဲထင်တာပေါ့။ သေချာကြည့်မှ လက်နက်ကိုင်တွေဗျ။ ပြောက်ကျားဝတ်စုံတွေနဲ့ထိုင်နေရာကထပြီး ကားရှေ့ရပ်ပီးတားတယ် ၈ယောက်လောက်ရှိမယ် အကုန်သေနတ်တွေနဲ့ပဲဗျ။


ကျနော်က ရှေ့/ခေါင်းခန်းမှာဆိုတော့ ကားမောင်းတဲ့ဦးလေးကိုတစ်ယောက် ကျနော့်ဘက်ကိုတစ်ယောက်လာရပ်တယ် ကြားဖူးနားဝ ရှိထားတော့ တအားကိုလန့်တာပေါ့ဗျာ။ ကားသမားဦးလေးကတော့ တည်တည်ငြိမ်ငြိမ်ပဲ ၁ထောင်တန်လေး ၃ရွှက်ထင်တယ် ထုပ်ပေးတော့ ဗမာလိုမပီတပီနဲ့မေးတယ် ဘယ်လဲတဲ့ ကားသမားဦးလေးကလဲ မိုးကုတ်တဲ့ ကျနော်လဲ ပေးရမယ် ထင်ပြီးငွေထုပ်တော့ (ဝန်ခံတယ်ဗျာ ကျနော့်တစ်ကိုယ်လုံး တုန်နေတာပါ) ကားသမားဦးလေးကြီးက မသိမသာ လက်နဲ့တို့ပီးတားတယ် ဒါနဲ့ကျနော်လဲမပေးပဲနေလိုက်တာ သွားတော့တဲ့

ကားဆက်မောင်းပီး ပေ၂၀လောက်ကျ နောက်ထပ်တွေ့တယ် လူ၂၀လောက်ရှိမယ်။ အသက်ကအလွန်ဆုံးရှိ ၁၆/၁၇ပဲဗျ အသက်သာငယ်တာ လက်ထဲမှာသေနတ်တွေနဲ့ ကားကို အကုန်ချိန်ထားတာဗျာ။ ဘုရားဒေပါတ ယူရတယ်။ ဘက်မှန်က နောက်ကိုကြည့်မိတော့ ခုနအုပ်စုက ပဝါတစ်ခုမြှောက်ပြတယ် အဲ့ကျမှချိန်ထားတဲ့ သေနတ်တေ ဖယ်ပီးသွားခိုင်းတယ်။

ဦးလေးကြီးပြောပြတာတော့ အဲ့နေရာက ရှမ်းလမ်းဆုံလို့ခေါ်တာတဲ့ ပလောင်တွေတဲ့ မပေးပဲ မောင်းပြေးရင်တော့ မလွယ်ကြောပဲတဲ့ ပေးရင်တော့ ၂ထောင်လဲရတယ် ၃ထောင်လဲရတယ်တဲ့ ( ဒါကတော့ အကြောင်းသိတွေကိုးဗျ နော် ကျနော်တို့လို အကြောင်းမသိလို့ ကားနဲ့အဲ့လမ်းကြောင်း လာပါ့ပြီတဲ့ဗျာ ကဲစဉ်းစားကြည့် ဦးဦးသီဟတင်စိုး ဇာတ်ကား ထဲကလို ပြောက်ကျား ဝတ်စုံနဲ့ လူတွေအများကြီး သေနတ်တွေနဲ့လဲချိန်ပြီး ကားကိုတားတယ်။ အထှာမသိ ကြောက် ကြောက်လန့်လန့်နဲ့ ပါလာတဲ့ ပိုက်ဆံ အကုန်ထုပ်ပေးမိမှာအမှန်ပဲ ၂/၃ထောင်ပေးလဲရသလို ၁သိန်း၂သိန်း ပေးလဲ မငြင်းဘူးတဲ့)

ဘာပဲဖြစ်ဖြစ် ငယ်ငယ်က တွေးမိတာ ဒီလိုလူတွေဆို ဟိုးးးး တောတောင်တွေနဲ့ နယ်စပ်ဆိုတာလောက်မှာပဲရှိတယ်ပေါ့ ခုတော့ကိုယ့်သွားတဲ့လမ်းပေါ်မှာတောင်ရှိနေတယ်။ ကြားဖူးတာကြာပေမယ့် ဒီနေ့တော့ တကယ့်ကို လက်တွေ့မြင်ခဲ့ရ တာပါပဲ ဘဝမှာပထမဆုံးအကြိမ် သေနတ်နဲ့အချိန်ခံရတယ် လို့လဲ ပြောရမပေါ့ဗျာ

အကြောင်းသိတဲ့နယ်ခံတွေအတွက် မထူးဆန်းပေမယ့် ကျနော့်လိုလူတွေကြုံလာခဲ့ရင် တအားကြောက်ပြီး ဓါးပြကို ပေးသလိုမလုပ်ပဲ တည်တည်ငြိမ်ငြိမ်လေးနေပြီး ၂/၃ထောင်ထုပ်ပေးလိုက်ရင် အဆင်ပြေပါတယ်ဆိုတာလေး သိစေချင်လို့ ခုလိုတင်လိုက်ရခြင်းဖြစ်ပါကြောင်း….

No comments:

Post a Comment