Pages

Wednesday, May 22, 2019

နီကာရာဂွါအစိုးရက နိုင်ငံရေးအကျဉ်းသား ၁၀၀ လွှတ်ပေးမည်ဟု ပြော

နီကာရာဂွါအစိုးရက နောက်ထပ်နိုင်ငံရေးအကျဉ်းသား အယောက် ၁၀၀ ကို လွှတ်ပေးသွားမယ်လို့ မေလ ၂၀ ရက်နေ့မှာ ပြောပါတယ်။ နိုင်ငံရေး ပဋိပက္ခတွေ အဆုံးသတ်ရေး ဆွေးနွေးပွဲရပ်ဆိုင်းပြီး အထွေထွေ သပိတ်မှောက်မယ်လို့ အတိုက်အခံတွေက ခြိမ်းခြောက်ပြီးတဲ့နောက် နီကာရာဂွါအစိုးရက အခုလို ကြေညာခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသား အယောက် ၁၀၀ ကို လွှတ်ပေးမယ့် အစီအစဉ်ဟာ ဇွန်လ ၁၈ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား အယောက် ၃၀၀ နီးပါးကို လွှတ်ပေးမယ့် စီမံကိန်းတစိတ်တပိုင်းလို့ အစိုးရက ပြောပါတယ်။



သမ္မတ ဒန်နီရယ် အိုတီဂါက လူမှုဖူလုံရေး အကျိုးအမြတ်တွေကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့တဲ့ ၂၀၁၈ ဧပြီလက ထိပ်တိုက်တွေ့ဆုံမှုတွေအတွင်း အစိုးရက ရာနဲ့ချီတဲ့လူတွေကို ဖမ်းဆီးခဲ့ပါတယ်။

သမ္မတ အိုတီဂါ ဦးဆောင်တဲ့ အစိုးရနဲ့ အတိုက်အခံအဖွဲ့ဟာ အကျဉ်းသား အယောက် ၃၀၀ လွှတ်ပေးဖို့ အခုနှစ် အစောပိုင်းက သဘောတူခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေဟာ သူ့ကို ရာထူးက ဖြုတ်ချဖို့ အတိုက်အခံတွေရဲ့ တရားမဝင် အကြံအစည်လို့ သမ္မတ အိုတီဂါက ပြောပါတယ်။

ဒါပေမယ့် အိုတီဂါ အစိုးရဟာ အတိုက်အခံတွေ နှိမ်နင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တာတွေ ရှိတယ်လို့ ဝေဖန်သူတွေက စွပ်စွဲထားပါတယ်။

နီကာရာဂွါနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်ခဲ့တဲ့ ၂၀၁၈ ကတည်းက လူပေါင်း ၃၀၀ ကျော်သေဆုံးပြီး နောက်ထပ် နိုင်ငံသား ၆ သောင်းလောက်ဟာလည်း ပြည်ပကို ထွက်ပြေးခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

No comments:

Post a Comment