Pages

Thursday, May 30, 2019

တိမ်ကောနေသော စမ်းချောင်းရှိ အောင်ချမ်းသာရေမြောင်းကို စတင်ဆယ်ပြီ

Image may contain: 1 person, outdoor and waterစမ်းချောင်းမြို့နယ် အတွင်းရှိ တိမ်ကောနေသည့် အောင် ချမ်းသာရေမြောင်းကို စတင်ဆယ်နေပြီ ဖြစ်ကြောင်းသိရသည်။ စမ်းချောင်းဂါးဒင်းမှ ရှင်စောပု လမ်းထိပ်အထိ အရှည် ပေ ၄၀ဝ၀ ရှိ အောင်ချမ်းသာ ရေမြောင်းတစ်လျှောက် ရှိ နုန်းပို့ချမှုများသည့် နေရာများကို မေ ၂၈ ရက်မှ စတင်ကာ ရွေးချယ်ဆယ်မည် ဖြစ်ပြီး ခန့်မှန်းအားဖြင့် တစ်လကျော် ကြာနိုင်ကြောင်း စမ်းချောင်းမြို့နယ်စည် ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးညီညီမြင့်မြတ်က ပြောသည်။


""ပေ ၁၆၀ဝ အရှည်ရှိတဲ့ ပင်မ မြေအောက်မြောင်းကြီးထဲက အမှိုက်တွေ ကိုလည်း ရှင်းလိုက်တယ်။ ခုဆိုရင် မြေ အောက်မြောင်းကြီး ရှင်းလင်းပြီးလို့ ရှော ရှောရှူရှူစီးနေပြီ။ အောင်ချမ်းသာ မြောင်းမှာ တိမ်ကောနေတာကို ဆယ်မှ ရမယ်။ အောင်ချမ်းသာမြောင်းကို လည်း ဆယ်လိုက်မယ်ဆိုရင် ရေကြီးရေ လျှံမှုကို လျှော့ချနိုင်မယ်လို့ ထင်တယ်"" ဟု ၄င်းကပြောသည်။

နှစ်စဉ် မိုးသည်းထန်စွာရွာလျှင် စမ်းချောင်းမြို့နယ်ရှိ သုခလမ်း၊ အောင် ချမ်းသာလမ်း၊ မင်းလမ်းမကြီး၊ ဆီဆုံလမ်း၊ စမ်းချောင်းလမ်းမကြီး၊ မင်္ဂလာလမ်းမ ကြီး၊ ဦးဖီးလမ်း၊ နန္ဒဝန်လမ်း၊ မြင့်မိုရ်လမ်း နှင့် ဦးသွယ်လမ်းတို့တွင် အနည်းဆုံး ဒူး ခေါင်းအထိ အများဆုံး ခါးအထိ ရေတက် လေ့ရှိကာ မိုးရွာပြီး နာရီဝက်အကြာမှ သာ ရေပြန်ကျလေ့ရှိကြောင်း သိရသည်။

ဗဟိုလမ်းပေါ်ရှိ အောင်ချမ်းသာ ရေမြောင်းအနီး နေထိုင်သူ ဒေါ်မြတ် မြတ်စိုးက]နှစ်တိုင်း မိုးနည်းနည်းလောက် ရွာတာနဲ့တက်တာ။ ဝါဆို၊ ဝါခေါင်ဆို ဒူးလောက်တက်တယ်။ ဟိုးအရင်က မတက်ဘူး။ နောက်ပိုင်းမှာ လူဦးရေက များလာပြီး အမှိုက်တွေကများ နုန်းတွေ ကလည်း များလာတယ်။ လူတွေကလည်း တိုက်တွေပေါ်ကနေ မြောင်းထဲကို အမှိုက် ထုပ်တွေ စည်းကမ်းမရှိ ပစ်ချကြတယ်။ အဲဒါတွေက ပိတ်ဆို့နေတယ်။ အခုအ မှိုက်တွေတော့ ဆယ်သလို အမြဲဆယ်ပေး နေမယ်ဆိုရင်တော့ ရေတက်တာ လျော့ ကျနိုင်မယ်ထင်တယ်""ဟု ပြောသည်။

ယင်းလမ်းများ ရေကြီးရေလျှံမှု လျော့နည်းစေရန် ယခုနွေတွင် ပင်မ မြေအောက်မြောင်းရှိ အမှိုက်များ ရှင်း လင်းခြင်း၊ မြောင်းသွယ်များ ရှင်းလင်းခြင်း တို့ကို ဆောင်ရွက်ထားကြောင်း စမ်း ချောင်းစည် ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောင်ချမ်းသာရေမြောင်းရှိ နုန်း များကို ဘက်ဟိုးများဖြင့် ဆယ်နေပြီး စတင် ဆယ်ခဲ့သည့် ပထမနေ့တွင် နုန်းတန် ၉၀ ကျော်ရရှိကြောင်း စမ်းချောင်းမြို့နယ် ရေစီးရေလာအဖွဲ့ တာဝန်ခံ ဦးအောင် ကိုမင်း ကပြောသည်။

စမ်းချောင်းမြို့နယ် ဗားကရာလမ်း နှင့် ဗဟိုလမ်းထောင့်မှ အောင်ချမ်းသာ ရေမြောင်းအထိ အရှည်ပေ ၁၆၀ဝ ရှိ ပင်မ မြေအောက်ရေမြောင်းအတွင်းရှိ အမှိုက်များကို မေ ၁၅ ရက်မှ မေ ၂၄ ရက်အထိ စည်ပင်ဝန်ထမ်းအင်အား ၃၀ ဖြင့် ရှင်းခဲ့ရာ အမှိုက်တန် ၁၂၀ဝ ထွက် ခဲ့ကြောင်းသိရသည်။
ပင်မရေမြောင်းအတွင်းရှိ အမှိုက် ထုမှာ လေးပေခန့်ရှိခဲ့ပြီး ဆယ်ယူရာတွင် ဝန်ထမ်းများအနေဖြင့် အသက်အန္တရာယ် နီးကပ်စွာ ဆယ်ခဲ့ရကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေ သခံများက အမှိုက်ဆယ်ယူရေး ဝန်ထမ်း များကို အစားအစာ၊ ရေသန့်နှင့် အချို ရည်တို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

No comments:

Post a Comment