Pages

Friday, May 17, 2019

အမျိုးသမီးတွေအတွက် အထူးအခွင့်အရေးတွေပေးထားတဲ့ တရုတ်ကုမ္ဗဏီ

တရုတ်နိုင်ငံက အင်တာနက်ကုမ္ဗဏီတစ်ခုဟာ အမျိုးသမီးဝန်ထမ်းတွေအတွက် အထူးအခွင့်အရေးတွေ ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံ ကျဲ့ကျန်းခရိုင်ရဲ့မြို့တော်ဖြစ်တဲ့ ဟန်ကျိုးမြို့အခြေစိုက် အင်တာနက်ကုမ္ဗဏီတစ်ခုက ဒီလိုခွင့်ပြုခဲ့တာဖြစ်ပြီး အမျိုးသမီးတွေအတွက် တန်းတူညီမျှတဲ့ အခွင့်အရေးပေးတာလို့ဆိုပါတယ်။ ကုမ္ဗဏီက ကြေညာချက်မှာတော့ အမျိုးသမီးဝန်ထမ်းတွေဟာ ရင်သွေးတွေကို အလုပ်ခွင်ခေါ်လာခွင့်ပြုတဲ့အပြင် အမျိုးသမီးတွေ ရာသီလာတဲ့ရက်တွေနဲ့၊ သားဖွားတဲ့ရက်တွေမှာလဲ လစာအပြည့်ပေးမှာဖြစ်ပြီး၊ ကိုယ်ဝန်ရှိမရှိစမ်းသပ်တဲ့ပစ္စည်းနဲ့ ရာသီလာချိန်တွေမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းကိုလဲ အခမဲ့ပေးမယ်လို့ ကြေညာခဲ့ပါတယ်။
ပြီးတော့ကာ နွေရာသီကျောင်းပိတ်ရက်တွေမှာလဲ ကလေးတွေကို အလုပ်ခွင်ခေါ်လာနိုင်တယ်လို့ဆိုပါတယ်။ အဲဒီကုမ္ဗဏီဟာ အိမ်တွင်းမိသားစုဆိုင်ရာ မိုဘိုင်း APP လုပ်ငန်းကိုလုပ်တဲ့ ကုမ္ဗဏီဖြစ်ပါတယ်။ ခုလို အခွင့်အရေးတွေပေးခဲ့တာဟာ ၂၀၁၈ခုနှစ် သြဂုတ်လကတည်းကဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment