Pages

Sunday, May 12, 2019

ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကာကွယ်နိုင်သော ဆန်စပါးစီမံကိန်းသစ် စတင်မည်

ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ကာကွယ်နိုင်သော ဆန် စပါးစီမံကိန်းသစ်တစ်ခု စတင် မည်ဟု ကုလသမဂ္ဂ ရန်ကုန်ရုံးက မေလ ၁၀ ရက်တွင် သတင်းထုတ် ပြန်သည်။ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည် နယ်တစ်ဝန်းမှ အသေးစားတောင်သူ ၄,၀၀၀ ကို ရာသီဥတုပြောင်းလဲ မှုဒဏ်မှ ကာကွယ်စောင့်ရှောက် ရန် ရေရှည်တည်တံ့နိုင်သော ဆန်စပါးစီမံကိန်းသစ်ကို စတင် မိတ်ဆက်ဝေမျှမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အဆိုပါ စီမံကိန်းအရ နိုင်ငံ တကာစံနှုန်းများဖြစ်သော ကမ္ဘာ့ စိုက်ပျိုးရေး အလေ့အထကောင်း များနှင့် SRP အလေ့အကျင့် ကောင်းများကို လယ်သမားများ အား လေ့ကျင့်သင်ကြားနိုင်မည်ဖြစ်သည်။

လုပ်ကွက်ငယ် တောင်သူ လယ်သမားများကို တန်ဖိုးမြင့်ဈေးကွက်များနှင့် ချိတ်ဆက်နိုင်မည်ဟု PRIME Agri လုပ်ငန်းမန်နေဂျာ Mike Anderson က ပြောသည်။

ယင်းစီမံကိန်းသည် လယ် ယာကဏ္ဍတွင် ပါဝင်နေသည့် တောင်သူများကို ရေရှည်တည်တံ့ နိုင်သော စံနှုန်းများနှင့် ကျင့်စဉ် ကောင်းများ ပြောင်းလဲကျင့်သုံး ရန် ပံ့ပိုးပေးမည့် စီမံကိန်းဖြစ် သည်။

‘‘ဒီစံနှုန်းနဲ့ ကျင့်စဉ်တွေက ထုတ်လုပ်မှုမြင့်မားစေနိုင်တာကို သက်သေပြခဲ့ပြီးသားဖြစ်တယ်’’ ဟု Halvetas Myanmar ဌာနေ ညွှန်ကြားရေးမှူး Peter Schmidtက ပြောသည်။

အဆိုပါ ဆန်စပါးစီမံကိန်း သစ်ကို ဖွံ့ဖြိုးမှုပူးပေါင်းဆောင် ရွက်ရေး နော်ဝေး အေဂျင်စီနှင့် ဆွစ်အေဂျင်စီတို့က ငွေကြေးပံ့ပိုး ပြီး UN Environment အပါအ  ဝင် အဖွဲ့အစည်းလေးခု ပူးပေါင်းအကောင်အထည်ဖော်မည်ဖြစ် သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ် တွင် ရာသီဥတုပြောင်းလဲမှုဒဏ် ခံစားနိုင်ခြေမြင့်မားသော နိုင်ငံ များတွင် ပါဝင်နေသည်။ ရေရှည် တည်တံ့နိုင်သည့် ဆန်စပါးထုတ် လုပ်မှုကို မြှင့်တင်နိုင်မှသာလျှင် လယ်သမား မိသားစုများစွာ၏ စီးပွားရေးတိုးတက်အောင် ပြုလုပ်ပေးနိုင်မည်ဟု UN Environment ၏ အာရှနှင့် ပစိဖိတ်ဒေသ ညွှန် ကြားရေးမှူး Dechen Tsering က ပြောသည်။ အပူချိန်မြင့်တက်ခြင်း၊ မိုး ခေါင်ခြင်း၊ ရေကြီးခြင်းနှင့် အခြား အခက်အခဲများကဲ့သို့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အကျိုးဆက် များက မြန်မာနိုင်ငံ၏ ဆန်စပါး ထုတ်လုပ်မှုအတွက် စိန်ခေါ်မှုများ ကြုံတွေ့စေသည်ဟု ကုလသမဂ္ဂ ရန်ကုန်ရုံး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment