Pages

Sunday, May 12, 2019

ရပ်စောက်တွင် မီးကြွင်းမီးကျန်မှ တဆင့် ထရံသို့ ကူးစက်ကာ နေအိမ် မီးလောင်မှု ဖြစ်ပွား

Image may contain: nightရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက်၊ နယ်မြေ(၁)တွင် မေလ ၁၁ ရက်၊ နံနက် ၃ နာရီ ကျော်ခန့်က မီးကြွင်းမီးကျန်မှ တဆင့် နေအိမ်ထရံသို့ ကူးစက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက်၊ နယ်မြေ(၁)နေ ဦးဌေးအောင်၏ နေအိမ်၌ ထင်းမီးဖိုဖြင့် ရေနွေးအိုး တည်ပြီးနောက် မီးကြွင်း မီးကျန်မှ တဆင့် အနီးရှိ ၀ါးထရံသို့ ကူးစက်ကာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်ရာသို့ ရပ်စောက်မြို့နယ် မီးသတ်ဦးစီးမှူး ဦးခိုင်ဇော်ငြိမ်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ ဒေသခံ ပြည်သူများနှင့်အတူ မီးသတ်ယာဉ် ၃ စီးဖြင့် ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ၄၃၀၀၀ ကျပ် ဖြစ်ပြီး မီး ပေါ့ဆစွာ သုံးစွဲသူ အိမ်ရှင် ဦးဌေးအောင်အား ရပ်စောက် မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment