မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ဘိလပ်မြေစက်ရုံကန့်ကွက်နေသော အောင်သပြေကျေးရွာသားများကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းသောဖြစ်စဉ်ကို သတင်းရယူနေသည့် Channel Mandalay TV သတင်းထောက် နန္ဒ ဖမ်းဆီးခံထားရကြောင်း အဆိုပါ သတင်းဌာနက သတင်းထုတ်ပြန်သည်။ အောင်သပြေကျေးရွာတွင် ရဲတပ်ဖွဲ့က ပစ်ခတ်နေမှုများအား Live ရိုက်ကူးတင်ဆက်နေခြင်းကို သတင်းထောက်ကဒ်ထုတ်ပြသော်လည်း ကားပေါ်အတင်းဆွဲတင်ကာ ဖမ်းဆီးသွားကြောင်း၊သတင်းထောက်ဖုန်းကို ဆက်သွယ်သော်အခါတွင်လည်း ဆက်ပိတ်ထားသည့် အနေအထားဖြစ်နေကြောင်း ယင်းသတင်းဌာနက သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment