Pages

Monday, May 6, 2019

ကမ်းခြေဥပဒေကို ပြည်ထောင်စုဝန်ကြီးဌာနမှ ရေးဆွဲထားခြင်းမရှိဟု စည်ပင်ဝန်ကြီးဆို

ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး ကိစ္စများအတွက် ကမ်းခြေဥပဒေကို ပြည်ထောင်စုဝန်ကြီးဌာနက ရေးဆွဲထားခြင်း မရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။ "ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးကိစ္စများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသန္တရ အမိန့်ထုတ်ပြီး စည်းကမ်း ထိန်းသိမ်းနေတဲ့အနေအထားရှိပါတယ်။ ကမ်းခြေဥပဒေဆိုတာတော့ ပြည်ထောင်စု ဟိုတယ် ခရီးသွား ဝန်ကြီး ဌာနက ရေးဆွဲပြီးတော့မှ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းရမယ့်ကိစ္စဖြစ်တယ်။
ပြည်ထောင်စု ဝန်ကြီးဌာန မှာ ရေးဆွဲထားခြင်းမရှိသေးတဲ့အတွက် ကျွန်တော်အနေနဲ့လည်း Beach law ကို တိုင်းဒေသကြီးအစိုးရက ရေးဆွဲခွင့်လည်းမရှိသလို အခြေခံဥပဒေက ခွင့်ပြုထားခြင်းမရှိပါဘူး ”ဟု စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ပြောသည်။

ပြီးခဲ့သည့် ဧပြီလတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ဧရာဝတီတိုင်းဒေသကြီး ခရီးစဉ်တွင် ပုသိမ်မြို့လူထုနှင့် တွေ့ဆုံရာ၌ ချောင်းသာကမ်းခြေတွင် နေထိုင်သူတစ်ဦးမှ ကမ်းခြေဥပဒေနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ဖူးသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ချောင်းသာ ၊ ငွေဆောင်၊ ရွှေသောက်ယံနှင့် ဂေါ်ရင်ဂျီကမ်းခြေများရှိပြီး ကမ်းခြေ အသစ်များ ရှိလာနိုင်ကြောင်း တိုင်းအစိုးရထံမှ သိရသည်။

No comments:

Post a Comment