Pages

Saturday, May 18, 2019

ယခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် အစီအစဉ်မရှိသေး

 လစ်လပ်မဲဆန္ဒ နယ် အနည်းအကျဉ်းသာရှိ၍ ၂၀၁၉ အတွင်း ကြားဖြတ်ရွေး ကောက်ပွဲပြုလုပ်ရန် လက်ရှိအချိန်အထိ စီစဉ်ထားခြင်းမရှိ ကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ပြောသည်။ လက်ရှိ လစ်လပ်မဲဆန္ဒနယ် များရှိ သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌအားလုံးက ကော်မရှင်ကို အကြောင်းကြားခြင်း မရှိသေးဘဲ အချို့ လွှတ်တော်ဥက္ကဋ္ဌများသာ အကြောင်းကြား ထားသည်ဟု အထက်ပါ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က မေလ ၁၇ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေး မှ ပြန်လည်ထွက်ခွာလာစဉ် သတင်းထောက်များအား ပြော သည်။

‘‘အခုအထိ ကြားဖြတ်အ တွက်တော့ ဘာမှမရှိသေးဘူး။ အဲဒါတော့ အမှန်ပဲ။ ၂၀၂၀ ရွေး ကောက်ပွဲအတွက်ကတော့ အ များကြီးလုပ်ရဦးမယ်။ ပြင်ဆင် နေတယ်’’ဟု ၎င်းကဆိုသည်။

 ၂၀၂၀ အထွေထွေရွေး ကောက်ပွဲကို ယင်းနှစ် နိုဝင်ဘာ တွင် ပြုလုပ်ရန် ကော်မရှင်က လျာထားသည်။ ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ယင်းနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည်။

၂၀၁၈ နိုဝင်ဘာတွင် လက်ရှိအစိုးရလက်ထက် ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ် ပြီးနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်တစ်ဦးစီ စုစုပေါင်း သုံးဦး ကွယ်လွန်ခဲ့သည်။ ထို့အပြင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအ တွက် မဲဆန္ဒနယ်များ ကြေညာ အပြီးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်တစ်ဦးစီ စုစုပေါင်းသုံးဦး ကွယ်လွန်ခဲ့သည်။

 ထို့အတွက် လက်ရှိတွင် လစ်လပ်မဲဆန္ဒနယ် စုစုပေါင်း ခြောက်နေရာရှိနေသည်။ စစ်တွေ မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်၊ ဟုမ္မလင်းမြို့နယ် အမှတ် (၁) စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်၊ မိုင်းရယ်မြို့နယ် အမှတ် (၂) ရှမ်းပြည်နယ်လွှတ် တော် မဲဆန္ဒနယ်၊ မိုးညှင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်မဲဆန္ဒနယ်၊ မိုးမိတ်မြို့နယ် အမှတ် (၂) ရှမ်းပြည်နယ် လွှတ် တော်မဲဆန္ဒနယ်တို့ဖြစ်သည်။

ယင်းသို့ လစ်လပ်မဲဆန္ဒနယ် အချို့ရှိသော်လည်း တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ်၊ ပြည် သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော် စုစုပေါင်း ကိုယ်စားပြုမှု လေးခုအနက် သုံးခုကျန်ရှိနေ၍ မဲဆန္ဒရှင်များ၏ ကိုယ်စားပြုမှု မပျောက်ဆုံးကြောင်း ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ပြော သည်။

 ‘‘နောက်တစ်ခါကျတော့ သိပ်နည်းတဲ့အခါကျတော့ သက် ဆိုင်ရာလွှတ်တော်ရဲ့ Function လုပ်ငန်းသွားနေတာက ဘာမှထိ ခိုက်မှုမရှိဘူး။ အဲဒီအခါမျိုးကျ သူတို့လည်း အကြောင်းမကြား ဘူး။ အလုပ်ဆက်လုပ်လို့ရနေ တာပေါ့’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ၂၀၁၈ နိုဝင်ဘာတွင် လစ် လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ဖူးသည်။

No comments:

Post a Comment