Pages

Saturday, May 18, 2019

မန္တလေးမြို့တွင် နေအိမ်အတွင်း ဝင်ရောက်လုယက်မှုဖြစ်ပွား

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်တွင် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်က နေအိမ်အတွင်း ဝင်ရောက် လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်မှာ ဒေါ်ခင်သန်းမြင့် သည် နေအိမ်အိပ်ခန်းအတွင်း၌ ကုတင်ပေါ်တွင် မှောက်၍ ဖုန်းကြည့်နေစဉ် နေအိမ်အခန်း အတွင်းသို့ အမည်မသိအမျိုးသား (၁) ဦးဝင်ရောက်လာကာ ဒေါ်ခင်သန်းမြင့် အား သိုင်းဖက်ထားရှိကာ ပါးစပ်အားပိတ်၍ မအော် ရန်ပြောဆိုခဲ့သည်။



ထို့နောက် ဒေါ်ခင်သန်းမြင့်ကို ကြောက်ရွံ့စေရန် အရှည် (၄) လက်မခန့်ရှိ ချွန်ထက်သော အရာဝတ္ထုအားပြ၍ ၄င်းမှငွေကိုလိုချင် ကြောင်းပြောဆိုကာ ကုတင်ဘေးရှိ စားပွဲခုံအံဆွဲများအား ဆွဲဖွင့်ရှာဖွေရာ ငွေများမတွေ့ရှိသည့်အတွက် ဒေါ်ခင်သန်းမြင့် အား ဘာရှိလဲဟု မေးမြန်းခဲ့ကြောင်း သိရသည်။

ဒေါ်ခင်သန်းမြင့်အနေဖြင့်လည်း အသက်အန္တရာယ်တစ်စုံတရာပြုမည်စိုးရိမ်၍ နားကပ်ယူသွားဟုပြောရာ တန်ဘိုးငွေ (၁၇) သိန်းကျပ်တန် စိန်ခြယ် နားကျပ်(၁)ရံအား ချွတ်ပေး လိုက်သည်။

ထို့အပြင် ဧည့်ခန်းကုလားထိုင်တွင်တင်ထားသော အမျိုးသမီးလက်ကိုင်အိတ်အတွင်းမှ ငွေကျပ်(၁၀)သိန်းနီးပါးအားခိုးယူသွားခဲ့ကြောင်း မှုခင်းမှတ်တမ်းအရသိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မသိ အမျိုးသားအား စုံစမ်းဖော်ထုတ်အရေးယူရန်အတွက် အမှတ်(၁)နယ်မြေရဲစခန်းတွင် (ပ)၂၆၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ - ၃၈၂ ဖြင့်အမှုထားကြောင်း သိရသည်။

No comments:

Post a Comment