Pages

Saturday, May 18, 2019

မန်းတွင် ဓားကိုင်သောင်းကျန်းနေသူတစ်ဦးအား ပစ်ခတ်ဖမ်းဆီး

(မေ ၁၈) နံနက် ၄နာရီအချိန်ခန့်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ၆၆ x ၁၄ လမ်းဒေါင့်၊ ဒေါနဘွားရပ်ကွက်တွင် လမ်းသွားလမ်းလာများအား ဓားရှည်တစ်ချောင်ဖြင့် လိုက်လံခုတ်၍ ရန်ပြုနေသည့် အမည်မသိ အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ ကနဦးသတင်းသိရသည်။ ထိုသို့ ဓားကိုင်သောင်းကျန်းရန်ပြုနေကြောင်း ပြည်သူများမှ အကြောင်းကြားသဖြင့် နယ်မြေအတွင်း၌ လှည့်ကင်းဆောင်ရွက်နေသော နယ်ထိန်းအရာရှိ နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေအဖြစ် ဒေါနဘွားရပ်ကွက် အကွက်(၅၄)ရာအိမ်မှူးနှစ်ဦးနှင့် ဒေါနဘွားရပ်ကွက် ဒေသအရံမီးသတ်တပ်ဖွဲ့မှ တပ်သားတစ်ဦးတို့ အခင်းဖြစ်နေရာသို့ သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


ထိုသို့ဖမ်းဆီးရာတွင် ဓားချ၍ အဖမ်းခံရန် အကြိမ်ကြိမ်ပြောဆိုသော်လည်း နာခံမှုမရှိဘဲ တာဝန်ရှိသူများအား ဓားဖြင့်ပြန်လှန်ရန်ပြုနေသဖြင့် သေနတ်ဖြင့် တစ်ချက်ခြောက်လှန့်ပစ်ခတ်သော်လည်း ဆက်လက်ရန်ပြုနေသဖြင့် ခန္ဓာကိုယ်အောက်ပိုင်းအား သေနတ်ဖြင့် နောက်ထပ်တစ်ချက်ပစ်ခတ်ခဲ့ရသည်။

ဤတွင် ဓားကိုင်သောင်းကျန်းနေသူမှာ လဲကျသွားသဖြင့် နန်းတော်ရှေ့ လူမှုကူညီရေးအသင်းမှ ကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သဖြင့် အောင်မြေသာစံ အမှတ်(၁)ရဲစခန်းမှ သေမှုသေခင်းအရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက် ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ ကနဦးသတင်းအဖြစ် သိရသည်။

1 comment:

  1. အသေသက်တော့ ဘာဖြစ်လို့လဲ

    ReplyDelete