Pages

Thursday, May 16, 2019

လစ်ဗျားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီကနေ ကီလိုမီတာ ၄၀ အကွာမှာ မေလ ၁၅ ရက်က နိုင်ငံတကာ အသိအမှတ်ပြု အစိုးရတပ်တွေနဲ့ လစ်ဗျားအမျိုးသားတပ် (LNA) တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ကုလသမဂ္ဂထောက်ခံတဲ့ အစိုးရအပေါ် သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတွေဟာ ကျည်ကာယာဉ်တွေနဲ့ ရှေ့တန်းမှာရှိနေတဲ့ အဆောက်အဦ ခေါင်မိုးပေါ်တက်ပြီး အမြောက်တွေနဲ့ ပစ်ခတ်ကြပါတယ်။



တိုက်ခိုက်ရေးသမားတွေက မြို့တော်ကို လစ်ဗျားအမျိုးသားတပ်ရန်က ကာကွယ်နေပြီး အဲဒီ LNA တပ်မှူး ခါလီဖာဟက်ဖ်တာက လစ်ဗျားအစိုးရဟာ အကြမ်းဖက်သမားတွေ ချယ်လှယ်တာ ခံနေရတယ်ဆိုပြီး စွပ်စွဲထားပါတယ်။

တပ်မှူးဟက်ဖ်တာကို အီဂျစ်နဲ့ ယူအေအီးနိုင်ငံတွေက ထောက်ခံပြီး နိုင်ငံတကာ အသိအမှတ်ပြု လစ်ဗျားဝန်ကြီးချုပ်ကတော့ သူ့ကို စစ်အာဏာရှင်ဆိုပြီး ပြစ်တင်ရှုတ်ချပါတယ်။

လစ်ဗျားနိုင်ငံမှာ အာဏာရှင် ကဒါဖီ ပြုတ်ကျပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာကြောင့် လူပေါင်း ၄၄၀ ကျော် သေဆုံးပြီး ဒေသခံသောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

No comments:

Post a Comment